ဦးခင်မောင်မြင့် (စစ်ကိုင်း မဲဆန္ဒနယ်)

အမည်

ဦးခင်မောင်မြင့်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၃/မရတ(နိုင်) ၀၀၄၈၁၉

မွေးသက္ကရာဇ်/အသက်

၂၄-၅-၁၉၅၁/ (၅၉) နှစ်

မွေးဖွားရာဇာတိ

ရွှေကြွယ်ပုံကျေးရွာ၊ စစ်ကိုင်းမြို့နယ်

ပညာအရည်အချင်း

ဝိဇ္ဖာဘွဲ့(ပထဝီဝင်)၊ မဟာဝိဇ္ဇာဘွဲ့(ကာကွယ်ရေးပညာ)

လက်ရှိအလုပ်အကိုင်

ဝန်ကြီး၊ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးဘရင် (ကွယ်လွန်)၊ အငြိမ်းစားကျောင်းအုပ်ကြီး

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်လေးမိ (ကွယ်လွန်)၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ဝင်းဝင်းနု၊ ၁၂/မဂဒ(နိုင်) ၀၃၈၂၉၆၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မဆုသစ်သစ်ထွန်း၊ ၁၂/မဂဒ(နိုင်) ၀၈၂၅၀၀၊ မှီခို

(၂) ဗိုလ်လောင်းမြင့်မောင်မောင်၊ စစ်မှုထမ်း၊ ၁/မကတ(နိုင်) ၀၈၆၆၁၁

အမြဲတမ်းနေရပ်လိပ်စာ

အိမ်အမှတ်(၆/၇)၊ နန်းဦးမြို့သစ်ရပ်၊ တောင်ရိုးလမ်း၊ စစ်ကိုင်းမြို့။

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရသည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ စစ်ကိုင်းမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

  ငယ်စဉ်က အခြေခံပညာကို စစ်ကိုင်းမြို့၊ အ.မ.က နှင့် အ.ထ.က (၂) ရိုင်တန်းတွင် သင်ယူခဲ့သည်။ မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည်။ B.A (Geo) ဘွဲ့နှင့် M.A (Defence) ဘွဲ့ ရရှိခဲ့သည်။

  ဗိုလ်လောင်သင်တန်းသို့ တက်ရောက်ခဲ့ပြီး တပ်မတော်(ကြည်း) တွင် ပြန်တမ်းဝင်အရာရှိအဖြစ်လည်းကောင်း၊ ခလရ(၃၅) တွင် တပ်စုမှူး၊ ထောက်လှမ်းရေးအရာရှိအဖြစ်လည်းကောင်း၊ ထလတ (၁၀) တွင် တပ်ခွဲမှူးအဖြစ်လည်းကောင်း၊ ခလရ (၈၉) တွင် ဒု-တပ်ခွဲမှူး၊ တပ်ခွဲမှူး၊ တပ်ရေးဗိုလ်ကြီးအဖြစ်လည်းကောင်း၊ ခမရ(၂၀၉) တွင် တပ်ခွဲမှူးအဖြစ်လည်းကောင်း၊ ခလရ(၆၇) တွင် စစ်ကြောင်းမှူးအဖြစ်လည်းကောင်း၊ ရပခတွင် ဒု-စစ်ဦးစီးမှူးအဖြစ်လည်းကောင်း၊ ခမရ (၁၈) တွင် ဒု-တပ်ရင်းမှူးအဖြစ်လည်းကောင်း၊ ခမရ (၂၂၀) တွင် တပ်ရင်းမှူးအဖြစ်လည်းကောင်း၊ လောက်ကိုင်ခရိုင်၊ လောက်ကိုင်မြို့ရှိ စည်းရုံးရေးနှင့် အုပ်ချုပ်ရေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ စကခ (၈) တွင် နည်းဗျူဟာမှူးအဖြစ်လည်းကောင်း၊ စကခ(၃) တွင် ကွပ်ကဲရေးမှူးအဖြစ်လည်းကောင်း၊ ရပခတွင် တိုင်းမှူးအဖြစ်လည်းကောင်း၊ နပခတွင် တိုင်းမှူးအဖြစ်လည်းကောင်း တာဝန်များကို ထမ်းဆောင်ခဲ့သည်။ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် ဝန်ကြီးအဖြစ်လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ဝန်ကြီးအဖြစ်လည်းကောင်း၊ တပ်မတော်မှ အငြိမ်းစားယူခဲ့ပြီး ယနေ့အချိန်ထိ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ဝန်ကြီးအဖြစ် တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။

  နိုင်ငံတော်မှ ချီးမြှင့်သော စစ်မှုထမ်းဟောင်းတံဆိပ်၊ နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊ နိုင်ငံတော်အေးချမ်းသာယာရေးတံ ဆိပ်၊ မိုင်းယန်း/မဲသဝေါတိုက်ပွဲတံဆိပ်၊ ရန်ငြိမ်းအေးတံဆိပ်၊ တပ်မတော်ဂုဏ်ထူးဆောင် အမှုထမ်းတံဆိပ်၊ တပ်မတော်ဂုဏ်ထူးဆောင် အမှုထမ်းတံဆိပ်(တတိယအဆင့်)၊ စစ်မှုထမ်းသက်တံဆိပ်၊ နိုင်ငံ့အကျိုးဆောင်တံဆိပ်၊ စစ်ပွဲတံဆိပ်၊ နိုင်ငံတော်ကာကွယ်ရးတက္ကသိုလ် သင်တန်းတံဆိပ်၊ စစ်ဦးစီးတက္ကသိုလ်သင်တန်းတံဆိပ်၊ ခြေလျှင်တပ်ခွဲမှူးသင်တန်းတံဆိပ်နှင့် ဦးစီးကွပ်ကဲမှုတံဆိပ်များ ရရှိခဲ့သည်။