|
ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ ပြည်သူ့လွှတ်တော်ရုံးမှ ၂၀၁၆ခုနှစ် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ပါ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် (၃၃/၂၀၁၆) ထုတ်ပြန်၍ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီကို အဖွဲ့ဝင် (၁၅)ဦးဖြင့် ဖွဲ့စည်းလိုက်သည်။ |
||||
|
ဖွဲ့စည်းခြင်း ၁။ ပြည်သူ့လွှတ်တော်သည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၇၊ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၀၆ နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေးဆုံးဖြတ်ချက်တို့ အရ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီကို အောက်ပါပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၅) ဦးဖြင့် ဖွဲ့စည်းလိုက် သည်- |
||||
|
(က) |
ဒေါက်တာအောင်ထွန်းခိုင် (ခ)ဦးချိန်ဝင်း |
ရေးမဲဆန္ဒနယ် |
ဥက္ကဋ္ဌ |
|
|
( ခ) |
ဦးဌေးလွင် (ခ) ဦးဒီလုံး |
နမ့်စန် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
( ဂ) |
ဦးအောင်ကျော်ဇံ |
ပေါက်တော မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဃ) |
ဦးဝင်းနိုင် |
မိုးကောင်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
( င) |
ဦးပေါလ်ဆိုင်း |
ဒီးမော့ဆို မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
( စ) |
ဒေါ်ဇင်မာအောင် |
ရန်ကင်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဆ) |
ဒေါက်တာဒေါ်ပြုံး |
အင်းတော် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
( ဇ) |
ဒေါ်ခင်သန်းနု |
မင်းတုန်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဈ) |
ဒေါက်တာဦးလင်းလင်းကျော် |
မြစ်သား မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ည) |
ဦးမင်းသိန်း |
ငါန်းဇွန် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
( ဋ) |
ဦးမင်းကြည် |
သံတွဲ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
( ဌ) |
ဦးလွင်ကိုလတ် |
သန်လျင် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
( ဍ) |
ဒေါက်တာဦးထွန်းလင်းမော် |
ကြံခင်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
|
( ဎ) |
ဦးမင်းသိုင်း |
ဘိုကလေး မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဏ) |
ဦးဝင်းဆွေ |
မော်လမြိုင်ကျွန်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(တ) |
ဦးအောင်သန်း |
သဲကုန်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ထ) |
ဗိုလ်မှူးချုပ်အောင်ဇော်လှိုင် |
တပ်မတော်သားကိုယ်စားလှယ် |
အဖွဲ့ဝင် |
|
|
( ဒ) |
ဦးတင့်စိုး |
ဖားကန့် မဲဆန္ဒနယ် |
အတွင်းရေးမှူး |
|
( ဓ) |
ဗိုလ်မှူးကြီး ထွန်းသန်းအုန်း |
တပ်မတော်သားကိုယ်စားလှယ် |
လေ့လာသူ |
|
|
|
( န) |
ဗိုလ်မှူးကြီး အေးလွင် |
တပ်မတော်သားကိုယ်စားလှယ် |
လေ့လာသူ |
|
၂။ ဤကော်မတီသည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ဇ) အရ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဖြစ်သည်။ |
||||
|
ကော်မတီ၏ သက်တမ်း |
||||
|
၃။ ကော်မတီ၏သက်တမ်းသည် စတင်ဖွဲ့စည်းသည့်နေ့မှစ၍ တစ်နှစ်ဖြစ်သည်။ သို့ရာတွင် ကော်မတီ၏ လုပ်ငန်းတာဝန် ဆောင်ရွက်မှုအခြေအနေအရ တစ်နှစ်ပြည့်မြောက်သည့်အခါ လိုအပ် ပါက သက်တမ်း တိုးနိုင်သည်။ |
||||
|
၄။ လွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီ၏ သက်တမ်းကာလအတွင်း လိုအပ်ပါက ကော်မတီဝင် များကို သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်နိုင်သည်။ ကော်မတီ၏တာဝန်များ |
||||
|
၅။ ကော်မတီသည် - |
||||
|
(က) |
ပြည်သူ့ရေးရာစီမံခန့်ခွဲမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီဆောင်ရွက် ရမည်။ |
|||
|
( ခ) |
အမျိုးသမီးများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ၏ ဘဝရှင်သန် ဖွံ့ဖြိုးတိုးတက်စေရေး ကူညီဆောင်ရွက်ရမည်။ |
|||
|
( ဂ) |
နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းခွင်အာမခံချက်ရရှိရေး၊ စားဝတ်နေမှုဖူလုံရေး၊ အငြိမ်းစား ဝန်ထမ်းများ စားဝတ်နေမှု သက်သာချောင်ချိရေး ကူညီဆောင်ရွက်ရမည်။ |
|||
|
(ဃ) |
ဘာသာ၊ သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို ကူညီဆောင်ရွက်ရမည်။ |
|||
|
|
(င) |
အမျိုးသားမှတ်ပုံတင်ရေးနှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကို ကြီးကြပ်ကူညီ ဆောင်ရွက်ရမည်။ |
||
|
|
(စ) |
သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများ ကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန်များတွေ့ရှိက လွှတ်တော်သို့ တင်ပြရမည်။ |
||
|
|
(ဆ) |
သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များသည် တည်ဆဲဥပဒေများနှင့်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်း လိုက်သည့် ဥပဒေများနှင့်လည်းကောင်း ညီညွတ်ဆီလျော်အောင် ဆောင်ရွက်စေပြီး ညီညွတ် ဆီလျော်မှု ရှိပါက လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့်ထိန်းညှိ ကူညီရမည်။ |
||
|
|
(ဇ) |
သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော် ဥက္ကဋ္ဌမှ တစ်ဆင့် လွှတ်တော်သို့ တင်ပြအစီရင်ခံရမည်။ |
||
|
၆။ ကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့အပါအဝင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတို့နှင့် တိုက်ရိုက်ဆက်သွယ်ပြီး ဖြေကြားနိုင်သည့် တာဝန်ရှိပုဂ္ဂိုလ်များအားလည်းကောင်း၊ လုပ်ငန်းနှင့် ဆက်စပ်သော အကြောင်းအရာများကို သိရှိနားလည်သည်ဟု ယူဆသူများအားလည်းကောင်း ဖိတ်ကြား၍ ကြားနာခြင်း၊ မေးမြန်းဆွေးနွေးခြင်းနှင့် လိုအပ်သည့်အထောက်အထားများကို တင်ပြ စေခြင်းပြုနိုင်သည်။ |
||||
|
၇။ ကော်မတီအစည်းအဝေးတွင် ကော်မတီဝင်တစ်ဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကို သော်လည်းကောင်း၊ ကော်မတီတွင်ဆွေးနွေးသော ဆွေးနွေးချက်များကိုသော်လည်းကောင်း ပြင်ပသို့ ပေါက်ကြားခြင်းမရှိစေရ။ ကော်မတီအစည်းအဝေးမှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးကို အသေးစိတ် မှတ်တမ်းတင်၍ ကော်မတီက အတည်ပြုထားရမည်။ ယင်းအစည်းအဝေးမှတ်တမ်း များကို ဖြန့်ဝေခြင်းမပြုရ။ လွှတ်တော်သို့ပေးပို့သော အစီရင်ခံစာမိတ္တူကို အစည်းအဝေးမှတ်တမ်း များနှင့်အတူ ပူးတွဲ၍ အမှုတွဲအဖြစ် တပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် ပြည်သူ့လွှတ်တော်ရုံးသို့ ပေးပို့ရမည်။ ကော်မတီ၏ လုပ်ပိုင်ခွင့်များ |
||||
|
၈။ ကော်မတီအစည်းအဝေးများကို ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေများပါ ပြဋ္ဌာန်းချက် များနှင့်အညီ ကျင်းပရမည်။ |
||||
|
၉။ ကော်မတီက အစီရင်ခံစာတင်ပြခြင်းနှင့်စပ်လျဉ်း၍ - |
||||
|
(က) |
ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦးသည် ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြရမည်။ |
|||
|
(ခ) |
ကော်မတီဝင်များသည် ကော်မတီ၏ အစီရင်ခံစာကို သဘောတူကြောင်း လက်မှတ် ရေးထိုးရမည်။ သို့ရာတွင် သဘောကွဲလွဲချက်များရှိပါက ထိုသဘောကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ်ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်။ |
|||
|
(ဂ) |
အစီရင်ခံစာကို တင်ပြပြီးနောက် လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်သည့်နေ့တွင် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦးသည် အစီရင်ခံစာကို ဆွေးနွေးရန် လွှတ်တော်သို့ အဆိုတင်သွင်း ရမည်။ |
|||
|
(ဃ) |
အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ချက်များ ပြုလုပ်ခွင့်မရှိ။ |
|||
|
(င) |
အစီရင်ခံစာကိုဆွေးနွေးပြီးသောအခါ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦးသည် အစီရင်ခံစာကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းရမည်။ |
|||
|
၁၀။ ကော်မတီဝင်များသည် - |
||||
|
(က) |
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်။ |
|||
|
(ခ) |
လွှတ်တော်ကော်မတီ အများဆုံး နှစ်ခုအထိသာ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။ |
|||
|
(ဂ) |
ကော်မတီဝင်အဖြစ်မှ နုတ်ထွက်လိုပါက ခိုင်လုံသော အကျိုးအကြောင်း ဖော်ပြလျက် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။ |
|||
|
ကော်မတီဝင်၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ |
||||
|
၁၁။ ကော်မတီဝင်များသည် ကော်မတီလုပ်ငန်းတာဝန်ကို ဆောင်ရွက်ရန် သို့မဟုတ် ကော်မတီ အစည်းအဝေး တက်ရောက်ရန် ကော်မတီရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌လည်းကောင်း၊ လွှတ်တော် ဥက္ကဋ္ဌ သို့မဟုတ် လွှတ်တော်၏ တာဝန်ပေးချက်အရ ခရီးသွားလာရာ၌လည်းကောင်း ယင်းတို့နှင့် သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့်ရှိ သည့်အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။ |
||||
|
၁၂။ ကော်မတီဝင်များသည်- |
||||
|
(က) |
ကော်မတီအစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော် ဆိုင်ရာဥပဒေမှအပ တည်ဆဲအခြားဥပဒေတစ်ရပ်ရပ်အရ အရေးယူခံရ ခြင်းမှ ကင်းလွတ်ခွင့် ရှိသည်။ |
|||
|
(ခ) |
ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း လွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင် ခွင့်ပြုချက် မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။ |
|||
|
(ဂ) |
ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီအစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိသည်။ |
|||
|
အမိန့်ကြော်ငြာစာအမှတ် (၃၃/၂၀၁၆) နှင့် အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၁၇) များအရ ပြန်လည် ပြုစုထားခြင်းဖြစ်ပါသည်။ |
||||
