ဦးခင်မောင်စိုး

အမည်

ဦးခင်မောင်စိုး

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၅/တမန(နိုင်)၀၀၉၅၅၀

မွေးသက္ကရာဇ်/အသက်

၂၅-၁၂-၁၉၅၀/ (၆၀)နှစ်

မွေးဖွားရာဇာတိ

ဖောင်ကြီးရွာ၊ လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ပညာအရည်အချင်း

သိပ္ပံဘွဲ့ (ရူပဗေဒ)

လက်ရှိအလုပ်အကိုင်

ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၊

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးကျော်ဝင်းမောင်၊ ၁၂/လကန(နိုင်)၀၅၃၂၅၅

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်စောရင် (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်နီနီ၊ ၅/တမန(နိုင်) ၀၀၉၅၅၁၊

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) ဒေါက်တာ စွဲ့ကြည်သာစိုး၊ ၁၃/တကန(နိုင်)၁၉၇၃၆၁၊ ဒုတိယ ပေါမောက္ခ၊ နည်းပညာတက္ကသိုလ်၊ မန္တလေးမြို့
(၂)
မရွှေအိမ်စည်၊ ၁၃/တကန(နိုင်)၁၉၇၃၆၂၊ တတိယအတွင်းဝန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန
(၃) ဗိုလ်ကြီး အေးမောင်စိုး၊ ၁၃/တကန(နိုင်)၁၉၇၃၆၃၊ စရက (၁)၊ ရန်ကုန်
(၄) ဗိုလ်ကြီး စောမောင်အေး၊ ၁၃/တကန(နိုင်) ၁၉၇၃၆၄၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်
(၅) မရတနာစိုး၊ ၁၂/လမန(နိုင်)၁၄၂၃၀၄၊ ကျောင်းသူ
(၆) မောင်ဇေယျာမောင်၊ ၁၂/လမန(နိုင်)၁၄၂၃၀၅၊ ဗိုလ်လောင်း၊ တပ်မတော်စစ်တက္ကသိုလ်

အမြဲတမ်းနေရပ်လိပ်စာ

-အမှတ်(၁၀၉)၊ သစ်တောလမ်း၊ အလုံမြို့နယ်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊လှည်းကူး(ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)


အ-မ-က ဖောင်ကြီး၊ အ-ထ-က(လှည်းကူး)၊ မော်လမြိုင်ကောလိပ်နှင့် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ပြီး သိပ္ပံဘွဲ့(ရူပဗေဒ)ရရှိခဲ့သည်။
၁၉၇၃ ခုနှစ်မှာ ၁၉၇၄ ခုနှစ်အထိ မှော်ဘီမြို့ ဗိုလ်သင်တန်းကျောင်းတွင် တက်ရောက်ခဲ့ပြီး ဗန်းမော်မြို့ ခလရ(၄၇)တွင် ၁၉၇၄ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ ဒုတိယဗိုလ်နှင့် ထလရ အရာရှိ အဆင့်များဖြင့်လည်းကောင်း၊ ၁၉၇၉ ခုနှစ်တွင် မြစ်ကြီးနားမြို့၌ မပခ၊ စစ်ဦးစီးမှူး(တ)အဖြင့်လည်းကောင်း၊ ၁၉၇၉ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ မင်္ဂလာဒုံမြို့နယ်တွင် ဗထလ နည်းပြအရာရှိအဖြစ်လည်းကောင်း၊ ၁၉၈၃ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ မိတ္ထီလာမြို့နယ်တွင် ဗထလနည်းပြညအရာရှိအဖြစ်လည်းကောင်း၊ ၁၉၈၃ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ မိတ္ထီလာ မြို့၌ လကရ(၃)တွင် တပ်ခွဲအရာရှိနှင့် ငွေစာရင်းအရာရှိအဆင့်အဖြစ်လည်းကောင်း၊ ၁၉၈၆ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ သိမ်ဆိပ်ခမရ(၁၁၃)တွင် တပ်ခွဲမှူးအဖြစ်လည်းကောင်း၊ ၁၉၈၇ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ ကလေးမြို့တွင် ခလရ(၈၉)တွင် တပ်ခွဲဗိုလ်မှူးအဖြစ်လည်း ကောင်း၊ ခလရ(၂၂၈)တွင် ဌာနချုပ်တပ်ခွဲမှူးအဖြစ်လည်းကောင်း၊ ၁၉၉၀ ပြည့်နှစ်မှ ၁၉၉၁ ခုနှစ်အထိ မန္တလေးမြို့ ခလရ(၉၅)တပ်ခွဲမှူးအဖြစ်လည် ကောင်း၊ ၁၉၉၁ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ ရွှေကူမြို့ ခလရ(၅၆)ဒုတပ်ရင်းမှူးအဖြစ်လည်းကောာင်း၊ ၁၉၉၂ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ဗန်းမော်မြို့ ခမရ(၃၈၇) တပ်ရင်းမှူးအဖြစ်လည်းကောင်း၊ ၁၉၉၅ ခုနှစ်တွင် ကျော်တော်မြို့ စကခ(၉) စစ်ဦးစီးမှူး (ပ)အဖြစ်လည်းကောင်း၊ ၁၉၉၅ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ တောင်ကြီးမြို့ ရ-ပ-ခတွင် ယာယီစစ်ဗျူဟာမှူးနှင့် စစ်ဗျူဟာမှူးအဖြစ်လည်း ကောင်း၊ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၁ ခုနှစ်အထိ လွိုင်လင်မြို့၊ စကခ(၂)နည်းဗျူဟာမှူးအဖြစ် လည်းကောာင်း၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ ရန်ကုန်မြို့တွင် ရကတ စစ်ဗျူဟာမှူးအဖြစ်လည်းကောင်း၊ ၂၀၀၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ရန်ကုန်မြို့ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနတွင် အထူးအရာရှိအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပြီး ယနေ့အထိ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့တွင် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်လျက်ရှိသည်။