ဦးမိုးဇော်ဟိန်း(ကသာ မဲဆန္ဒနယ်)

အမည်

ဦးမိုးဇော်ဟိန်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၅/ကသန(နိုင်)၀၁၁၄၉၉

မွေးသက္ကရာဇ်/အသက်

၁၇-၄-၁၉၆၆/(၄၅)နှစ်

မွေးဖွားရာဇာတိ

ရန်ကုန်မြို့

ပညာအရည်အချင်း

သိပ္ပံဘွဲ့ (သင်္ချာ)၊ ကွန်ပျူတာဒီပလိုမာဘွဲ့

လက်ရှိအလုပ်အကိုင်

ကုန်သည်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးခင်မောင်ညွန့်၊ ဒုရဲမှူး (အငြိမ်းစား) (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တင်တင်အိ၊ ၅/ကသန(နိုင်) ၀၁၁၅၆၀၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ

ပတ္တမြားရပ်ကွက်၊ အပိုင်း(၁)၊ ကသာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ကသာမြို့နယ် (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

  ငယ်စဥ်က မူလတန်းနှင့် အလယ်တန်းပညာကို တာမွေမြို့နယ် အ-မ-က (၂၇)နှင့် အလယ်တန်းကို ချင်းပြည်နယ် ဖလမ်းမြို့တွင်လည်းကောင်း၊ အထက်တန်းပညာကို ဧရာဝတီတိုင်း လေးမျက်နှာမြို့၊ အင်္ဂပူမြို့၊ အ-ထ က(၁) ဘိုကလေးမြို့နှင့် အ-ထ-က(၂) အင်းစိန်မြို့နယ် ရန်ကုန်တိုင်းဒေသတို့တွင်လည်းကောင်းသင်ယူခဲ့သည်။ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ၊ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် (ပင်မ)နှင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တို့ တွင် တက်ရောက်ခဲ့ပြီး B.Sc (Matchs:), Dip.(Computer) ဘွဲ့ ရရှိခဲ့သည်။

 စစ်ကိုင်းတိုင်း ကသာမြို့ အ-မ-က(၅)တွင် မူလတန်းပြနှင့် အလယ်တန်းပြဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ကသာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းတွင် မြို့နယ်အလုပ်အမှုအဆောင်အဖြစ်လည်းကောင်း၊ ကသာခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းတွင် ခရိုင်အလုပ်အမှုဆောင်အဖြစ်လည်းကောင်း၊ စစ်ကိုင်းတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းတွင် တိုင်းအလုပ်အမှုဆောင်အဖြစ်လည်းကောင်း၊ တိုင်းဒေသကြီးတွဲဖက်အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် အမျိုးသားညီလာခံ တက်ရောက်ခြင်းကိုလည်းကောင်း ဆောင်ရွက်ခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ဗဟိုအစီအစဥ်ဖြင့် မလေးရှားနိုင်ငံသို့ ၂၀၀၁ ခုနှစ်တွင် လေ့လာရေးခရီးစဥ် သွားရောက်ခဲ့သည်။