ဦးသန်းမြင့်( ဆားလင်းကြီး မဲဆန္ဒနယ်)

အမည်

ဦးသန်းမြင့်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/ပဇတ(နိုင်)၀၀၉၁၄၈

မွေးသက္ကရာဇ်/အသက်

၃၀-၅-၁၉၄၉/(၆၁)နှစ်

မွေးဖွားရာဇာတိ

အမှတ် (၂) ရပ်ကွက်၊ ဆားလင်းကြီးမြို့နယ်

ပညာအရည်အချင်း

B.Sc (Phys:), B.Ed, H.G.P, Defence Studies Course (N.D.U) (China)

လက်ရှိအလုပ်အကိုင်

ညွှန်ကြားရေးမှူး (ငြိမ်း)၊ သတ္ထုတွင်းဦးစီးဌာန

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးစိုးညွန့် (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နီမာ (ခေါ်) ဒေါ်ခင်ဆွေ၊ ၅/ဆလက(နိုင်)၀၀၁၅၂၂၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နွဲ့နွဲ့ရီ၊ ၁၂/ပဇတ(နိုင်)၀၀၉၉၂၂၊ အင်ဂျင်နီယာ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မမေသန္တာမြင့်၊ ၁၂/ပဇတ(နိုင်)၀၀၄၃၃၆၊မှီခို

(၂) ဗိုလ်မှူးကျော်ဆက်မြင့်၊ ၁၂/ပဇတ(နိုင်)၀၀၄၉၁၈၊ စစ်မှုထမ်း

(၃) မနှင်းဥမ္မာမြင့်၊ ၁၂/ပဇတ(နိုင်)၀၂၈၆၃၇ ကျောင်းသူ

အမြဲတမ်းနေရပ်လိပ်စာ

အကွက်အမှတ် ၃၃၀၁၊ ဥတ္တရသီရိမြို့၊ နေပြည်တော်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရသည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဆားလင်းကြီးမြို့ နယ်၊

(ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

  ငယ်စဥ်က အခြေခံပညာကို ဆားလင်းကြီးမြို့နယ် မြောက်ရွာ  နှင့်မုံရွာမြို့တို့တွင် သင်ယူခဲ့သည်။ မန္တလေးဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်နှင့်တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း တက်ရောက်ခဲ့ပြီး B.Sc (Phys;), B.Ed,H.G.P, Defence Studies Course (N.D.U) (China) ဘွဲ့ရရှိခဲ့သည်။

 ဆားလင်းကြီးမြို့နယ် အ-မ-က ထန်းဇင်၌ မူလတန်းပြဆရာအဖြစ်လည်းကောင်း၊ ခ-လ-ရ (၄၅) ကွတ်ခိုင်မြို့တွင် ဒုတိယဗိုလ်အဖြစ်လည်းကောင်း၊ ခ-လ-ယ (၁၆) မှော်ဘီမြို့တွင် ဗိုလ်ကြီးအဖြစ်လည်းကောင်း၊ ကက (စစ်)ဦးစီး(တ)အဖြစ်လည်းကောင်း၊ ခ-လ-ရ (၄၇) ဗန်းမော်တွင် ဗိုလ်မှူးအဖြစ်လည်းကောင်း၊ တ-မ-ခ(၅၅) ကလေးမြို့တွင် စစ်ဦးစီးမှူး (ဒုတိယတန်း)အဖြစ်လည်းကောင်း၊ ခ-လ-ရ (၁၆) မှော်ဘီမြို့တွင် ဒုတိယတပ်ရင်းမှူးအဖြစ်လည်းကောင်း၊ ခ-လ-ရ(၂၆၃) ဘူးသီးတောင်မြို့တွင်ဒုတိယဗိုလ်မှူးကြီး(တပ်ရင်းမှူး) အဖြစ်လည်း‌ကောင်း အမှတ် (၅)တိုင်းဗဟိုလေ့ကျင့်ရေး ပုသိမ်မြို့တွင် ဒုတိယဗိုလ်မှူးကြီး(တပ်မှူး) အဖြစ်လည်းကောင်း၊ကက(ကျင့်)တွင် ဒုတိယလေ့ကျင့်ရေးညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးအဖြစ်လည်းကောင်း၊ စစ်မဟာ ဗျူဟာလေ့ကျင့်ရေးဌာန၊ကက(ကျင့်) တွင် ဌာနမှုး(အာရှအရှေ့ဖျားဒေသ)အဖြစ်လည်းကောင်း၊ နေပြည်တော် သတ္တုတွင်း ဦးစီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။

 မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသားညီလာခံ ကျင်းပရေးလုပ်ငန်းကော်မတီတွင် အဖွဲ့ဝင်အဖြစ်လုပ််ငန်းများဆောင်ရွက်ခဲ့သည်။

 နိုင်ငံတော်မှချီးမြှင့်သော စီမံထူးချွန်(ဒုတိယအဆင့်)၊ စီမံထူးချွန်(ပထမအဆင့်)၊ နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊ မိုင်းယန်း/ မဲသဝေါတိုက်ပွဲဝင်တံဆိပ်၊ စစ်မှုထမ်းသက်(၁၅)နှစ်တံဆိပ်၊ ရန်ငြိမ်းအေးတံဆိပ်၊ ခြေလျင်တပ်ခွဲမှူးသင်တန်းတံဆိပ်၊ ခြေလျင်တပ်ရင်းမှူးသင်တန်းတံဆိပ်၊ စစ်ဦးစီးတက္ကသိုလ်သင်တန်းတံဆိပ်၊ တပ်မတော်ဂုဏ်ထူးဆောင်အမှုထမ်း (ဒုတိယ အဆင့်)၊ စစ်မှူထမ်းသက် (၃၀)နှစ်တံဆိပ်၊ နိုင်ငံတော်အကျိုးဆောင်တံဆိပ်၊ စစ်ပွဲတံဆိပ်နှင့် ခြေလျင်တပ်စုမှူး သင်တန်းတံဆိပ်များ ရရှိခဲ့သည်။

  စစ်ဖက်လေ့လာရေးခရီးစဥ်အဖြစ် အိန္ဒိယသို့လည်းကောင်း၊ ၂၀၀၂ နှင့် ၂၀၀၄ များတွင် တရုတ်နိုင်ငံ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သို့လည်းကောင်း၊ အာဆီယံ-ဂျပန် အစည်းအဝေးအတွက် စင်္ကာပူနိုင်ငံသို့ လည်းကောင်း၊ အာဆီယံဒြပ်သတ္တုကဏ္ဍအစည်းအဝေးအတွက် မလေးရှားနိုင်ငံသို့လည်းကောင်း၊ သတ္တုထုတ်လုပ်မှုညှိနှိုင်းရေး အစည်းအဝေးအတွက် တရုတ်နိုင်ငံသို့လည်းကောင်း၊ Professional Program of Joint Venture Management for Asian Countries Seminal အတွက် တရုတ်နိုင်ငံသို့ လည်းကောင်း၊ ဒြပ်သတ္တုဆိုင်ရာအစည်းအဝေးအတွက် ဖိလစ်ပိုင်နိုင်ငံသို့လည်းကောင်း၊ သတ္တုတွင်းလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးအတွက် တရုတ်နိုင်ငံသို့လည်းကောင်း သွားရောက်ခဲ့သည်။