ဦးကျော်ဆန်း (ပုလဲ မဲဆန္ဒနယ်)

အမည်

ဦးကျော်ဆန်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၃/ဖပန(နိုင်) ၀၀၀၉၀၆

မွေးသက္ကရာဇ်/အသက်

၂၀-၅-၁၉၄၈/ (၆၂) နှစ်

မွေးဖွားရာဇာတိ

မင်းတိုင်ပင်ရွာ၊ ပုလဲမြို့နယ်

ပညာအရည်အချင်း

B.Sc(D.S.A) , Diploma in Defence and Securty (NDC)

လက်ရှိအလုပ်အကိုင်

ဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးစိုးပြိုင် (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မြမေ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ကြည်ကြည်ဝင်း၊ ၁၂/ရကန(နိုင်) ၀၂၀၄၃၅၊ မှီခို၊ အငြိမ်းစား၊ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) ဒေါက်တာထားကြည်ဆန်း၊ ၁၃/ရစန(နိုင်) ၀၀၀၀၅၁၊ ကထိက၊ ဆေးတက္ကသိုလ်(၁)

(၂) မသင်းကြည်ဆန်း၊ ၁၃/လလန(နိုင်) ၀၄၃၃၅၀၊ ဒန်အိုးစက်လုပ်ငန်း

(၃) မောင်သီဟအောင်၊ ၁၃/လလန(နိုင်)၀၄၉၇၂၈၊ M.D၊ ရွှေမဟာကုမ္ပဏီ

အမြဲတမ်းနေရပ်လိပ်စာ

အကွက်အမှတ်(၁၀၇၈)၊ ပုဗ္ဗသီရိမြို့၊ နေပြည်တော်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရသည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပုလဲမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

  ငယ်စဉ်က မူလတန်းနှင့် အလယ်တန်းကို မင်းတိုင်ပင်ရွာနှင့် ပုလဲမြို့နယ်တွင်လည်းကောင်း၊ အထက်တန်းကို ရန်ကုန်မြို့နှင့် မုံရွာမြို့တို့တွင်လည်းကောင်း သင်ယူခဲ့သည်။ စစ်တက္ကသိုလ်၌ တက်ရောက်ခဲ့ပြီး B.Sc(D.S.A), Diploma in Defence and Security (NDC) ဘွဲ့ ရရှိခဲ့သည်။

  တပ်မတော်အရာရှိ ဒုတိယဗိုလ်အဆင့်မှ ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ဒုတိယဗိုလ်၊ ဗိုလ်၊ ဗိုလ်ကြီးအဆင့်ဖြင့် တနိုင်းမြို့၊ ပုပ္ပါးမြို့၊ မြန်အောင်မြို့၊ ဗထူးမြို့နှင့် မိကျောင်းရဲမြို့တို့တွင်လည်းကောင်း၊ မအူပင်မြို့နှင့် ဗထူးမြို့တို့တွင် ဗိုလ်မှူးအဆင့်ဖြင့်လည်းကောင်း၊ ဖာပွန်မြို့တွင် ဒုတိယတပ်ရင်းမှူးအဖြစ်လည်းကောင်း၊ လွိုင်လင်မြို့တွင် ဒုတိယဗိုလ်မှူးကြီး၊ တပ်ရင်းမှူးအဖြစ်လည်းကောင်း၊ ပြည်မြို့တွင် စစ်ဦးစီးမှူး(ပထမတန်း) (ဦး၊ ရေး၊ ထောက်) အဖြစ်လည်းကောင်း၊ ဖာပွန်မြို့တွင် ဗိုလ်မှူးကြီး၊ စစ်ဗျူဟာမှူးအဖြစ်လည်းကောင်း၊ ထားဝယ်မြို့တွင် ဒု-စကခမှူးအဖြစ်လည်းကောင်း၊ ကလေးမြို့တွင် စကခမှူးအဖြစ်လည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။

 နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊ ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်၊ နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်၊ မိုင်းယန်း-မဲသဝေါတိုက်ပွဲတံဆိပ်၊ တပ်မတော်ဂုဏ်ထူးဆောင် အမှုထမ်းတံဆိပ်၊ စစ်မှုထမ်းသက်(၂၀) နှစ် စစ်မှုထမ်းကောင်းတံဆိပ်၊ တပ်မတော်ရွှေရတုနှစ်တံဆိပ်၊ ရန်ငြိမ်းအေးတံဆိပ်၊ ခြေလျှင်တပ်ခွဲမှူးသင်တန်းတံဆိပ်၊ စစ်ဦးစီးတက္ကသိုလ်သင်တန်းတံဆိပ်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းတံဆိပ်၊ တပ်မတော်ဂုဏ်ဆောင်အမှုထမ်းတံဆိပ်(ပထမအဆင့်)၊ စစ်မှုထမ်းသက်တံဆိပ် (၃၃) နှင့်အထက်၊ စစ်ပွဲတံဆိပ် (၇၄/၇၈)၊ နိုင်ငံတော်အကျိုးဆောင်တံဆိပ်၊ မြန်မာနိုင်ငံစစ်မှုထမ်း သင်္ဂဟတံဆိပ်များ ပေးအပ်ချီးမြှင့်ခံရသည်။

  အမျိုးသားညီလာခံကျင်းပရေးကော်မရှင် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော်မရှင်အဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးကော်မတီဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ ပြောရေးဆိုခွင့် အာဏာပိုင် အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ကျေးရွာစာကြည့်တိုက်ဖောင်ဒေးရှင်း၏ နာယကအဖြစ်လည်းကောင်း၊ ၂၀၀၂ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်မှ ယနေ့အထိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျက်ရှိသည်။