တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ
ပြည်သူ့လွှတ်တော်ရုံးမှ ၂၀၁၆ ခုနှစ် မေလ ၁၉ ရက်နေ့ပါ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် (၆၆/၂၀၁၆) ထုတ်ပြန်၍ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ကို အဖွဲ့ဝင် (၁၅) ဦးဖြင့် ဖွဲ့စည်းလိုက်သည်။
ဖွဲ့စည်းခြင်း
၁။ ပြည်သူ့လွှတ်တော်သည် ၂ဝ၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ ၂ဝ၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁ဝ၆ နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက်တို့အရ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ကို အောက်ပါပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁၅) ဦးဖြင့် ဖွဲ့စည်းလိုက်သည် -
|
(က) |
ဦးတင်ထွေး |
ဝေါ မဲဆန္ဒနယ် |
ဥက္ကဋ္ဌ |
|
(ခ) |
ဦးဝင်းဝင်း |
မင်းဘူး မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(ဂ) |
ဦးကျော်ဌေး |
လေရှီး မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(ဃ) |
ဒေါ်ခင်စန္ဒီ |
လောင်းလုံး မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(င) |
ဦးချင်းဖေလင်း |
မံစီ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(စ) |
ဦးတင်နု(ခ)တင်နုအောင် |
မာန်အောင် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(ဆ) |
ဒေါ်အေးမြမြမျိုး |
ကျောက်တန်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(ဇ) |
ဒေါက်တာဒေါ်ပြုံး |
အင်းတော် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(ဈ) |
ဦးနေကျော် |
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(ည) |
ဦးအေးမောင် |
ဘောလခဲ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(ဋ) |
ဒေါက်တာခင်မောင်သင်း |
အရာတော် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(ဌ) |
ဦးထွန်းထွန်းဝင်း |
ရမည်းသင်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
(ဍ) |
ဗိုလ်မှူးချုပ် ဝင်းမောင် |
တပ်မတော်သား ကိုယ်စားလှယ် |
အဖွဲ့ဝင် |
|
(ဎ) |
ဦးလှသန်း |
ကဝ မဲဆန္ဒနယ် |
အတွင်းရေးမှူး |
|
(ဏ) |
ဒုတိယဗိုလ်မှူးကြီအောင်ကျော်မျိုး |
တပ်မတော်သားကိုယ်စားလှယ် |
လေ့လာသူ |
|
(တ) |
ဒုတိယဗိုလ်မှူးကြီးညီညီလွင် |
တပ်မတော်သားကိုယ်စားလှယ် |
လေ့လာသူ |
|
၂။ ဤကော်မတီသည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ) အရ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဖြစ်သည်။ |
||||
|
ကော်မတီသက်တမ်း ၃။ ေကာ်မတီ၏သက်တမ်းသည် စတင်ဖွဲ့စည်းသည့်နေ့မှစ၍ တစ်နှစ်ဖြစ်သည်။ သို့ရာတွင် ကော်မတီ၏ လုပ်ငန်းတာဝန်ဆောင်ရွက်မှု အခြေအနေအရ တစ်နှစ်ပြည့်မြောက်သည့်အခါ လိုအပ်ပါက သက်တမ်းတိုးနိုင်သည်။ ၄။ လွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီ၏ သက်တမ်းကာလအတွင်း လိုအပ်ပါက ကော်မတီဝင်များကို သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်နိုင်သည်။ |
||||
|
ကော်မတီတာဝန် ၅။ ကော်မတီသည် - |
||||
|
(က) |
တရားစီရင်ရေးနှင့် ဥပဒေရေးရာလုပ်ငန်းများ မှန်ကန်မှု၊ တရားမျှတမှု ရှိစေရေးအတွက် ကူညီဆောင်ရွက်ရမည်။ |
|||
|
(ခ) |
ဥပဒေနှင့်အညီ တရားစီရင်ရေး၊ တရားရုံးအဆင့်ဆင့်တွင် သက်ဆိုင်သူများ၏ ရပိုင်ခွင့်များကို ဥပဒေ လုပ်ထုံးလုပ်နည်း များနှင့်အညီ ရရှိနိုင်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်ရမည်။ |
|||
|
(ဂ) |
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် တန်းတူညီမျှမှု အခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးတို့ကို နိုင်ငံသားတိုင်း ခံစားနိုင်ရေးအတွက် အားပေးကူညီရမည်။ |
|||
|
(ဃ) |
နိုင်ငံ့ဝန်ထမ်းများ၏ အခွင့်အရေးများ မှန်ကန်စွာရရှိရေးအတွက် စိစစ်ကူညီ ဆောင်ရွက်ရမည်။ |
|||
|
(င) |
သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန်များတွေ့ရှိက လွှတ်တော်သို့ တင်ပြရမည်။ |
|||
|
(စ) |
သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များသည် တည်ဆဲဥပဒေများနှင့် လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်း လိုက်သည့် ဥပဒေများနှင့်လည်းကောင်း ညီညွတ်ဆီလျော်အောင် ဆောင်ရွက်စေပြီး ညီညွတ်ဆီလျော်မှုရှိပါက လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့်ထိန်းညှိ ကူညီရမည်။ |
|||
|
(ဆ) |
သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြအစီရင်ခံရမည်။ |
|||
|
၆။ ကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့ အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတို့နှင့် တိုက်ရိုက်ဆက်သွယ်ပြီးဖြေကြားနိုင်သည့် တာဝန်ရှိပုဂ္ဂိုလ်များအားလည်းကောင်း၊ လုပ်ငန်းနှင့်ဆက်စပ် သော အကြောင်းအရာများကို သိရှိနားလည်သည်ဟု ယူဆသူများအားလည်းကောင်း ဖိတ်ကြား၍ ကြားနာခြင်း၊ မေးမြန်းဆွေးနွေးခြင်းနှင့် လိုအပ်သည့်အထောက်အထားများကို တင်ပြစေခြင်းပြုနိုင်သည်။ |
||||
|
၇။ ကော်မတီအစည်းအဝေးတွင် ကော်မတီဝင်တစ်ဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကိုသော်လည်းကောင်း၊ကော်မတီတွင်ဆွေးနွေးသော ဆွေးနွေးချက်များကိုသော် လည်းကောင်း ပြင်ပသို့ ပေါက်ကြားခြင်း မရှိစေရ။ ကော်မတီအစည်းအဝေးမှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးကို အသေးစိတ်မှတ်တမ်းတင်၍ ကော်မတီကအတည်ပြုထားရမည်။ ယင်းအစည်းအဝေးမှတ်တမ်းများကို ဖြန့်ဝေခြင်းမပြုရ။ လွှတ်တော်သို့ပေးပို့သော အစီရင်ခံစာမိတ္တူကို အစည်းအဝေးမှတ်တမ်းများနှင့်အတူ ပူးတွဲ၍ အမှုတွဲအဖြစ် တပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် ပြည်သူ့လွှတ်တော်ရုံးသို့ ပေးပို့ရမည်။ |
||||
|
ကော်မတီလုပ်ပိုင်ခွင့် ၈။ ကော်မတီအစည်းအဝေးများကို ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ကျင်းပရမည်။ |
||||
|
၉။ ကော်မတီက အစီရင်ခံစာတင်ပြခြင်းနှင့်စပ်လျဉ်း၍ - |
||||
|
(က) |
ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦးသည်ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြရမည်။ |
|||
|
(ခ) |
ကော်မတီဝင်များသည် ကော်မတီ၏ အစီရင်ခံစာကို သဘောတူကြောင်း လက်မှတ် ရေးထိုးရမည်။ သို့ရာတွင် သဘောကွဲလွဲချက်များရှိပါက ထိုသဘောကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ်ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင် သည်။ |
|||
|
(ဂ) |
အစီရင်ခံစာကိုတင်ပြပြီးနောက် လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်သည့်နေ့တွင် ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ်ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင် တစ်ဦးသည် အစီရင်ခံစာကို ဆွေးနွေးရန် လွှတ်တော်သို့ အဆိုတင်သွင်းရမည်။ |
|||
|
(ဃ) |
အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ချက်များ ပြုလုပ်ခွင့်မရှိ။ |
|||
|
(င) |
အစီရင်ခံစာကို ဆွေးနွေးပြီးသောအခါ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သောကော်မတီဝင်တစ်ဦးသည် အစီရင်ခံစာကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းရမည်။ |
|||
|
၁၀။ ကော်မတီဝင်များသည် - |
||||
|
(က) |
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်။ |
|||
|
(ခ) |
လွှတ်တော်ကော်မတီ အများဆုံး နှစ်ခုအထိသာ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။ |
|||
|
(ဂ) |
ကော်မတီဝင်အဖြစ်မှ နုတ်ထွက်လိုပါက ခိုင်လုံသော အကျိုးအကြောင်း ဖော်ပြလျက် လွှတ်တော်ဥက္ကဋ္ဌထံတင်ပြနိုင်ခွင့်ရှိသည်။ |
|||
|
ကော်မတီ အခွင့်အရေး ၁၁။ ကော်မတီဝင်များသည် ကော်မတီလုပ်ငန်းတာဝန်ကို ဆောင်ရွက်ရန် သို့မဟုတ် ကော်မတီ အစည်းအဝေး တက်ရောက်ရန် ကော်မတီရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌လည်းကောင်း၊ လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် လွှတ်တော်၏ တာဝန်ပေးချက်အရ ခရီးသွားလာရာ၌လည်းကောင်း ယင်းတို့နှင့် သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့်ရှိသည့် အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။ |
||||
|
၁၂။ ကော်မတီဝင်များသည်- |
||||
|
(က) |
ကော်မတီ အစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ တည်ဆဲအခြားဥပဒေ တစ်ရပ်ရပ်အရ အရေးယူခံရခြင်းမှ ကင်းလွတ် ခွင့်ရှိသည်။ |
|||
|
(ခ) |
ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း လွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင် ခွင့်ပြုချက်မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။ |
|||
|
(ဂ) |
ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီအစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိသည်။ |
|||
