ဦးသန်းနွယ်(ဘုတလင် မဲဆန္ဒနယ်)

အမည်

ဦးသန်းနွယ်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၃/တကန(နိုင်)၀၀၈၉၅၈

မွေးသက္ကရာဇ်/အသက်

၁၁-၁၁-၁၉၄၉/(၆၁)နှစ်

မွေးဖွားရာဇာတိ

ဆုံကုန်းရွာ၊ ဘုတလင်မြို့နယ်

ပညာအရည်အချင်း

B.Sc (Zoology) M.Sc (Fisheries Resources)

လက်ရှိအလုပ်အကိုင်

ဒုတိယပါမောက္ခချုပ် (ငြိမ်း)၊ ရတနာပုံတက္ကသိုလ်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးကျော်ငြိမ်း၊ တောင်သူ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ဌေး၊ ၅/ဘတလ(နိုင်)၀၀၉၁၆၂၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သန်းညွန့်၊ ၁၃/တကန(နိုင်)၀၀၈၉၅၉၊

ဌာနခွဲစာရေးကြီး (ငြိမ်း)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မောင်ကျော်ထွန်းသန်း၊ ၁၃/တကန(နိုင်)၂၄၉၀၇၁၊

ကြော်ငြာတံဆိပ်ရိုက်လုပ်ငန်း

အမြဲတမ်းနေရပ်လိပ်စာ

F-65၊ ၅၇ လမ်း၊ ကန်သာယာရပ်ကွက် ချမ်းမြေ့သာစည်မြို့နယ်၊ မန္တလေးမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဘုတလင်မြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

    ငယ်စဥ်ကအခြေခံပညာကို ဘုတလင်မြို့နယ် ဆုံကုန်းရွာ၊ ယုံလှေးကုန်းကျေးရွာနှင့် ဘုတလင်မြို့နယ် အ-ထ-က၊ မုံရွာမြို့အမှတ် (၁) အ-ထ-ကတို့တွင် သင်ယူခဲ့သည်။ မြစ်ကြီးနားကောလိပ်၊ မန္တလေးတက္ကသိုလ်နှင့် ဂျပန်နိုင်ငံ ကာဂိုရှီးမားမြို့၊ ကာဂိုရှီးမား တက္ကသိုလ်တို့တွင် တက်ရောက်သင်ကြားခဲ့သည်။ B.Sc(Zoology), M.Sc (Fisheries Resources) ဘွဲ့ရရှိခဲ့သည်။

 တောင်ကြီးကောလိပ်နှင့် မန္တလေးတက္ကသိုလ်တွင် သရုပ်ပြအဖြစ်လည်းကောင်း၊ တောင်ကြီးတက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တွင် လက်ထောက်ကထိကမှ ကထိကအဖြစ်လည်းကောင်း၊ တောင်ကြီးတက္ကသိုလ်တွင် တွဲဖက်ပါမောက္ခအဖြစ်လည်းကောင်း၊ မုံရွာတက္ကသိုလ်တွင် ပါမောက္ခအဖြစ်လည်းကောင်း၊ ရတနာပုံတက္ကသိုလ်တွင် ဒုတိယပါမောက္ခချုပ်မှ တာဝန်ခံ ပါမောက္ခအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။

 ရတနာပုံတက္ကသိုလ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးလှုပ်ရှားမှုများ ဆောင်ရွက်ရာ၌ ဦးဆောင် အကောင်အထည်ဖော်ခြင်း၊ နာဂစ်မုန်တိုင်းဒဏ်ခံရသော ပြည်သူများကို ရန်ပုံငွေကောက်ခံ၍ လှူဒါန်းပေးခြင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် မြို့နယ်ကော်မတီဝင်အဖြစ် လုပ်ငန်းများဆောင်ရွက်ခြင်းတို့ လုပ်ကိုင်ခဲ့သည်။

     နိုင်ငံတော်မှချီးမြှင့်သော စီမံထူးချွန် (ဒုတိယဆင့်) ကို ရရှိခဲ့သည်။

    သြစတြေးလျနိုင်ငံ အမျိုးသားတက္ကသိုလ်သို့ (၁၀)ရက်ကြာ သွားရောက်လေ့လာခြင်း၊ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့၊ ကျိုတိုနှင့်တိုကျိုမြို့များရှိ တက္ကသိုလ် (၃)ခုကို သွားရောက်လေ့လာခြင်းတို့ ပြုလုပ်ခဲ့သည်။