|
အမည် |
ဦးအေး |
|
အခြားအမည် |
ဦးကိုအေး |
|
လူမျိုး/ဘာသာ |
ရှမ်း/ဗုဒ္ဓဘာသာ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၅/ဟမလ(နိုင်)၀၃၆၅၈၉ |
|
မွေးသက္ကရာဇ်/အသက် |
၁၄-၂-၁၉၄၅/(၆၆)နှစ် |
|
မွေးဖွားရာဇာတိ |
နောင်ပကျစ်ရပ်ကွက်၊ ဟုမ္မလင်းမြို့ |
|
ပညာအရည်အချင်း |
ဥပစာ သိပ္ပံ(က) |
|
လက်ရှိအလုပ်အကိုင် |
ကုန်သည် |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးဘသာ (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ဖွားမေ (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ညွန့်ရီ၊ ၅/ဟမလ(နိုင်)၀၁၅၀၆၆၊ သားဖွားဆရာမ(အငြိမ်းစား) |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မောင်နေမျိုးအေး၊ ၅/ဟမလ(နိုင်)၀၀၀၉၃၅၊ ကုန်သည်၊ ဟုမ္မလင်း (၂) မောင်တေဇာအေး၊ ၅/ဟမလ(နိုင်)၀၄၇၆၂၈၊ ကုန်သည်၊ ဒေါနခြံရပ်၊ မုံရွာ |
|
အမြဲတမ်းနေရပ်လိပ်စာ |
နောင်ပကျစ်ရပ်ကွက်၊ ဟုမ္မလင်းမြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဟုမ္မလင်းမြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဥ်က အခြေခံပညာကို ဟုမ္မလင်းမြို့အ-မ-က(၁)နှင့် အ-ထ-က တွင် သင်ယူခဲ့သည်။ မန္တလေး တက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီး ဥပစာသိပ္ပံ(က)ဖြင့် အောင်မြင်ခဲ့သည်။ ၁၉၆၃ ခုနှစ်မှ ၁၉၆၄ ခုနှစ်အထိ မူလတန်းပြမှ အထက်တန်းပြဆရာအဖြစ်လည်းကောင်း၊ စစ်ကိုင်း မြို့နယ် ညောင်ပင်ဝန်းတွင် ကျန်းမာရေးမှူးအဖြစ်လည်းကောင်း၊ ဗန်းမောက်မြို့နယ် ကြောင်လယ်၊ ဝက်လက်မြို့နယ် မင်းချီ၊ ကျွန်းလှမြို့နယ် ရေရှင်၊ ဘုတလင်မြို့နယ် ငပယင်း၊ လဟယ်မြို့နယ် ကာရော်နောက်ညု၊ ဟုမ္မလင်းမြို့နယ် နောင်ဆန်းကျင်၊ ငန်းစွန်းမြို့နယ် ဂြိုလ်၊ ဟုမ္မလင်းမြို့နယ် နောင်ပိုအောင် ကျန်းမာရေးဌာနများတွင် ကျန်းမာရေးမှူးအဖြစ် တာဝန်များထမ်းဆောင်ခဲ့သည်။ ဟုမ္မလင်းမြို့နယ် လမ်းစဥ်ပါတီတွင် ပါတီစိတ်မှူးအဖြစ်လည်းကောင်း၊ ဟုမ္မလင်းမြို့ အ-ထ-ကတွင် ကျောင်းအကျိုးတော်ဆောင်အဖြစ်လည်းကောင်း၊ ခုတင် (၁၀၀) ဆေးရုံဖြစ်မြောက်ရေးနှင့် သံဃာဆောင်ဖြစ်မြောက်ရေးတို့တွင် အကျိုးတော်ဆောင်အဖြစ်လည်းကောင်း၊ ဟုမ္မလင်းမြို့ အ-ထ-က ကျောင်းဆောင်သစ် ဖြစ်မြောက်ရေးနှင့် ပါရမီနာရေးကူညီမှုအသင်းတွင် အကျိုးတော်ဆောင်အဖြစ်လည်းကောင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ |
