ဦးမြင့်သူ ( ဒဂုံမြို့သစ်(အရှေ့ပိုင်း)မဲဆန္ဒနယ်)

အမည်

ဦးမြင့်သူ

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၄/ပသန(နိုင်)ဝ၈၇၁၂၄

မွေးသက္ကရာဇ်/အသက်

၁၉-၁၀-၁၉၄၉ /(၆၂)နှစ်

မွေးဖွားရာဇာတိ

ရန်ကုန်မြို့

ပညာအရည်အချင်း

သိပ္ပံဘွဲ့ (ဘူမိဗေဒ)

လက်ရှိအလုပ်အကိုင်

ကျွမ်းကျင်သူ (အငြိမ်းစား)၊ ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးလှဖေ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်တင်လှ (ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သန်းသန်းနု၊ ၁၄/ပသန (နိုင်) ၀၁၀၃၆၁၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မောင်စိုးထက်သူ၊ ၁၄/ပသန (နိုင်) ၀၁၅၅၄၆၊ လက်ထောက်လဝကမှူး
(၂)
မခိုင်လဲ့လဲ့သူ၊ ၁၄/ပသန (နိုင်)၁၅၃၄၃၉၊ မှီခို
(၃) မခိုင်ခင်စု၊ ၁၂/ဒဂန (နိုင်) ၀၃၀၅၁၆၊ အရာထမ်း၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်

အမြဲတမ်းနေရပ်လိပ်စာ

အမှတ် (၉၄/၉၅)၊ ရွှေပြည်အေးလမ်း၊ (၉)ရပ်ကွက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) (ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဥ်က အ-ထ-က (၂)စမ်းချောင်းနှင့် အ-ထ-က(၁)လမ်းမတော်တို့တွင် ပညာသင်ကြားခဲ့သည်။ ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ရာ သိပ္ပံဘွဲ့(ဘူမိဗေဒ) ရရှိခဲ့သည်။
၁၉၇၂ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ သတ္တုတွင်းဝန်ကြီးဌာန ဓာတ်သတ္တုလေ့လာရေးနှင့်ရှာဖွေရေး ကော်မရှင်တွင် ဘူမိဗေဒအရာထမ်းအဖြစ် လုပ်ကိုင်ခဲ့သည်။

၁၉၉၃ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ တပ်မတော်တွင် စစ်မှုထမ်းခဲ့ရာ ဒုတိယဗိုလ်မှ ဗိုလ်မှူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၆ ခုနှစ်၂၀၁၀ ပြည့်နှစ်အထိ အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့တွင် ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အလုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း အမာခံအသင်းသားအဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း အမာခံအသင်းသားအဖြစ် ဆောင်ရွက်ခဲ့သည်။

၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှ (၂၈)ရက်နေ့အထိ ထိုင်းနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံများ သို့ (၃)နိုင်ငံ လျှပ်စစ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်း လေ့လာရန်သွားရောက်ခဲ့သည်။