|
ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ
ပြည်သူ့လွှတ်တော်ရုံးမှ ၂၀၁၆ခုနှစ် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ပါ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် (၃၀/၂၀၁၆) ထုတ်ပြန်၍ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေးကော်မတီကို အဖွဲ့ဝင် (၁၅) ဦးဖြင့် ဖွဲ့စည်းလိုက်သည်။
|
|
ဖွဲ့စည်းခြင်း
၁။ ပြည်သူ့လွှတ်တော်သည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက်တို့အရ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို အောက်ပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁၅) ဦးဖြင့် ဖွဲ့စည်းလိုက်သည် -
|
| |
(က)
|
ဦးဝင်းသိန်းဇော်
|
ဆားလင်းကြီး မဲဆန္ဒနယ်
|
ဥက္ကဋ္ဌ
|
| |
(ခ)
|
ဦးအေးမင်းအောင် (ခ) ဦးမင်းမင်း
|
ပေါင်းတည် မဲဆန္ဒနယ်
|
အဖွဲ့ဝင်
|
| |
(ဂ)
|
ဦးသန်းညွှန့်
|
ဖြူး မဲဆန္ဒနယ်
|
အဖွဲ့ဝင်
|
| |
(ဃ)
|
ဦးနေလင်းထွန်း
|
ဘုတ်ပြင်း မဲဆန္ဒနယ်
|
အဖွဲ့ဝင်
|
| |
(င)
|
ဦးကျော်စိုး
|
ဗန်းမောက် မဲဆန္ဒနယ်
|
အဖွဲ့ဝင်
|
| |
(စ)
|
ဦးသန့်ဇင်ထွန်း
|
ဒက္ခိဏသီရိ မဲဆန္ဒနယ်
|
အဖွဲ့ဝင်
|
| |
(ဆ)
|
ဒေါက်တာဦးအောင်နိုင်
|
သပိတ်ကျင်း မဲဆန္ဒနယ်
|
အဖွဲ့ဝင်
|
| |
(ဇ)
|
ဦးအုန်းလွင်
|
ညောင်တုန်း မဲဆန္ဒနယ်
|
အဖွဲ့ဝင်
|
| |
(ဈ) |
ဦးအောင်ကြည်သိန်း |
ချောင်းဆုံ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
| |
(ည)
|
ဦးအောင်ခင်ဝင်း |
မြိုင် မဲဆန္ဒနယ်
|
အဖွဲ့ဝင်
|
| |
(ဋ) |
ဦးညွန့်အောင် |
မုံရွာ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
| |
(ဌ)
|
ဒေါက်တာဒေါ်သက်သက်ခိုင်
|
ဒဂုံ မဲဆန္ဒနယ်
|
အဖွဲ့ဝင်
|
| |
(ဍ)
|
ဦးဖိုးမောင်
|
ဖယ်ခုံ မဲဆန္ဒနယ်
|
အဖွဲ့ဝင်
|
| |
(ဎ)
|
ဦးနှီယာအုပ်
|
ဟားခါး မဲဆန္ဒနယ်
|
အဖွဲ့ဝင်
|
| |
(ဏ)
|
ဗိုလ်မှူးချုပ်ထွန်းမြတ်ရွှေ
|
တပ်မတော်သားကိုယ်စားလှယ်
|
အဖွဲ့ဝင်
|
| |
(တ)
|
ဦးစိုးမြင့်(ခ)ဦးစိုးလွင်
|
ငဖဲ မဲဆန္ဒနယ်
|
အဖွဲ့ဝင်
|
|
|
(ထ)
|
ဦးစိုးစံသက်ထွန်း
|
မြင်းမူ မဲဆန္ဒနယ်
|
အဖွဲ့ဝင်
|
| |
( ဒ)
|
ဦးအောင်ကျော်ကျော်ဦး
|
လှိုင် မဲဆန္ဒနယ်
|
အတွင်းရေးမှူး
|
| |
(ဓ)
|
ဒုတိယဗိုလ်မှူးကြီး ခင်မောင်ကြည်
|
တပ်မတော်သားကိုယ်စားလှယ် |
လေ့လာသူ |
| |
(န)
|
ဒုတိယဗိုလ်မှူးကြီး ဇော်မင်းဦး
|
တပ်မတော်သားကိုယ်စားလှယ်
|
လေ့လာသူ
|
|
၂။ ဤကော်မတီသည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ) အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်သည်။
|
|
ကော်မတီသက်တမ်း
၃။ ကော်မတီ၏သက်တမ်းသည် စတင်ဖွဲ့စည်းသည့်နေ့မှစ၍ တစ်နှစ်ဖြစ်သည်။ သို့ရာတွင် ကော်မတီ၏ လုပ်ငန်းတာဝန် ဆောင်ရွက်မှုအခြေအနေအရ တစ်နှစ်ပြည့်မြောက်သည့်အခါ လိုအပ်ပါက သက်တမ်းတိုးနိုင်သည်။
|
|
၄။ လွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီ၏ သက်တမ်းကာလအတွင်း လိုအပ်ပါက ကော်မတီဝင်များကို သင့်လျော်သလိုလဲလှယ်အစားထိုး တာဝန်ပေးအပ်နိုင်သည်။
|
|
ကော်မတီတာဝန်
၅။ ကော်မတီသည် -
|
| |
(က)
|
ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီ ဆောင်ရွက်ပေးရမည်။
|
| |
(ခ)
|
သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီဆောင်ရွက်ပေးရမည်။
|
| |
(ဂ)
|
လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရေးအတွက် လိုအပ်သည်များ ကူညီဖြည့်ဆည်းပေးရမည်။
|
| |
(ဃ)
|
အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဖြည့်ဆည်း ပေးရမည်။
|
| |
(င)
|
သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန်များတွေ့ရှိက လွှတ်တော်သို့ တင်ပြရမည်။
|
| |
(စ)
|
သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များသည် တည်ဆဲဥပဒေများနှင့် လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်း လိုက်သည့် ဥပဒေများနှင့်လည်းကောင်း ညီညွတ်ဆီလျော်အောင် ဆောင်ရွက်စေပြီး ညီညွတ်ဆီလျော်မှုရှိပါက လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့်ထိန်းညှိ ကူညီရမည်။
|
| |
(ဆ)
|
သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြအစီရင်ခံရမည်။
|
|
၆။ ကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့ အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတို့နှင့် တိုက်ရိုက်ဆက်သွယ်ပြီးဖြေကြားနိုင်သည့် တာဝန်ရှိပုဂ္ဂိုလ်များအားလည်းကောင်း၊ လုပ်ငန်းနှင့်ဆက်စပ် သော အကြောင်းအရာများကို သိရှိနားလည်သည်ဟု ယူဆသူများအားလည်းကောင်း ဖိတ်ကြား၍ ကြားနာခြင်း၊ မေးမြန်းဆွေးနွေးခြင်းနှင့် လိုအပ်သည့်အထောက်အထားများကို တင်ပြစေခြင်းပြုနိုင်သည်။
|
|
၇။ ကော်မတီအစည်းအဝေးတွင် ကော်မတီဝင်တစ်ဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကိုသော်လည်းကောင်း၊ကော်မတီတွင်ဆွေးနွေးသော ဆွေးနွေးချက်များကိုသော် လည်းကောင်း ပြင်ပသို့ ပေါက်ကြားခြင်း မရှိစေရ။ ကော်မတီအစည်းအဝေးမှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးကို အသေးစိတ်မှတ်တမ်းတင်၍ ကော်မတီကအတည်ပြုထားရမည်။ ယင်းအစည်းအဝေးမှတ်တမ်းများကို ဖြန့်ဝေခြင်းမပြုရ။ လွှတ်တော်သို့ပေးပို့သော အစီရင်ခံစာမိတ္တူကို အစည်းအဝေးမှတ်တမ်းများနှင့်အတူ ပူးတွဲ၍ အမှုတွဲအဖြစ် တပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် ပြည်သူ့လွှတ်တော်ရုံးသို့ ပေးပို့ရမည်။
|
|
ကော်မတီလုပ်ပိုင်ခွင့်
၈။ ကော်မတီအစည်းအဝေးများကို ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ကျင်းပရမည်။
|
|
၉။ ကော်မတီက အစီရင်ခံစာတင်ပြခြင်းနှင့်စပ်လျဉ်း၍ -
|
| |
(က)
|
ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦးသည်ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြရမည်။
|
| |
(ခ)
|
ကော်မတီဝင်များသည် ကော်မတီ၏ အစီရင်ခံစာကို သဘောတူကြောင်း လက်မှတ် ရေးထိုးရမည်။ သို့ရာတွင် သဘောကွဲလွဲချက်များရှိပါက ထိုသဘောကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ်ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင် သည်။
|
| |
(ဂ)
|
အစီရင်ခံစာကိုတင်ပြပြီးနောက် လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်သည့်နေ့တွင် ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ်ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင် တစ်ဦးသည် အစီရင်ခံစာကို ဆွေးနွေးရန် လွှတ်တော်သို့ အဆိုတင်သွင်းရမည်။
|
| |
(ဃ)
|
အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ချက်များ ပြုလုပ်ခွင့်မရှိ။
|
| |
(င)
|
အစီရင်ခံစာကို ဆွေးနွေးပြီးသောအခါ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သောကော်မတီဝင်တစ်ဦးသည် အစီရင်ခံစာကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းရမည်။
|
|
၁၀။ ကော်မတီဝင်များသည် -
|
| |
(က)
|
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်။
|
| |
(ခ)
|
လွှတ်တော်ကော်မတီ အများဆုံး နှစ်ခုအထိသာ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။
|
| |
(ဂ)
|
ကော်မတီဝင်အဖြစ်မှ နုတ်ထွက်လိုပါက ခိုင်လုံသော အကျိုးအကြောင်း ဖော်ပြလျက် လွှတ်တော်ဥက္ကဋ္ဌထံတင်ပြနိုင်ခွင့်ရှိသည်။
|
|
ကော်မတီ အခွင့်အရေး
၁၁။ ကော်မတီဝင်များသည် ကော်မတီလုပ်ငန်းတာဝန်ကို ဆောင်ရွက်ရန် သို့မဟုတ် ကော်မတီ အစည်းအဝေး တက်ရောက်ရန် ကော်မတီရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌လည်းကောင်း၊ လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် လွှတ်တော်၏ တာဝန်ပေးချက်အရ ခရီးသွားလာရာ၌လည်းကောင်း ယင်းတို့နှင့် သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့်ရှိသည့် အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။
|
|
၁၂။ ကော်မတီဝင်များသည်-
|
| |
(က)
|
ကော်မတီ အစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ တည်ဆဲအခြားဥပဒေ တစ်ရပ်ရပ်အရ အရေးယူခံရခြင်းမှ ကင်းလွတ် ခွင့်ရှိသည်။
|
| |
(ခ)
|
ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း လွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင် ခွင့်ပြုချက်မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။
|
| |
(ဂ)
|
ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီအစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိသည်။
|