ဦးတင်ဝင်း( ကောလင်း မဲဆန္ဒနယ်)

အမည်

ဦးတင်ဝင်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၅/ကလတ(နိုင်)၀၀၆၅၆၈

မွေးသက္ကရာဇ်/အသက်

၂၄-၁-၁၉၅၃/(၅၇)နှစ်

မွေးဖွားရာဇာတိ

အောင်မင်္ဂလာရပ်၊ ကောလင်းမြို့

ပညာအရည်အချင်း

သိပ္ပံဘွဲ့ (ရူပဗေဒ)

လက်ရှိအလုပ်အကိုင်

တောင်သူ

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးနီ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သိန်း၊ ၅/ကလတ(နိုင်)၀၀၇၃၉၀၊ တောင်သူ

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မြင့်၊ ၅/ကလတ(နိုင်)၀၁၆၅၂၂၊ မူလတန်းကျောင်းအုပ်၊ အ-မ-က၊ နတ်ကြီးခုံ၊ ကောလင်းမြို့

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ

မိုးမိုးမင်းဆေးလိပ်ခုံ၊ တဲကြီးကုန်းရွာ၊ နနွင်းတောအုပ်စု၊ ကောလင်းမြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကောလင်းမြို့ (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

    ငယ်စဥ်က အခြေခံပညာကို ကောလင်းမြို့ ဝါးရုံးတုံး အ-မ-က နှင့် အ-ထ-က ကောလင်းတွင် သင်ယူခဲ့သည်။ မြစ်ကြီးနားကောလိပ်နှင့် မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီး သိပ္ပံဘွဲ့ (ရူပဗေဒ) ရရှိခဲ့သည်။

  ကောလင်းမြို့ မြို့နယ်သမဝါယမအသင်းတွင် အထက်တန်းစာရေးအဖြစ်လည်းကောင်း၊ ကောလင်းမြို့တွင် စိုက်ပျိုးရေး (တောင်သူလုပ်ငန်း) ကိုလည်းကောင်း လုပ်ကိုင်ခဲ့သည်။

   တဲကြီးကုန်းရွာ လျှပ်စစ်မီးလင်းရေးလုပ်ငန်းတွင်လည်းကောာင်း၊သဲကောရွာ-ဆင်ကန်တောင်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းတွင်လည်းကောင်း၊ အင်းတက် အ-မ-က ကျောင်းဆောက်လုပ်ခြင်း လုပ်ငန်းတွင်လည်းကောင်း၊  သစ်ဆိမ့်ကုန်းကျောင်းဆောက်လုပ်ခြင်း လုပ်ငန်းတွင်လည်းကောင်း၊ ကျွန်းတောရွာ၊ ကညို့အင်းရွာနှင့်အောင်းကုန်းရွာ ရေအားလျှပ်စစ်တည်ဆောက်ရေးလုပ်ငန်းတွင်လည်းကောင်း၊ ဖလဲ အ-မ-က ကျောင်းဆောက်လုပ်ရေးလုပ်ငန်းတွင်လည်းကောင်း၊ ကောလင်းမြို့ မိုးလုံလေလုံအားကစားရုံ ဆောက်လုပ်ရေးလုပ်ငန်းတွင်လည်းကောင်း၊ ကောလင်း-တောင်မော် လမ်းပြုပြင်ခြင်းလုပ်ငန်းတွင်လည်းကောင်း၊ ကောလင်းမြို့ အော်တိုတယ်လီဖုန်းတိုးချဲ့ရေးလုပ်ငန်းတွင်လည်းကောင်း၊ ကောလင်းမြို့ရှိ ရေရရှိရေးလုပ်ငန်းတွင်လည်းကောင်း၊ အ-ထ-က တိုးချဲ့ဆောင်သစ်ဆောက်လုပ်ရေး လုပ်ငန်းတွင် လည်းကောင်း၊ ကောလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုရေး၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေး မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ကောလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် အတွင်းရေးမှူးအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။