ဦးသိန်းထိုက်

အမည်

ဦးသိန်းထိုက်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၃/ကဆက(နိုင်)၀၀၁၄၇၈

မွေးသက္ကရာဇ်/အသက်

၈.၂.၁၉၅၂/(၅၈)နှစ်

မွေးဖွားရာဇာတိ

စမ်းချောင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ပညာအရည်အချင်း

B.Sc (DSA), M.A (Defense)

လက်ရှိအလုပ်အကိုင်

ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း)

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးမြငွေ (ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်သန်းမြင့်(ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်မြမြဦး၊ ၃/ကဆက(နိုင်)၀၁၀၃၈၀၊ မှီခို

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

(၁) မအိသန္တာထိုက်၊ ၁၂/ မဂတ(နိုင်) ၀၈၅၂၀၅ ၊ ကျောင်းသူ
(၂)
မသင်းသန္တာထိုက်၊ ၁၂/ မဂတ(နိုင်) ၀၈၈၇၁၉၊ ကျောင်းသူ
(၃)
မောင်ဝင်းမြတ်ထိုက်၊ ၁၂/ မဂတ(နိုင်) ၀၉၇၅၉၅၊ ကျောင်းသား

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၂၄၄)၊ ငုဝါလမ်း၊ ၃၀ ရပ်ကွက်၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊(ပထမအကြိမ်)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

ငယ်စဉ်က အ-ထ-က(၁) ကြည့်မြင်တိုင်၊ အ-ထ-က(၁) စပ်ချောင်းနှင့် အ-ထ-က(၃) ကည့်မြင်တိုင်တို့တွင် ပညာသင်ကြားခဲ့သည်။ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ ပြင်ဦးလွင် စစ်တက္ကသိုလ်နှင့် ရန်ကုန်မြို့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့ပြီး B.Sc (DSA), M.A (Defense) ဘွဲ့ရရှိခဲ့သည်။

တပ်စုမှူး၊ ခလရအရာရှိအဖြစ် ကျိုက်ထိုမြို့၊ ခလရ (၉၆)တွင်လည်းကောင်း၊ တပ်ခွဲမှူး တပ်မတော်အရာရှိအဖြစ် ကလေမြို့ ခလရ (၃)၌လည်းကောင်း၊ စစ်ဦးစီးမှူး(တတိယတန်း)အဖြစ် စစ်ကိုင်းမြို့ တမခ(၃၃)တွင်လည်းကောင်း၊ တပ်ခွဲမှူး ဗိုလ်မှူးအဖြစ် ကြာအင်းဆိပ်ကြီးမြို့ ခလရ(၃၂)၌လည်းကောင်း၊ စစ်ဦးစီးမှူး (ဒုတိယတန်း)အဖြစ် မုံရွာမြို့၌လည်းကောင်း၊ ဒုတိယတပ်ရင်းမှူးအဖြစ် ပိန်းဇလုတ်မြို့ ခလရ (၂၆၄)၌ လည်းကောင်း၊ တပ်ရင်းမှူးအဖြစ် မိုင်းကိုင်မြို့ ခမရ(၅၁၄)၌ လည်းကောင်း၊ စစ်ဦးစီးမှူး (ပထမတန်း) စစ်ဆင်ရေးအဖြစ် လားရှိုးမြို့ ရမခ၌ လည်းကောင်း၊ နည်းဗျူဟာမှူးအဖြစ် အင်းတိုင် တမခ(၁၁)တွင်လည်းကောင်း၊ စစ်ဦးစီး ဗိုလ်မှူးကြီးအဖြစ် ကာကွယ်ရေးဝန်ကြီးဌာန ကက(ကြည်း)စီမံ၌လည်းကောင်း၊ စစ်ဆင်ရေးကွပ်ကဲရေးမှူးအဖြစ် ဘုတ်ပြင်းမြို့ စကခ(၁၃)၌ လည်းကောင်း၊ တပ်မတော် စစ်ဆေးရေးအရာရှိချုပ်အဖြစ် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန၌ လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

ချင်းပြည်နယ် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့သည်။