|
အမည် |
ဦးသန်းထွန်း |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၅/ရဘန(နိုင်)၁၀၅၀၅၅ |
|
မွေးသက္ကရာဇ်/အသက် |
၂၀-၁၁-၁၉၅၉/(၅၁)နှစ် |
|
မွေးဖွားရာဇာတိ |
ထူးကြီး (တောင်)ရွာ၊ ရွှေဘိုမြို့နယ် |
|
ပညာအရည်အချင်း |
L.L.B, A.G.T.I(MT), MPA |
|
လက်ရှိအလုပ်အကိုင် |
တိုင်းဒေသကြီးပါတီကော်မတီဝင် တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးအောင်ငြိမ်း (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ချစ်တုတ်၊ ၅/ရဘန(နိုင်)၁၀၅၀၄၃၊ တောင်သူ |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ကျင်စန်းဝေ၊ ၉/နထက(နိုင်)၀၀၀၂၈၆၊ ချည်ထည်ဖြန့်ချီရေးလုပ်ငန်း |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
- မရှိပါ |
|
အမြဲတမ်းနေရပ်လိပ်စာ |
၀၁/၁၃၉၊ ဇောတိက (၄)လမ်း၊ ရန်ကင်းရပ်၊ မုံရွာမြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒီပဲယင်းမြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဥ်က အခြေခံပညာကို ရွှေဘိုမြို့နယ် တည်ပင်ကျေးရွာ အ-မ-က၊ ဆိပ်ခွန်ကျေးရွာ အ-လ-ကနှင့် ဆိပ်ခွန်ကျေးရွာ(တွဲဖက်) အ-ထ-ကတွင် သင်ယူခဲ့သည်။ ရန်ကုန်တက္ကသိုလ် စာပေးစာယူသင်တန်း၊ မန္တလေးမြို့ အစိုးရစက်မှုလက်မှုသိပ္ပံနှင့် မုံရွာမြို့ စီးပွားရေးတက္ကသိုလ်တွင် တက်ရောက်သင်ကြားခဲ့သည်။ L.L.B, A.G.T.I (MT),MPA ဘွဲ့များရရှိခဲ့သည်။ ရွှေဘိုမြို့နယ် ထူးကြီးကျေးရွာတွင် တောင်သူအဖြစ်လည်းကောင်း၊ ရွှေဘိုမြို့နယ် တည်ပင်ကျေးရွာအုပ်စု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းတွင် စည်းရုံးရေးမှူးအဖြစ်လည်းကောင်း၊ ရွှေဘိုခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းတွင် အလုပ်အမှုဆောင်အဖြစ်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းတွင် အလုပ်အမှုဆောင်အဖြစ်လည်းကောင်း လုပ်ကိုင် ခဲ့သည်။ ကျေးရွာလူမှုရေးအဖွဲ့ခေါင်းဆောင် (ကာလသားခေါင်းဆောင်)အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ |
