ဒေါ်ဖြူဖြူသင်း( မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်)

အမည်

ဒေါ်ဖြူဖြူသင်း

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/ဥကတ(နိုင်)၁၀၈၈၅၀

မွေးသက္ကရာဇ်/အသက်

၂၃-၁၂-၁၉၇၁/(၄၄)နှစ်

မွေးဖွားရာဇာတိ

တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်

ပညာအရည်အချင်း

B.A( History )

လက်ရှိအလုပ်အကိုင်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးလှထွန်း၊ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်ဆွေ၊ ၁၂/ ဥကတ(နိုင်) ၁၁၀၅၉၀၊ မှီခို

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

မရှိပါ

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်( ၆၃၁ )၊ ရှင်သိဒတ်( ၁၁ )လမ်း၊ ( ၇) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုကော်မတီဝင်

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ် (ပထမအကြိမ် - ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

အခြေခံပညာကို အ.လ.က(၂) တောင်ဥက္ကလာပ၊ အ.ထ.က(၁) တောင်ဥက္ကလာပတို့တွင် သင်ယူခဲ့သည်။ ရန်ကုန်တက္ကသိုလ်(လှိုင်)နယ်မြေ၊ ရန်ကုန် တက္ကသိုလ်ပင်မသို့ တက်ရောက်ပညာသင်ယူခဲ့ပြီး B.A( History ) ကို ရရှိခဲ့ပါသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက် လျက်ရှိပါသည်။
၁၉၉၀ ခုနှစ်မှစ၍ NLD ပါတီလူငယ်အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့ပြီး ယနေ့ အချိန်ထိ NLD ပါတီတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ NLD HIV/AIDS CENTER မှာ ဦးဆောင်သူအဖြစ် ၂၀၀၂ ခုနှစ်မှစ၍ ယနေ့အထိ ဆောင်ရွက်နေသည်။
၁၉၉၉/၂၀၀၀ မှာ နိုင်ငံရေးပြစ်မှုဖြင့် (၄)လကြာခန့် ထိန်းသိမ်းခံခဲ့ရပြီး ၂၀၀၇ ရွှေဝါရောင်တွင် ( ၁ )လခန့် ကျိုက္ကဆံစစ်ကြောရေးတွင် ထိန်းသိမ်းခံရသည်။
၂၀၀၇ ခုနှစ်တွင် ချက်သမ္မတနိုင်ငံမှ ချီးမြှင့်သော HOMOHOMINI ရဲရင့်သော မြန်မာနိုင်ငံသားဆု၊ ၂၀၁၀ ခုနှစ်တွင် အမေရိကန်နိုင်ငံ မြန်မာမိတ်ဆွေ များမှချီးမြှင့်သော ဗမာနိုင်ငံလူငယ်သတ္တိရှင်ဆု၊ ၂၀၁၄ တွင် အီတလီနိုင်ငံ ပါးမာရ်ဆေး ကောင်စီမှ ချီးမြှင့်သော ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ရရှိခဲ့ပါသည်။