|
အမည် |
ဦးမောင်မောင်သိမ်း |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၃/မပတ(နိုင်)ဝဝဝ၃၃၃ |
|
မွေးသက္ကရာဇ်/အသက် |
၁-၂- ၁၉၄၆/ (၆၄) နှစ် |
|
မွေးဖွားရာဇာတိ |
ရွှေလှေကျေးရွာ၊ ခရမ်းမြို့နယ် |
|
ပညာအရည်အချင်း |
B.Sc (D.S.A) |
|
လက်ရှိအလုပ်အကိုင် |
ဝန်ကြီး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးလှဖေ (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်တင် (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်မြင့်မြင့်အေး၊ ၁၃/မပတ(နိုင်) ၀၀၁၁၄၉၊ မှီခို |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) ဦးနေအောင်၊ ၁၃/ကမန(နိုင်)၀၀၁၅၉၂၊ ကုန်သည် |
|
အမြဲတမ်းနေရပ်လိပ်စာ |
၁၀၈၅၊ ဥတ္တရသီရိ(တောင်)၊ ပုဗ္ဗသီရိမြို့၊ နေပြည်တော် |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ခရမ်းမြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဥ်က ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် တပ်မြေ အ-မ-က၊ ရေကျော် အ-ထ-က၊ အ-ထ-က(၁) တောင်ဥက္ကလာပမြို့နယ်၌ ပညာသင်ကြားခဲ့သည်။ ရန်ကုန်တက္ကသိုလ် လိပ်ခုံးကောလိပ်နှင့် ပြင်ဦးလွင်စစ် တက္ကသိုလ်တို့၌ ပညာသင်ကြားခဲ့ပြီး B.Sc (D.S.A) ဘွဲ့ရရှိခဲ့သည်။ ခလရ (၄) ကကခန်း၊ ခလရ (၅၈)၊ ခမရ (၁၀၅)၊ ခလရ (၂၂)၊ ခလရ (၄၃)၊ ရမခ၊ စဗခ (ကွမ်းလုံ)နှင့် တမခ (၂၂) တို့၌ တာဝန်ထမ်းဆောင်ခဲ့သည်။ တပ်မတော်သားဘဝဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်များတွင် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ခဲ့သည်။ ဝန်ကြီးအဆင့်ဖြင့် သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတာဝန်များ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတာဝန်များ ထမ်းဆောင်ခဲ့သည်။ နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်၊ နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်၊ မိုင်းယန်း/မဲသဝေါတိုက်ပွဲတံဆိပ်၊ စစ်မှုထမ်းကောင်းတံဆိပ်၊ တပ်မတော်ရွှေရတုနှစ်တံဆိပ်၊ ရန်ငြိမ်းအေးတံဆိပ်၊ သင်္ဂဟတံဆိပ်များချီးမြှင့်ခြင်းခံခဲ့ရသည် |
