|
အမည် |
ဦးခင်မောင်ဦး |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၅/မရန(နိုင်)၀၅၈၀၉၃ |
|
မွေးသက္ကရာဇ်/အသက် |
၂၂-၁-၁၉၄၅ |
|
မွေးဖွားရာဇာတိ |
တင်းတိမ်ယံကျေးရွာ၊ ရေးဦးမြို့နယ် |
|
ပညာအရည်အချင်း |
B.E (Chemical) |
|
လက်ရှိအလုပ်အကိုင် |
ဆန်စက်လုပ်ငန်းရှင် |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးမြင့်၊ မူလတန်းပြ ကျောင်းဆရာ (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ခင်ကြည်၊ မူလတန်းပြကျောင်းအုပ် (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ခင်အောင်၊ ၅/မရန(နိုင်)၀၅၈၁၁၉၊ ကုန်သည်(ဆန်ပွဲရုံ) |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မောင်အောင်ဇော်ဦး၊ ၅/မရန(နိုင်)၀၀၀၃၃၄၊ ဆန်စက်လုပ်ငန်း (၂) မသီသီအောင်၊ ၅/မရန(နိုင်)၀၀၂၄၈၅၊ ဆန်စက်လုပ်ငန်း (၃) မောင်အောင်ဝဏ္ဏ၊ ၅/မရန(နိုင်)၀၀၂၄၈၆၊ ဆန်စက်လုပ်ငန်း (၄) မောင်အောင်နန္ဒ၊ ၅/မရန(နိုင်)၀၀၈၆၁၀၊ဆန်စက်လုပ်ငန်း |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ် (၃)၊ ညောင်တပင်လမ်း၊ အေးသာယာရပ်ကွက်၊ မုံရွာမြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မုံရွာ (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဥ်က အခြေခံပညာကို ရေဦးမြို့နယ် တင်းတိမ်ယံကျေးရွာတွင်လည်းကောင်း၊ မုံရွာမြို့ အမှတ်(၁) အ-ထ-ကတွင်လည်းကောင်း သင်ယူခဲ့သည်။ ရန်ကုန်စက်မှုတက္ကသိုလ်တွင် တက်ရောက်သင်ကြားခဲ့ပြီး B.E (Chemical)ဘွဲ့ ရရှိခဲ့သည်။ ကျွန်းချောင်းမြို့နယ် ဓာတ်မြေသြဇာစက်ရုံတွင် အင်ဂျင်နီယာအဖြစ်လည်းကောင်း၊ မုံရွာမြို့တွင် ဆန်ပွဲရုံလုပ်ငန်းနှင့် ဆန်စက်လုပ်ငန်းရှင်အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။ တိုင်းကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်အသင်းတွင် အဖွဲ့ဝင်နှင့် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ တိုင်းဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် စစ်ကိုင်းတိုင်း ဆန်စက်လုပ်ငန်းရှင် အသင်းတွင် ဒု-ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် ဗဟိုကော်မတီဝင်အဖြစ်လည်းကောင်း၊ အမျိုးသားညီလာခံကိုယ်စားလှယ် (တိုင်းရင်းသားကိုယ်စားလှယ်အမျိုးအစား) တွင် စစ်ကိုင်းတိုင်းကိုယ်စားပြုအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်နှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ပေးချက်အရ ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ (J/CA)တွင် သင်ကြားပို့ချသော အာရှဒေသစုပေါင်းအုပ်ချုပ်ရေး ဘာသာရပ်ကို သွားရောက်သင်ယူ အောင်မြင်ခဲ့သည်။ |
