ဗိုလ်မှူး သော်ဇင်(တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

အဆင့်၊ အမည်

ဗိုလ်မှူး သော်ဇင်

အခြားအမည်

သူရအောင်

ပြန်တမ်းဝင်အမှတ်

ကြည်း ၃၂၃၇၃

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၈/ပခက(နိုင်) ၀၀၀၄၃၉

မွေးသက္ကရာဇ်/အသက်

၁၅-၁၀-၁၉၇၆/(၃၅)နှစ်

မွေးဖွားရာဇာတိ

ပခုက္ကူမြို့၊ မကွေးတိုင်း

ပညာအရည်အချင်း

အင်ဂျင်နီယာဘွဲ့(လျှပ်စစ်စွမ်းအား)မဟာအင်ဂျင်နီယာဘွဲ့(မဟာလျှပ်စစ်စွမ်းအား)

ရန်ကုန်စက်မှုတက္ကသိုလ်

လက်ရှိအလုပ်အကိုင်

ဗိုလ်မှူး၊ အမှတ် (၂) အဆင့်မြင့်ဆက်သွယ်မှုတပ်ရင်း

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးခင်အောင် (ခ) ဦးကောက်၊ ၈/ပခက(နိုင်) ၀၁၅၀၇၃၊ မှီခို

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သန်းအေး(ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်အေးအေးအောင်၊ ၃/လဘန(နိုင်) ၀၀၁၇၃၁ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မောင်အောင်ဗညာဦး၊ မှီခို

အမြဲတမ်းနေရပ်လိပ်စာ

စိန်ပန်း(၂)၊ တိုက်(၃၅/ခ)၊ ကာကွယ်ရေးဝန်ကြီးဌာန နေပြည်တော်။ ၀၃၆၅၀၅၇၉

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်( ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို ၀၉၈၂ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ ပခုက္ကူမြို့ရှိ အ-လ-က (၃) နှင့် အ-ထ-က (၁) တို့တွင် သင်ကြားခဲ့သည်။၁၉၉၅ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ် အထိ တပ်မတော် နည်းပညာတက္ကသိုလ် သို့ တက်ရောက်ခဲ့ပြီး အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့သည်။ ၂၀၀၃ခုနစ် တွင် ရန်ကုန်စက်မှုတက္ကသိုလ်မှ မဟာအင်ဂျင်နီယာဘွဲ့(လျှပ်စစ်စွမ်းအား) ကို ရရှိခဲ့သည်။

ဆသရ(၁၁) မန္တလေးမြို့တွင် တပ်စုမှူးတာဝန်၊ တနတ ပြင်ဦးလွင်မြို့တွင် နည်းပြတာဝန်၊ အဆရ(၂) နေပြည်တော်တွင် တပ်စုမှူး တာဝန်နှင့် အဆရ(၂) နေပြည်တော်တွင် တပ်ခွဲမှူးတာဝန်တို့ကို ထမ်းဆောင်ခဲ့သည်။

၂၀၀၄ ခုနှစ် “Myanmar ICT Development plan” ရေးဆွဲရေးအဖွဲ့တွင် e-Government Section ၌ Assitant Expert တာဝန်ထမ်းဆောင်ခဲ့သည်။နိုင်ငံတော်မှ ချီးမြှင့်သော နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့တိုက်ပွဲတံဆိပ်နှင့်နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်တို့ကို ရရှိခဲ့သည်။