|
တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီ ပြည်သူ့လွှတ်တော်ရုံးမှ ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ပါ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် (၂၁/၂၀၁၆) ထုတ်ပြန်၍ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီကို အဖွဲ့ဝင် (၁၅) ဦးဖြင့် ဖွဲ့စည်းလိုက်သည်။ |
||||
|
ဖွဲ့စည်းခြင်း ၁။ ပြည်သူ့လွှတ်တော်သည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၇၊ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက် တို့အရ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီကို အောက်ပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်သည်- |
||||
|
|
(က) |
ဦးကျော်မြင့် |
တိုက်ကြီး မဲဆန္ဒနယ် |
ဥက္ကဋ္ဌ |
|
|
(ခ) |
ဦးစောတင်ဝင်း |
ကြာအင်းဆိပ်ကြီး မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဂ) |
ဦးဇော်မင်းသိန်း |
လေးမျက်နှာ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဃ) |
ဦးလဂန်ဇယ်ဂျုံး |
ဝိုင်းမော် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(င) |
ဦးရွှေလှကြိုင် |
ကန်ကြီးထောင့် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(စ) |
ဦးကျော်မျိုးမင်း |
မိုးညို မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဆ) |
ဦးမြတ်လေးဦး |
ထီးလင်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဇ) |
ဦးထွန်းထွန်းနိုင် |
ကနီ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဈ) |
ဦးဇော်မင်းလွင် |
မတ္တရာ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ည) |
ဦးအောင်မြင့်ရှိန် |
မဘိမ်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဋ) |
ဦးစိုင်းဘသိန်း |
လင်းခေး မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဌ) |
ဒေါ်နီနီမေမြင့် |
တောင်ကုတ် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဍ) |
ဦးဖေသန်း |
မြေပုံ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဎ) |
ဗိုလ်မှူးချုပ်အောင်သီဟ |
တပ်မတော်သား ကိုယ်စားလှယ် |
အဖွဲ့ဝင် |
|
|
(ဏ) |
ဦးမြင့်သိန်း |
ဝက်လက် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(တ) |
ဦးစိုင်းထွန်းအောင် |
မိုင်းယောင်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ထ) |
ဦးနိုင်သောင်းညွန့် |
မော်လမြိုင် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဒ) |
ဦးသိန်းထွန်း |
ကျောင်းကုန်း မဲဆန္ဒနယ် |
အတွင်းရေးမှူး |
|
|
(ဓ) |
ဗိုလ်မှူးကြီး/ဒုတိယဗိုလ်မှူးကြီးအောင်ကျော်ဦး |
တပ်မတော်သားကိုယ်စားလှယ် |
လေ့လာသူ |
|
|
(န) |
ဒုတိယဗိုလ်မှူးကြီးသိမ်းထွဋ် |
တပ်မတော်သားကိုယ်စားလှယ် |
လေ့လာသူ |
|
၂။ ဤကော်မတီသည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ) အရ ပြည်ထောင်စု အဆင့်အဖွဲ့အစည်း ဖြစ်သည်။ |
||||
|
ကော်မတီသက်တမ်း |
||||
|
၃။ ကော်မတီ၏သက်တမ်းသည် စတင်ဖွဲ့စည်းသည့် နေ့မှစ၍ တစ်နှစ်ဖြစ်သည်။ သို့ရာတွင် ကော်မတီ၏ လုပ်ငန်း တာဝန်ဆောင်ရွက်မှု အခြေအနေအရ တစ်နှစ် ပြည့်မြောက်သည့်အခါ လိုအပ်ပါက သက်တမ်းတိုးနိုင်သည်။ |
||||
|
၄။ လွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီ၏ သက်တမ်းကာလအတွင်း လိုအပ်ပါက ကော်မတီဝင်များ ကိုသင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်နိုင်သည်။ |
||||
|
ကော်မတီတာဝန် ၅။ ကော်မတီသည် - |
||||
|
|
(က) |
တောင်သူလယ်သမားနှင့် အလုပ်သမားများဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး အတွက် ကူညီဆောင်ရွက်ပေးရမည်။ |
||
|
|
( ခ) |
တောင်သူလယ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရမည်။ |
||
|
|
( ဂ) |
စိုက်ပျိုးရေးထုတ်လုပ်သည့် ကောက်ပဲသီးနှံများ သင့်တင့်မျှတသည့် တန်ဖိုးရရှိရန် ကူညီဆောင်ရွက်ရမည်။ |
||
|
|
(ဃ) |
အလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရမည်။ |
||
|
|
( င) |
ပြည်သူများ အလုပ်လက်မဲ့ နည်းပါးစေရန် တတ်နိုင်သမျှ ကူညီဆောင်ရွက်ရမည်။ |
||
|
|
( စ) |
သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန်များ တွေ့ရှိက လွှတ်တော်သို့ တင်ပြရမည်။ |
||
|
|
(ဆ) |
သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများသည် တည်ဆဲဥပဒေများနှင့် လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းလိုက်သည့် ဥပဒေများနှင့်လည်းကောင်း ညီညွတ် ဆီလျော်အောင် ဆောင် ရွက်စေပြီး ညီညွတ်ဆီလျော်မှုရှိပါက လိုက်နာ ဆောင်ရွက်မှုကို စောင့်ကြည့်ထိန်းညှိ ကူညီရမည်။ |
||
|
|
( ဇ) |
သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြစာများကို ကြားနာစိစစ်၍ လွှတ်တော် ဥက္ကဋ္ဌမှ တဆင့် လွှတ်တော်သို့ တင်ပြအစီရင်ခံရမည်။ |
||
|
၆။ ကော်မတီသည် ပြည်ထောင်စု အစိုးရအဖွဲ့ အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတို့နှင့် တိုက်ရိုက် ဆက်သွယ်ပြီး ဖြေကြားနိုင်သည့် တာဝန်ရှိ ပုဂ္ဂိုလ်များအားလည်းကောင်း၊ လုပ်ငန်းနှင့် ဆက်စပ်သော အကြောင်း အရာများကို သိရှိနားလည်သည်ဟု ယူဆသူများအားလည်းကောင်း ဖိတ်ကြား၍ ကြားနာခြင်း၊ မေးမြန်းဆွေးနွေးခြင်းနှင့် လိုအပ်သည့် အထောက်အထားများက တင်ပြ စေခြင်းပြုနိုင်သည်။ |
||||
|
၇။ ကော်မတီ အစည်းအဝေးတွင် ကော်မတီဝင် တစ်ဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကို သော်လည်းကောင်း၊ ကော်မတီတွင် ဆွေးနွေးသော ဆွေးနွေးချက်များကိုသော် လည်းကောင်း၊ ပြင်ပသို့ ပေါက်ကြားခြင်း မရှိစေရ။ ကော်မတီ အစည်းအဝေး မှတ်တမ်းတွင် ဆွေးနွေးချက် အားလုံးကို အသေးစိတ် မှတ်တမ်းတင်၍ ကော်မတီက အတည်ပြုထားရမည်။ ယင်း အစည်းအဝေး မှတ်တမ်းများကို ဖြန့်ဝေခြင်း မပြုရ။ လွှတ်တော်သို့ ပေးပို့သော အစီရင်ခံစာ မိတ္တူကို အစည်းအဝေး မှတ်တမ်းများနှင့်အတူ ပူးတွဲ၍ အမှုတွဲ အဖြစ် တပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် ပြည်သူ့လွှတ်တော်ရုံးသို့ ပေးပို့ရမည်။ |
||||
|
ကော်မတီလုပ်ပိုင်ခွင့် |
||||
|
၈။ ကော်မတီအစည်းအဝေးများကို ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ကျင်းပရမည်။ |
||||
|
၉။ ကော်မတီက အစီရင်ခံစာတင်ပြခြင်းနှင့်စပ်လျဉ်း၍ - |
||||
|
|
(က) |
ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင် တစ်ဦးသည် ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြရမည်။ |
||
|
|
( ခ) |
ကော်မတီဝင်များသည် ကော်မတီ၏ အစီရင်ခံစာကို သဘောတူကြောင်း လက်မှတ် ရေးထိုးရမည်။ သို့ရာတွင် သဘောကွဲလွဲချက်များ ရှိပါက ထိုသဘော ကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ် ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲ ဖော်ပြနိုင်သည်။ |
||
|
|
( ဂ) |
အစီရင်ခံစာကို တင်ပြပြီးနောက် လွှတ်တော် ဥက္ကဋ္ဌက သတ်မှတ်သည့်နေ့တွင် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင် တစ်ဦးသည် အစီရင်ခံစာကို ဆွေးနွေးရန် လွှတ်တော်သို့ အဆို တင်သွင်းရမည်။ |
||
|
|
(ဃ) |
အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်များက ပြင်ဆင်ချက်များ ပြုလုပ်ခွင့် မရှိ။ |
||
|
|
( င) |
အစီရင်ခံစာကို ဆွေးနွေးပြီးသောအခါ ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန် ပေးအပ်သော ကော်မတီဝင် တစ်ဦးသည် အစီရင်ခံစာကို လွှတ်တော်က သဘောတူ လက်ခံရန် အဆိုတင်သွင်းရမည်။ |
||
|
၁၀။ ကော်မတီဝင်များသည် - |
||||
|
|
(က) |
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်။ |
||
|
|
( ခ) |
လွှတ်တော်ကော်မတီ အများဆုံး နှစ်ခုအထိသာ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။ |
||
|
|
( ဂ) |
ကော်မတီဝင်အဖြစ်မှ နုတ်ထွက်လိုပါက ခိုင်လုံသော အကျိုးအကြောင်း ဖော်ပြလျက် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။ |
||
|
ကော်မတီအခွင့်အရေး |
||||
|
၁၁။ ကော်မတီဝင်များသည် ကော်မတီ လုပ်ငန်းတာဝန်ကို ဆောင်ရွက်ရန် သို့မဟုတ် ကော်မတီ အစည်းအဝေး တက်ရောက်ရန် ကော်မတီရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌ လည်းကောင်း၊ လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် လွှတ်တော်၏ တာဝန်ပေးချက်အရ ခရီးသွားလာရာ၌ လည်းကောင်း ယင်းတို့နှင့် သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့် ရှိသည့်အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။ |
||||
|
၁၂။ ကော်မတီဝင်များသည် - |
||||
|
|
(က) |
ကော်မတီ အစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များ နှင့်စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော် ဆိုင်ရာ ဥပဒေမှအပ တည်ဆဲအခြား ဥပဒေတစ်ရပ်ရပ်အရ အရေးယူ ခံရခြင်းမှ ကင်းလွတ်ခွင့် ရှိသည်။ |
||
|
|
( ခ) |
ကော်မတီ အစည်းအဝေး တက်ရောက်နေစဉ်အတွင်း လွှတ်တော် ဥက္ကဋ္ဌ၏ ကြိုတင် ခွင့်ပြုချက် မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။ |
||
|
|
( ဂ) |
ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်း မခံရမီ လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီ အစည်းအဝေးများသို့ တက်ရောက်ခွင့် ရှိသည်။ |
||
|
အမိန့်ကြော်ငြာစာအမှတ် (၃၈/၂၀၁၆)၊ အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၁၇) နှင့် အမိန့်ကြော်ငြာစာအမှတ် (၃၆/၂၀၁၇) များအရ ပြန်လည်ပြုစုထားခြင်း ဖြစ်ပါသည်။ |
||||
