|
အမည် |
ဦးလွင်ဦး |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၂/ကခက(နိုင်)ဝဝ၃၈၆၇ |
|
မွေးသက္ကရာဇ်/အသက် |
၂၇.၁၀.၁၉၆၃ /(၄၇) နှစ် |
|
မွေးဖွားရာဇာတိ |
ကွမ်းခြံကုန်း |
|
ပညာအရည်အချင်း |
B.A (ဒဿနိက),(H.G.P) |
|
လက်ရှိအလုပ်အကိုင် |
ထင်း၊ မီးသွေးရောင်းဝယ်ရေး |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးကျော်မြင့်၊ ၁၂/ကခက(နိုင်)၀၀၆၈၈၁၊ ကုန်သွယ်ရေး (ငြိမ်း) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ခင်အေးမြင့်၊ ၁၂/ကခက(နိုင်)၀၀၆၈၈၃၊ မှီခို |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်သန်းသန်းအေး၊ ၁၂/ကခက(နိုင်)၀၀၃၈၆၆၊ အလယ်တန်းပြဆရာမ |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) မောင်စစ်ကိုအောင်၊ ၁၂/ကခက(နိုင်)၀၈၆၁၁၄၊ ကျောင်းသား |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ် (၉၀)၊ မြရတနာအိမ်ရာ၊ အေးသာယာရပ်ကွက်၊ ဗိုလ်ချုပ်ကျေးရွာအုပ်စု၊ သန်လျင်မြို့ |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ သန်လျင် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဥ်က ကွမ်းခြံကုန်းမြို့ (ကံကြီး/မကျီး)ရပ်ကွက် အ-မ-က၊ အမျိုးသားကျောင်း အ-ထ-က (၂)နှင့် အ-ထ-က (ကွမ်းခြံကုန်း)တို့၌ ပညာသင်ကြားခဲ့သည်။ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ စာပေးစာယူသင်တန်းဖြင့် ၁၉၈၄ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ (ဒဿနိကဗေဒ) ရရှိခဲ့သည်။ အထက်တန်းရှေ့နေစာမေးပွဲ (H.G.P)ကို ၁၉၈၄ ခုနှစ်တွင် ရရှိခဲ့သည်။ ကွမ်းခြံကုန်းမြို့နယ် စာပေနှင့်စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူး၊ မြို့နယ်အရန် မီးသတ်တပ်ဖွဲ့ တပ်မှူး တာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၉၃ ခုနှစ်မှစ၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတွင် ခရိုင် အလုပ်အမှုဆောင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ပြည်နှစ် ပါတီသို့ အသွင်ကူးပြောင်းချိန်အထိ ခရိုင်အတွင်း ရေးမှူးတာဝန်နှင့် ယခု ရန်ကုန်တောင်ပိုင်းခရိုင် ပါတီကော်မတီအတွင််းရေးမှူးတာဝန်များ ထမ်းဆောင်လျက် ရှိသည်။ ၂၀၀၄ ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့သည့် အမျိုးသားညီလာခံ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် အစုအဖွဲ့တွင် အမျိုးသားညီလာခံကိုယ်စားလှယ်အဖြစ် ညီလာခံကြီး အောင်မြင်စွာပြီးဆုံးချိန်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ |
