ဒေါက်တာချမ်းငြိမ်း( ကန့်ဘလူ မဲဆန္ဒနယ်)

အမည်

ဒေါက်တာချမ်းငြိမ်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/အစန(နိုင်) ၁၀၇၆၇၀

မွေးသက္ကရာဇ်/အသက်

၁၅-၁၂-၁၉၄၄/(၆၆)နှစ်

မွေးဖွားရာဇာတိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ နတ်ပေးကျေးရွာ

ပညာအရည်အချင်း

Ph.D, M.Sc, D.I.C., B.E.(Mechanical)

လက်ရှိအလုပ်အကိုင်

ဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးတင်မောင်၊ မြို့နယ်ဦးစီး (ငြိမ်း) အလုပ်သမားဝန်ကြီးဌာန၊ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်အိုဇာ၊ မူလတန်းကျောင်းအုပ်ဆရာမကြီး (ငြိမ်း(ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါက်တာစန္ဒာအောင်၊ ၉/မရမ(နိုင်) ၀၄၉၆၅၂၊

ဒုတိယပါမောက္ခ၊ ရန်ကုန်နည်းပညာတက္ကသိုလ်

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်ထူးထက်ချမ်းငြိမ်း၊ ၁၂/ဒဂန(နိုင်)၀၃၃၇၂၈၊ ကျောင်းသား

(၂) မသက်ထက်ချမ်းငြိမ်း၊ ၁၂/ ကမရ(နိုင်)၀၆၄၁၂၂၊ ကျောင်းသူ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်-၁၀၈၃၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်၊

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကန့်ဘလူမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

  ငယ်စဥ်က အခြေခံပညာကို မန္တလေးမြို့ အ-ထ-က(၁)တွင်သင်ယူခဲ့သည်။ မန္တလေးတက္ကသိုလ်၌ ဥပစာတန်း(က) နှင့်(ခ)၊ ရန်ကုန်စက်မှုတက္ကသိုလ်၌ စက်မှုအင်ဂျင်နီယာဘွဲ့သင်တန်း ၊ လန်ဒန်ဘုရင့်ကောလိပ် (London Imperial College) တွင် အင်ဂျင်နီယာမဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်း၊ မက်ဆာချူးဆက် စက်မှုတက္ကသိုလ် (Nassachusetts Institute of Technology, Boston, U.S.A) တွင် အင်ဂျင်နီယာပါရဂူ ဘွဲ့လွန်သင်တန်းတို့ တက်ရောက်ပညာသင်ကြားခဲ့သည်။ Ph.D , M.Sc., D.I.C., B.E.(Mechanical) ဘွဲ့ ရရှိခဲ့သည်။

  ထို့ပြင် ရန်ကုန်စက်မှုတက္ကသိုလ် စက်မှုအင်ဂျင်နီယာဌာနတွင် သင်တန်းနည်းပြ၊ လက်ထောက် ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခမှ ပါမောက္ခအထိလည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ်လည်းကောင်း၊ သိပ္ပံနှင့်နည်းညာဝန်ကြီးဌာန စက်မှုနည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်အဖြစ်လည်းကောင်း၊ သိပ္ပံ  နှင့်နည်းပညာဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ် လည်းကောင်းဆောင်ရွက်ခဲ့သည်။ ပညာရေးဝန်ကြီးဌာနတွင် ဝန်ကြီးအဖြစ် လုပ်ငန်းများလုပ်ကိုင်လျက်ရှိသည်။

  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် ဗဟိုအလုပ်အမှုဆောင်အဖြစ် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ကန့်ဘလူမြို့နယ် အေးမြစိုးဖောင်ဒေးရှင်းတွင် ဥက္ကဋ္ဌအဖြစ် လုပ်ငန်းများဆောင်ရွက်ခဲ့သည်။

  နိုင်ငံတော်မှချီးမြှင့်သော ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ်၊ ပြည်သူ့ဝန်ထမ်းတံဆိပ်၊ နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်၊ စက်မှုစီးပွားထူးချွန်တံဆိပ်(ပထမဆင့်)နှင့် အာဆီယံ အင်ဂျင်နီယာအသင်းများအဖွဲ့ချုပ် ဂုဏ်ထူးဆောင်ဘွဲ့ ဆုတံဆိပ်များရရှိခဲ့သည်။