|
အမည် |
ဦးကျန်ထွန်း |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၅/ကနန(နိုင်)၀၂၀၄၆၈ |
|
မွေးသက္ကရာဇ်/အသက် |
၁-၂-၁၉၅၃/(၅၈)နှစ် |
|
မွေးဖွားရာဇာတိ |
ကင်းရွာ၊ ကနီမြို့နယ် |
|
ပညာအရည်အချင်း |
B.A (Hist:) |
|
လက်ရှိအလုပ်အကိုင် |
ဦးစီးအရာရှိ (ငြိမ်း)၊ သမဝါယမဦးစီးဌာန |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးဘအေး (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်မြတင် (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ခင်ဌေး၊ ၅/ကနန(နိုင်)၀၂၀၄၁၆၊ စျေးသည် |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မခင်မေအေး၊ ၅/ကနန(နိုင်)၀၁၉၁၁၈၊ မှီခို (၂) မခင်မေလဲ့၊ ၅/ကနန(နိုင်)၀၁၉၁၁၉၊ မှီခို (၃) မောင်ကျော်စွာထွန်း၊ ၅/ကနန(နိုင်)၀၂၀၂၂၆၊ ဆည်မြောင်းဝန်ထမ်း (၄) မောင်သူရထွန်း၊ ၅/ကနန(နိုင်)၀၃၄၀၆၈၊ ဆည်မြောင်းဝန်ထမ်း (၅) မခင်မို့မို့ထွန်း၊ ၅/ကနန(နိုင်)၀၅၄၈၁၁၊ ကျောင်းသူ |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ် (၂)၊ ရပ်ကွက်၊ ကနီမြို့နယ် |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကနီမြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဥ်ကအခြေခံပညာကို ကနီမြို့ ကင်းရွာနှင့် ကလေးမြို့တို့တွင် သင်ယူခဲ့သည်။ မန္တလေးတက္ကသိုလ် (စာပေးစာယူသင်တန်း )ကို တက်ရောက်ခဲ့ပြီး B.A (Hist;)ဘွဲ့ရရှိခဲ့သည်။ ကနီမြို့နယ် သမဝါယမဦးစီးဌာနတွင် အငယ်တန်းစာရေးအဖြစ်လည်းကောင်း၊ ခန္တီးမြို့နယ် သမဝါယမဦးစီးဌာနတွင် အကြီးတန်းစာရေးအဖြစ်လည်းကောင်း၊ ကနီမြို့နယ်သမဝါယမဦးစီးဌာနတွင် ဌာနခွဲစာရေးအဖြစ်လည်းကောင်း၊ ကသာမြို့နှင့် ကနီမြို့ရှိ မြို့နယ်သမဝါယမဦးစီးဌာနတို့တွင် ဦးစီးမှူးအဖြစ်လည်းကောင်း၊ မုံရွာမြို့ နှင့်ညောင်လေးပင်မြို့ရှိ မြို့နယ်နှင့် တိုင်းသမဝါယမဦးစီးဌာနတွင် ဦးစီးအရာရှိအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။ အတွင်းရေးမှူးအဖြစ် ကနီမြို့နယ်ရပ်ကွက် (၂) ပြည်သူ့ကောင်စီတွင်လည်းကောင်း၊ မြို့နယ်လမ်းစဥ် လူငယ်စည်းရုံးရေးကော်မတီဝင်အဖြစ် ကနီမြို့တွင်လည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းတွင် အလုပ်အမှုဆောင်၊ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးတံဆိပ်၊ ပြည်သူ့ဝန်ထမ်းတံဆိပ်နှင့် ပြည်သူ့ဝန်ထမ်း ကောင်းတံဆိပ်များ ပေးအပ်ချီးမြှင့်ခံရသည်။ ကနီမြို့နယ် ပြည်သူ့ဆေးရုံကြီးကြပ်မှုကော်မတီတွင် ကော်မတီဝင်အဖြစ်လည်းကောင်း၊ မြို့နယ်မီးဘေး ကြိုတင်ကာကွယ်တားဆီးရေး ကြီးကြပ်မှုကော်မတီဝင်အဖြစ်လည်းကောင်း၊ ကနီမြို့ရှိ မြို့နယ်ဆေးပဒေသာပင် တိုးပွားရေးကော်မတီတွင် ကော်မတီဝင်အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။ |
