ဦးကျန်တဲဝင် ( ကုန်းကြမ်း မဲဆန္ဒနယ်)

အမည်

ဦးကျန်တဲဝင်

အခြားအမည်

ဦးကျန်တဲဝမ်

လူမျိုး/ဘာသာ

ကိုးကန့် / ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၃/ခရဟ(နိုင်)ဝဝဝဝ၆၆

မွေးသက္ကရာဇ်/အသက်

၈.၃.၁၉၄၄ / (၆၆)နှစ်

မွေးဖွားရာဇာတိ

တာတုံကျေးရွာ၊ လောက်ကိုင်မြို့နယ်

ပညာအရည်အချင်း

မြန်မာစာ (၃)တန်း၊ ကိုးကန့်စာ (၁၀)တန်း

လက်ရှိအလုပ်အကိုင်

ကျင်းကော်ကုမ္ပဏီ၊ ကော်အမ်းကုမ္ပဏီ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးကျန်တင်ရီ၊ မှတ်ပုံတင်မရှိ၊ ကုန်သည်

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ကျန်ရှောက်တိ၊ မှတ်ပုံတင်မရှိ၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ဖူယုံဖန်း၊ မှတ်ပုံတင်မရှိ၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မလီလီ၊ ၁၂/စခန (နိုင်) ၀၁၆၂၉၉၊ မှီခို

(၂) မခင်ပပအောင်၊ ၁၃/လရန (နိုင်) ၁၃၁၈၈၁၊ မှီခို

အမြဲတမ်းနေရပ်လိပ်စာ

ရပ်ကွက် (၁)၊ လောက်ကိုင်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကုန်းကြမ်းမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

လားရှိုးမြို့ ကျုံးဟွာ(တရုတ်ကျောင်း)၊ လောက်ကိုင်မြို့ တာရွှေထန်ကျေးရွာ ကိုးကန့်အထက်တန်း ကျောင်းတို့၌ ပညာသင်ကြားခဲ့သည်။

၁၉၆၈ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)တွင် ဒု-ခွဲမှူး၊ တပ်ခွဲမှူး၊ ဒု-တပ်ရင်းမှူး တာဝန်များထမ်းဆောင်ခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၌ ဘဏ္ဍာ ရေးမှူးတာဝန်ကို လည်းကောင်း၊ ၁၉၇၅ ခုနှစ်မှ ၁၉၈၉ခုနှစ်အတွင်း ဗမာပြည်ကွန်မြူနစ်ပါတီဗဟို ပန်ဆန်း၌လည်း ဘဏ္ဍာ ရေးမှူးတာဝန်ကို လည်းကောင်း ထမ်းဆောင်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ကိုးကန့်အထူးဒေသ(၁) ဒု-ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုအခါ ကိုးကန့်ယာယီဦးစီးကော်မတီတွင် ကော်မတီဝင်နှင့် ဆက်ဆံရေးမှူးအဖြစ် ဆောင်ရွက်လျက်ရှိသည်။