ဦးကျော်သန်း (ဗန်းမောက် မဲဆန္ဒနယ်)

အမည်

ဦးကျော်သန်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၅/ဗမန(နိုင်)၀၀၉၉၉၉

မွေးသက္ကရာဇ်/အသက်

၂-၇-၁၉၅၇/(၅၄)နှစ်

မွေးဖွားရာဇာတိ

မြောင်မြို့

ပညာအရည်အချင်း

ဝိဇ္ဇာဘွဲ့(ပထဝီဝင်)

လက်ရှိအလုပ်အကိုင်

စာရေး ( ၂ ) ၊ ထွေ / အုပ် (ငြိမ်း)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးပိုက်၊ ၅/မမန(နိုင်) ၀၂၀၅၆၀၊ တောင်သူ

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သိန်းရင်၊ ၅/မမန(နိုင်)၀၄၄၄၃၉၊ တောင်သူ

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မိုးမိုးအေး၊ ၅/ဗမန (နိုင်)၀၀၃၂၈၆ ၊ စာရေး (၁)၊ ထွေ/အုပ်

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မပိုးဖြူဇင်သော်၊ ကျောင်းသူ

(၂) မခိုင်ရီမွန်ကျော်၊ ကျောင်းသူ

(၃) မဖူးပွင့်သော်၊ ကျောင်းသူ

အမြဲတမ်းနေရပ်လိပ်စာ

အောင်သာကုန်းရွာ ၊ ဗန်းမောက်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဗန်းမောက်မြို့ (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

  ငယ်စဥ်က အခြေခံပညာကို မြောင်မြို့နယ် ကျောက်တန်းအရှေ့ အ-မ-ကနှင့် မြင်းခြံမြို့နယ် ဆီမီးခုံ အ-ထ-က၊ မြောင်မြို့နယ် ကျောက်ရစ်တွဲဖက် အ-ထ-ကနှင့် အ-ထ-က(၃) ပြည်မြို့တွင် သင်ယူခဲ့ပြီး ပြည်မြို့ဒေသကောလိပ်  နှင့်မန္တလေးတက္တသိုလ် (စာပေးစာယူသင်တန်း) တွင်တက်ရောက်ခဲ့ပြီး ဝိဇ္ဇာဘွဲ့ (ပထဝီဝင်) ရရှိခဲ့သည်။

  ဗန်းမောက်မြို့ မြို့နယ်ပြည်သူ့ကောင်စီရုံးတွင် မကစ စာရေးအဖြစ်လည်းကောင်း၊ ဗန်းမောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စာရေး(၁)နှင့် စာရေး(၂)အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။

 ဗန်းမောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းတွင် မြို့နယ်အလုပ်အမှုဆောင်မှ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ အမျိုးသာညီလာခံကိုယ်စားလှယ် (တိုင်းရင်းသားလူမျိုးများအစုအဖွဲ့) အဖြစ်လည်းကောင်းဆောင်ရွက်ခဲ့သည်။