|
အမည် |
ဦးစိုးတင့် |
|
အခြားအမည် |
မရှိပါ |
|
လူမျိုး/ဘာသာ |
ဗမာ/ဗုဒ္ဓ |
|
နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် |
၁၂/အလန(နိုင်)၀၃၁၄၂၄ |
|
မွေးသက္ကရာဇ်/အသက် |
၃၀-၅-၁၉၄၅/ (၆၅)နှစ် |
|
မွေးဖွားရာဇာတိ |
ထမ္မနိုင်ကျေးရွာ၊ ကော့မှူးမြို့နယ်၊ ရန်ကုန်တိုင်း |
|
ပညာအရည်အချင်း |
ဘီအီး (မြို့ပြ)ဘွဲ့ |
|
လက်ရှိအလုပ်အကိုင် |
အင်ဂျင်နီယာချုပ် (ငြိမ်း)၊ ဆောက်လုပ်ရေးဝန်ကြီးဌာန |
|
အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဦးစိန်ဝင်း၊ မြန်မာ့မီးရထား (ကွယ်လွန်) |
|
အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်နွယ် (ကွယ်လွန်) |
|
ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
ဒေါ်အေးအေးချစ်၊ ၁၂/ အလန(နိုင်)၀၃၁၄၂၃၊ ဒါရိုက်တာ၊ စွမ်းရည်ဆောက်လုပ်ရေးကုမ္ပဏီ |
|
သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင် |
(၁) ကိုမျိုးကြည်စိုး၊ ၁၂/ကမရ(နိုင်) ၀၀၁၃၄၉၊ အုပ်ချုပ်မှုဒါရိုက်တာ၊ သီတာသုခ ဆောက်လုပ်ရေးကုမ္ပဏီ |
|
အမြဲတမ်းနေရပ်လိပ်စာ |
အမှတ်(၃၁၅)၊ဗိုလ်ချုပ်လမ်း၊ မြို့သစ်ရပ်ကွက်၊ ကော့မှူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး |
|
ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ |
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ |
|
ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ် |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကော့မှူး (ပထမအကြိမ်) |
|
ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ) |
အ-ထ-က (၅)၊ အ-ထ-က (၁)လသာနှင့် ရန်ကုန်စက်မှုတက္ကသိုလ်တို့တွင် ပညာ သင်ကြားခဲ့ပြီး ဘီအီး(မြို့ပြ)ဘွဲ့ရရှိခဲ့သည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းတွင် လက်ထောက်အင်ဂျင်နီယာအဖြစ် ရန်ကုန်-ပုသိမ်လမ်းစီမံကိန်း၌လည်းကောင်း၊ အင်ဂျင်နီယာမှူးအဖြစ် မြေစမ်းသုတေသန (သုဝဏ္ဏ)တွင် လည်းကောင်း၊ ဒုတိယအင်ဂျင်နီယာမှူးကြီးအဖြစ် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့လမ်း အထူးအဖွဲ့ (၁)တွင်လည်းကောင်း၊ အင်ဂျင်နီယာမှူးကြီးအဖြစ် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရန်ကုန်တိုင်းတို့တွင် လည်းကောင်း၊ ဒုအင်ဂျင်နီယာချုပ်အဖြစ် ရန်ကုန်တိုင်းဆောက်လုပ်ရေးပူးတွဲတာဝန်အဖြစ်လည်း ကောင်း၊ အင်ဂျင်နီယာအဖြစ် ဘိုကလေးမြို့၊ မော်လမြိုင်ကျွန်းမြို့၊ လပွတ္တာမြို့၊ ဖျာပုံမြို့တို့၌ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသလမ်းကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်တွင် တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ ဒုဥက္ကဋ္ဌတာဝန်များ ထမ်းဆောင်ခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် ခြင်းလုံးအဖွဲ့ချုပ်၏ အကောင်းဆုံးအားကစားသမားဆု၊ ၁၉၉၀ ပြည့်နှစ်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးဆု၊ ၂၀၀၄ ခုနှစ်တွင် စီမံကိန်းထူးချွန် တတိယအဆင့်နှင့် နာဂစ်မုန်တိုင်းပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဂုဏ်ပြုဆု ရရှိခဲ့သည်။ |
