ဒေါ်အောင်ဆန်းစုကြည်( ကော့မှူးမဲဆန္ဒနယ်)

အမည်

ဒေါ်အောင်ဆန်းစုကြည်

အခြားအမည်

မရှိပါ

လူမျိုး/ဘာသာ

ဗမာ/ဗုဒ္ဓ

နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်

၁၂/ဗဟန(နိုင်)၁၀၉၄၅၈

မွေးသက္ကရာဇ်/အသက်

၁၉-၆-၁၉၄၅/(၇၀)နှစ်

မွေးဖွားရာဇာတိ

ရန်ကုန်

ပညာအရည်အချင်း

MA (Oxford)

လက်ရှိအလုပ်အကိုင်

နိုင်ငံရေးသမား

အဘအမည် ၊မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဦးအောင်ဆန်း(ကွယ်လွန်)

အမိအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

ဒေါ်ခင်ကြည်(ကွယ်လွန်)

ဇနီး(သို့)ခင်ပွန်းအမည် ၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

Michael Aris(ကွယ်လွန်)

သား/သမီးအမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်

Alexander Aris, Kim Aris

အမြဲတမ်းနေရပ်လိပ်စာ

အမှတ်(၅၄-၅၆)၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

ကိုယ်စားပြုပါတီနှင့် ပါတီတာဝန်/တစ်သီးပုဂ္ဂလ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ

ရွေးကောက်တင်မြှောက်ခြင်းခံရ သည့်မဲဆန္ဒနယ်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကော့မှူးမြို့နယ်

(ပထမအကြိမ် - ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ)

ဖြစ်စဉ်အကျဉ်းချုပ်(ယနေ့အထိ)

St. Francis Convent/Methodist English High School/ Convent of jesus & Mary Lady Shri Rarm College တို့တွင် ပညာသင်ယူခဲ့သည်။ St.Hugh’s College, Oxford မှ MA ဘွဲ့ရရှိခဲ့ပါသည်။
Professional 4(UN.Secretariat), Research Officer (Foreign Ministry, Bhutan), Visiting Scholar (Kyoto University), Visiting Scholar (Indian Institute of Advance Studies Simla) တို့အဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် ၁၉၈၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ အထွေထွေအတွင်းရေးမှူးအဖြစ်ဆောင်ရွက်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှ လက်ရှိအချိန်အထိ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသည်။
၁၉၉၁ ခုနှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆုနှင့် ၂၀၁၂ ခုနှစ်တွင် Commander de Legion d’ Honor တို့ ချီးမြှင့်ခြင်းခံရသည်။