|
အမည် |
ဦးစိုးသာ |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၂/ပဇတ(နိုင်)ဝဝ၂၃၉၀ |
|
မွေးသက္ကရာဇ်/အသက် |
၁၁-၁၁-၁၉၄၄ /( ၆၆) နှစ် |
|
မွေးဖွားရာဇာတိ |
ရှမ်းစုကြီးရွာ၊ တွံတေးမြို့ |
|
ပညာအရည်အချင်း |
B.E (Communications) |
|
လက်ရှိအလုပ်အကိုင် |
ဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးသာစိန်၊ အေအီး-၂၀၉၀၉၁၊ တိုင်းအင်ဂျင်နီယာ(ငြိမ်း)၊ မြန်မာ့မီးရထား |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်မြရီ(ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်ကြူကြူဝင်း၊ ၁၂/ပဇတ(နိုင်)၀၀၂၃၉၁၊ ဒုတိယညွှန်ကြားရေးမှူး(ငြိမ်း)၊ အမှတ်(၁) စက်မှုဝန်ကြီးဌာန |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) ဒေါ်မြတ်မဥ္ဇူစိုး၊ ၁၂/သဃက(နိုင်)၀၀၀၇၃၁၊ အင်ဂျင်နီယာ |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ် (၁၀၆၃)၊ ဇမ္ဗူဒီပရပ်ကွက်၊ ရာဇသင်္ဂဟအိမ်ရာအမှတ်(၁)၊ ပုဗ္ဗသီရိရပ်၊ နေပြည်တော် |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တွံတေးမြို့နယ် (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
ငယ်စဥ်က ဟင်္သာတ အေဘီအမ်ကျောင်း၊ အ-ထ-က (၂)စစ်ကိုင်း၊ အ-ထ-က မြစ်ငယ်၊ မန္တလေးမြို့ ဖားသားလဖုန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။ ဥပစာကနှင့် ခကို ရန်ကုန်တက္ကသိုလ်၌လည်းကောင်း၊ B.E (လျှပ်စစ်ဆက်သွယ်ရေး)အဓိကဖြင့် ရန်ကုန်စက်မှုတက္ကသိုလ်၌လည်းကောင်း ပညာသင်ကြားခဲ့ပြီး B.E (Communications) ဘွဲ့ရရှိခဲ့သည်။ ၁၉၆၈ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် လက်ထောက်အင်ဂျင် နီယာ၊ ဆက်သွယ်ရေးအင်ဂျင်နီယာ၊ ပရောဂျက်အင်ဂျင်နီယာ၊ အင်ဂျင်နီယာချုပ်၊ အထွေထွေမန်နေဂျာ၊ ဦးဆောင် ညွှန်ကြားရေးမှူး တာဝန်များကိုထမ်းဆောင်ခဲ့သည်။ ၁၉၉၂ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနတွင် ဝန်ကြီးတာဝန်ဖြင့်လည်းကောင်း၊ ၁၉၉၇ ခုနှစ်မှ ယနေ့အထိ အမျိုးသား စီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနတွင် ဝန်ကြီးတာဝန်ဖြင့်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၉၉၃ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ်အမှု ဆောင်အဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်မှ ယနေ့အထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖြစ်လည်းကောင်း ထမ်းဆောင်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် စီမံထူးချွန် (ပထမဆင့်) ရရှိခဲ့သည်။ နိုင်ငံတကာအဖွဲ့အစည်းများတွင် တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ၂၀၀၄ ခုနှစ်မှ ယနေ့အထိ အာဆီယံစီးပွားရေးဝန်ကြီး၊ မဲခေါင်ဒေသ စီးပွား ရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာဝန်ကြီး၊ အာဆီယံ-မဲခေါင်မြစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဝန်ကြီး စသည်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၅ ခုနှစ်မှ ယနေ့အထိ ဧရာဝတီ-ကျောက်ဖရား-မဲခေါင်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာချမှတ်ရေးဆိုင်ရာ ဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့သည်။ ၂၀၀၉ ခုနှစ်မှ ယနေ့အထိ အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီဆိုင်ရာဝန်ကြီး တာဝန်ထမ်းဆောင်လျက်ရှိသည်။ |
