လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ
|
ပြည်သူ့လွှတ်တော်ရုံးမှ ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ၂၄ ရက်နေ့ပါ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် (၃၁/၂၀၁၆) ထုတ်ပြန်၍ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို အဖွဲ့ဝင် (၁၅) ဦးဖြင့် ဖွဲ့စည်းလိုက်သည်။ |
|||||||||
|
၁။ ပြည်သူ့လွှတ်တော်သည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၇၊ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၀၆ နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေးဆုံးဖြတ်ချက်တို့ အရ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို အောက်ပါပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၅) ဦး ဖြင့် ဖွဲ့စည်းလိုက်သည်- |
|||||||||
|
(က) |
ဦးကြည်မိုးနိုင် |
ရေတာရှည် မဲဆန္ဒနယ် |
ဥက္ကဋ္ဌ |
||||||
|
(ခ) |
ဦးသာအောင် |
မြို့သစ် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||||||
|
(ဂ) |
ဦးဌေးဝင်း |
တာချီလိတ် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||||||
|
(ဃ) |
ဦးအေးဝင်း |
အင်္ဂပူ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||||||
|
(င) |
ဒေါက်တာဦးဇော်ဝင်းမြင့် |
စဉ့်ကူး မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||||||
|
(စ) |
ဦးမြင့်ဟန်ထွန်း |
ဘုတလင် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||||||
|
(ဆ) |
ဦးသန်းထွန်းမြင့် |
ကလေးဝ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||||||
|
(ဇ) |
ဦးမြင့်ဦး |
မကွေး မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||||||
|
(ဈ) |
ဦးလီကျိန်းဖူ (ခ) ဦးမြင့်ဆွေ |
ကုန်းကြမ်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||||||
|
(ည) |
ဦးဉာဏ်ဟိန်း |
သံဖြူဇရပ် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||||||
|
(ဋ) |
ဦးနေမျိုးထက် |
ကျောက်တံတား မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||||||
|
(ဌ) |
ဦးလှထွန်းအောင် |
မလှိုင် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||||||
|
(ဍ) |
ဦးဇော်မင်း |
အုတ်ဖို မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||||||
|
(ဎ) |
ဗိုလ်မှူးကြီး မင်းသော် |
တပ်မတော်သား ကိုယ်စားလှယ် |
အဖွဲ့ဝင် |
||||||
|
(ဏ) |
ဦးအောင်စိုးမင်း |
ရွာငံ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||||||
|
(တ) |
ဦးထွန်းဝင်း |
ကျွန်းလှ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||||||
|
(ထ) |
ဦးဝင်းမင်း |
လှိုင်သာယာ |
အဖွဲ့ဝင် |
||||||
|
(ဒ) |
ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့် |
အမရပူရ မဲဆန္ဒနယ် |
အတွင်းရေးမှူး |
||||||
|
( ဓ) |
ဗိုလ်မှူးကြီး အေးကျော်လင်း |
တပ်မတော်သားကိုယ်စားလှယ် |
လေ့လာသူ |
||||||
|
( န) |
ဒုတိယဗိုလ်မှူးကြီး ဝင်းကို |
တပ်မတော်သားကိုယ်စားလှယ် |
လေ့လာသူ |
||||||
|
၂။ ဤကော်မတီသည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ဇ) အရ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဖြစ်သည်။ |
|||||||||
|
ကော်မတီ၏ သက်တမ်း |
|||||||||
|
၃။ ကော်မတီ၏သက်တမ်းသည် စတင်ဖွဲ့စည်းသည့်နေ့မှစ၍ တစ်နှစ်ဖြစ်သည်။ သို့ရာတွင် ကော်မတီ၏ လုပ်ငန်းတာဝန် ဆောင်ရွက်မှုအခြေအနေအရ တစ်နှစ်ပြည့်မြောက်သည့်အခါ လိုအပ်ပါက သက်တမ်း တိုးနိုင်သည်။ |
|||||||||
|
၄။ လွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီ၏ သက်တမ်းကာလအတွင်း လိုအပ်ပါက ကော်မတီဝင်များကို သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်နိုင်သည်။ ကော်မတီ၏တာဝန်များ |
|||||||||
|
၅။ ကော်မတီသည် - |
|||||||||
|
(က) |
လျှပ်စစ်နှင့် စွမ်းအင်မူဝါဒများချမှတ်ရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုး ကို ရှေးရှု ဆောင်ရွက်ခြင်းရှိ မရှိ စိစစ်ရမည်။ |
||||||||
|
( ခ) |
လျှပ်စစ်နှင့် စွမ်းအင်များထုတ်ယူရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံး ဖြစ်စေရေး ကြိုတင်ဆောင်ရွက်ထားခြင်းရှိ မရှိ အလေးထားစိစစ်ရမည်။ |
||||||||
|
( ဂ) |
လျှပ်စစ်နှင့် စွမ်းအင်များ ထုတ်ယူသုံးစွဲရာတွင် ပြည်တွင်းသုံးစွဲမှုကို ဦးစားပေးရေး ကူညီ ဆောင်ရွက်ရမည်။ |
||||||||
|
(ဃ) |
နိုင်ငံတော်တွင် လျှပ်စစ်ကဏ္ဍလိုအပ်ချက်များ ပြည့်မီဖူလုံရေး၊ ကဏ္ဍအလိုက် ဖွံ့ဖြိုးရေး အတွက် ကူညီဆောင်ရွက်ရမည်။ |
||||||||
|
(င) |
ကျေးလက်ဒေသများတွင် လျှပ်စစ်ဓာတ်အား ပိုမိုရရှိသုံးစွဲနိုင်ရေးအတွက် နည်းပညာနှင့် ငွေကြေးဆိုင်ရာ ပံ့ပိုးမှုများရရှိရန် ကူညီဆောင်ရွက်ရမည်။ |
||||||||
|
(စ) |
ကျေးလက်ဒေသများတွင် စွမ်းအင်သုံးစွဲရာ၌ ရေရှည်တည်တံ့ခိုင်မြဲပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပါးသော သုံးစွဲနည်းစနစ်ဖွံ့ဖြိုးရန် ကူညီဆောင်ရွက် ရမည်။ |
||||||||
|
(ဆ) |
သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေ များကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန်များတွေ့ရှိက လွှတ်တော် သို့ တင်ပြရမည်။ |
||||||||
|
(ဇ) |
သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ သည် တည်ဆဲဥပဒေများနှင့်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်း လိုက်သည့် ဥပဒေများနှင့်လည်းကောင်း ညီညွတ်ဆီလျော်အောင် ဆောင်ရွက်စေပြီး ညီညွတ် ဆီလျော်မှုရှိပါက လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့်ထိန်းညှိ ကူညီရမည်။ |
||||||||
|
(ဈ) |
သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြအစီရင်ခံရမည်။ |
||||||||
|
၆။ ကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့အပါအဝင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတို့နှင့် တိုက်ရိုက်ဆက်သွယ်ပြီး ဖြေကြားနိုင်သည့် တာဝန်ရှိပုဂ္ဂိုလ်များအားလည်းကောင်း၊ လုပ်ငန်းနှင့် ဆက်စပ် သော အကြောင်းအရာများကို သိရှိနားလည်သည်ဟု ယူဆသူများအားလည်းကောင်း ဖိတ်ကြား၍ ကြားနာ ခြင်း၊ မေးမြန်းဆွေးနွေးခြင်းနှင့် လိုအပ်သည့်အထောက်အထားများကို တင်ပြ စေခြင်းပြုနိုင်သည်။ |
|||||||||
|
၇။ ကော်မတီအစည်းအဝေးတွင် ကော်မတီဝင်တစ်ဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကို သော်လည်းကောင်း၊ ကော်မတီတွင်ဆွေးနွေးသော ဆွေးနွေးချက်များကိုသော်လည်းကောင်း ပြင်ပသို့ ပေါက်ကြားခြင်းမရှိစေရ။ ကော်မတီအစည်းအဝေးမှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးကို အသေးစိတ် မှတ်တမ်းတင်၍ ကော်မတီကအတည်ပြုထားရမည်။ ယင်းအစည်းအဝေးမှတ်တမ်းများကို ဖြန့်ဝေခြင်း မပြုရ။ လွှတ်တော်သို့ပေးပို့သော အစီရင်ခံစာမိတ္တူကို အစည်းအဝေးမှတ်တမ်းများနှင့်အတူ ပူးတွဲ၍ အမှုတွဲအဖြစ် တပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် ပြည်သူ့လွှတ်တော်ရုံးသို့ ပေးပို့ရမည်။ ကော်မတီ၏ လုပ်ပိုင်ခွင့်များ |
|||||||||
|
၈။ ကော်မတီအစည်းအဝေးများကို ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေများပါ ပြဋ္ဌာန်းချက် များနှင့်အညီ ကျင်းပရမည်။ |
|||||||||
|
၉။ ကော်မတီက အစီရင်ခံစာတင်ပြခြင်းနှင့်စပ်လျဉ်း၍ - |
|||||||||
|
(က) |
ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦးသည် ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြရမည်။ |
||||||||
|
(ခ) |
ကော်မတီဝင်များသည် ကော်မတီ၏ အစီရင်ခံစာကို သဘောတူကြောင်း လက်မှတ် ရေးထိုးရမည်။ သို့ရာတွင် သဘောကွဲလွဲချက်များရှိပါက ထိုသဘောကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ်ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်။ |
||||||||
|
(ဂ) |
အစီရင်ခံစာကို တင်ပြပြီးနောက် လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်သည့်နေ့တွင် ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင် တစ်ဦးသည် အစီရင်ခံစာကို ဆွေးနွေးရန် လွှတ်တော်သို့ အဆိုတင်သွင်း ရမည်။ |
||||||||
|
(ဃ) |
အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ချက်များ ပြုလုပ်ခွင့်မရှိ။ |
||||||||
|
(င) |
အစီရင်ခံစာကိုဆွေးနွေးပြီးသောအခါ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦးသည် အစီရင်ခံစာကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းရမည်။ |
||||||||
|
၁၀။ ကော်မတီဝင်များသည် - |
|||||||||
|
(က) |
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်။ |
||||||||
|
(ခ) |
လွှတ်တော်ကော်မတီ အများဆုံး နှစ်ခုအထိသာ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။ |
||||||||
|
(ဂ) |
ကော်မတီဝင်အဖြစ်မှ နုတ်ထွက်လိုပါက ခိုင်လုံသော အကျိုးအကြောင်း ဖော်ပြလျက် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။ |
||||||||
|
ကော်မတီဝင်၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ |
|||||||||
|
၁၁။ ကော်မတီဝင်များသည် ကော်မတီလုပ်ငန်းတာဝန်ကို ဆောင်ရွက်ရန် သို့မဟုတ် ကော်မတီ အစည်းအဝေး တက်ရောက်ရန် ကော်မတီရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌လည်းကောင်း၊ လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် လွှတ်တော်၏ တာဝန်ပေးချက်အရ ခရီးသွားလာရာ၌လည်းကောင်း ယင်းတို့နှင့် သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့်ရှိ သည့်အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။ |
|||||||||
|
၁၂။ ကော်မတီဝင်များသည်- |
|||||||||
|
(က) |
ကော်မတီအစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်ဆိုင်ရာဥပဒေမှအပ တည်ဆဲအခြားဥပဒေတစ်ရပ်ရပ်အရ အရေးယူခံရ ခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။ |
||||||||
|
(ခ) |
ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း လွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင် ခွင့်ပြုချက် မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။ |
||||||||
|
(ဂ) |
ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီအစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိသည်။ |
||||||||
|
|
|||||||||
|
အမိန့်ကြော်ငြာစာအမှတ် (၈/၂၀၂၀)အရ ပြန်လည်ပြုစုထားခြင်းဖြစ်ပါသည်။ |
