|
အမည် |
ဉီးအောင်ကြည် |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၂/လကန(နိုင်)၀၂၉၇၁၉ |
|
မွေးသက္ကရာဇ်/အသက် |
၁-၁၁-၁၉၄၆(၆၄)နှစ် |
|
မွေးဖွားရာဇာတိ |
ဖဆပလရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ် |
|
ပညာအရည်အချင်း |
B.Sc, HGP |
|
လက်ရှိအလုပ်အကိုင် |
ဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာန |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးဘကြည် (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ကြည် (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်သက်သက်ဆွေ၊ ၁၂/လကန(နိုင်)၀၂၉၇၈၈၊ အလယ်တန်းပြဆရာမ(ငြိမ်း) |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မဆုမြတ်သံလွင်အောင်၊ ၉/မထလ(နိုင်)၂၀၀၈၈၅၊ SIEC ပညာရေး ဝန်ဆောင်မှုလုပ်ငန်း (၂) မဆုမွန်သဇင်အောင်၊ ၉/မထလ(နိုင်)၂၀၀၈၆၆၊ ကျောင်းသူ |
|
အမြဲတမ်းနေရပ်လိပ်စာ |
ခြံအမှတ်(၁အေ/၁၂)၊ မြသီတာအိပ်ရာ၊ ၁၁-ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မင်္ဂလာတောင်ညွှန့်(ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဉ်က စိန်ပေါလ်ကျောင်း၊ စိန်အန်ထော်နီကျောင်းနှင့် လုပ်သားများကောလိပ်တို့တွင် ပညာသင်ကြားခဲ့ပြီး B.Sc, H.G.P ဘွဲ့ရရှိခဲ့သည်။ မူလတန်းပြဆရာမအဖြစ် အ-ထ-က(၄) မင်္ဂတောင်ညွန့်မြို့နယ်နှင့် အထက်တန်းပြ ဆရာအဖြစ် အ-ထ-က(၁) တာမွေမြို့နယ်တွင် ဆောင်ရွက်ခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် ဗိုလ်လောင်းသင်တန်း၊ အမှတ်စဉ်(၄၀)သို့ တက်ရောက်အောင်မြင်ခဲ့ပြီး စစ်ဆင်ရေးတာဝန်များနှင့် ဦးစီးအရာရှိ တာဝန်များကို ထမ်းဆောင်ခဲ့သည်။ တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး၊ စစ်ဗျူဟာမှူး၊ ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ တိုက်ခိုက်ရေးကျောင်း ကျောင်းအုပ်ကြီးလေ့ကျင့်ရေး ညွှန်ကြားရေးမှူး၊ ဒုတိယ တပ်မတော်လေ့ကျင့်ရေး အရာရှိ တာဝန်များဖြင့် ဗိုလ်ချုပ်အဆင့်အထိ ထမ်းဆောင်ခဲ့သည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးနှင့် အလုပ်သမားဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးတာဝန်များ ထမ်းဆောင်ခဲ့သည်။ ၂၀၀၇ ခုနှစ်မှ စ၍ အလုပ်သမားဝန်ကြီးဌာနတွင် ဝန်ကြီးတာဝန် ထမ်းဆောင်လျက်ရှိသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတွင် အရန်ပါတီဝင်နှင့် တင်းပြည့်ပါတီဝင်ဖြစ်ခဲ့ပြီး တပ်ရင်း၊ တပ်ဖွဲ့စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌတာဝန်ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုစည်းရုံးရေးကော်မတီဝင်နှင့် အမျိုးသားနိုင်ငံရေးကော်မတီ၊ ဒု-ဥက္ကဋ္ဌ တာဝန်ဆောင်ရွက်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် ဩဂုတ်လတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ ဝင်ရောက်ခဲ့သည်။ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်၊ စစ်မှုထမ်းကောင်းတံဆိပ်၊ မြန်မာနိုင်ငံစစ််မှုထမ်း သင်္ဂဟတံဆိပ်တို့ ပေးအပ်ချီးမြှင့် ခံခဲ့ရသည်။ |
