|
ပြည်သူ့လွှတ်တော်ရုံးမှ ၂၀၁၆ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၁၉ ရက်နေ့ပါ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် (၂၃/၂၀၁၆) ထုတ်ပြန်၍ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို အဖွဲ့ဝင် (၁၅)ဦးဖြင့် ဖွဲ့စည်းလိုက်သည်။
|
|
ဖွဲ့စည်းခြင်း
၁။ ပြည်သူ့လွှတ်တော်သည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ နှင့်ပြည်သူ့လွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက် တို့အရ ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုး တက်ရေးကော်မတီကို အောက်ပါပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁၅) ဦးဖြင့် ဖွဲ့စည်းလိုက်သည် -
|
(က)
|
ဒေါ်ခင်စန်းလှိုင်
|
ပုလဲ မဲဆန္ဒနယ်
|
ဥက္ကဋ္ဌ
|
|
(ခ)
|
ဦးအောင်စိုး
|
ယင်းမာပင် မဲဆန္ဒနယ်
|
အဖွဲ့ဝင်
|
|
(ဂ)
|
ဦးစိုးအောင်နိုင်
|
ကျုံပျော် မဲဆန္ဒနယ်
|
အဖွဲ့ဝင်
|
|
(ဃ)
|
ဦးမျိုးဇော်ဦး
|
လယ်ဝေး မဲဆန္ဒနယ်
|
အဖွဲ့ဝင်
|
|
(င)
|
ဦးရဲထွန်းဝင်း
|
ပေါက် မဲဆန္ဒနယ်
|
အဖွဲ့ဝင်
|
|
(စ)
|
ဦးသက်နိုင်ဦး
|
ရေဖြူ မဲဆန္ဒနယ်
|
အဖွဲ့ဝင်
|
|
(ဆ)
|
ဦးခွန်အောင်ကျော်
|
ဟိုပုန်း မဲဆန္ဒနယ်
|
အဖွဲ့ဝင်
|
|
(ဇ)
|
ဦးဦးလှစော
|
မြောက်ဦး မဲဆန္ဒနယ်
|
အဖွဲ့ဝင်
|
|
(ဈ)
|
ဦးစိုင်းထွန်းအောင်
|
ကျောက်မဲ မဲဆန္ဒနယ်
|
အဖွဲ့ဝင်
|
|
(ည)
|
ဦးသောင်းအေး
|
ပျော်ဘွယ် မဲဆန္ဒနယ်
|
အဖွဲ့ဝင်
|
|
(ဋ)
|
ဦးသန်းစိုး
|
သာစည် မဲဆန္ဒနယ်
|
အဖွဲ့ဝင်
|
|
(ဌ)
|
ဗိုလ်မှူးချုပ်သက်ထွန်းအောင်
|
တပ်မတော်သားကိုယ်စားလှယ်
|
အဖွဲ့ဝင်
|
|
(ဍ)
|
ဦးနေစိုးအောင်
|
ဝန်းသို မဲဆန္ဒနယ်
|
အဖွဲ့ဝင်
|
|
(ဎ)
|
ဒေါ်ခင်မို့မို့အောင်
|
လသာ မဲဆန္ဒနယ်
|
အဖွဲ့ဝင်
|
|
(ဏ)
|
ဦးတင်ထွန်းနိုင်
|
ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်
|
အတွင်းရေးမှူး
|
|
(တ)
|
ဗိုလ်မှူးကြီးဟန်သူ
|
တပ်မတော်သားကိုယ်စားလှယ်
|
လေ့လာသူ
|
|
(ထ)
|
ဒုတိယဗိုလ်မှူးကြီးမျိုးဝင်းလှိုင်
|
တပ်မတော်သားကိုယ်စားလှယ်
|
လေ့လာသူ
|
|
|
၂။ ဤကော်မတီသည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ဇ) အရ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဖြစ်သည်။
|
|
ကော်မတီသက်တမ်း
၃။ ကော်မတီ၏သက်တမ်းသည် စတင်ဖွဲ့စည်းသည့်နေ့မှစ၍ တစ်နှစ်ဖြစ်သည်။ သို့ရာတွင် ကော်မတီ၏ လုပ်ငန်း တာဝန်ဆောင်ရွက်မှု အခြေအနေအရ တစ်နှစ်ပြည့်မြောက်သည့်အခါ လိုအပ်ပါ ကသက်တမ်းတိုးနိုင်သည်။
|
|
၄။ လွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီ၏ သက်တမ်းကာလအတွင်း လိုအပ်ပါက ကော်မတီဝင်များကို သင့်လျော်သလိုလဲလှယ်အစားထိုး တာဝန်ပေးအပ်နိုင်သည်။
|
|
၅။ ကော်မတီသည် -
|
| |
(က)
|
ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီဆောင်ရွက်ပေးရမည်။
|
| |
( ခ)
|
သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ် ပြဋ္ဌာန်းရန်များ တွေ့ရှိက လွှတ်တော်သို့ တင်ပြရမည်။
|
| |
( ဂ)
|
သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ သည် တည်ဆဲဥပဒေများနှင့်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းလိုက် သည့် ဥပဒေများနှင့် လည်းကောင်း ညီညွတ် ဆီလျော်အောင် ဆောင်ရွက်စေပြီး ညီညွတ်ဆီလျော်မှု ရှိပါက လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့် ထိန်းညှိကူညီရမည်။
|
| |
(ဃ)
|
သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြအစီရင်ခံရမည်။
|
|
၆။ ကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့အပါအဝင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတို့နှင့် တိုက်ရိုက် ဆက်သွယ်ပြီး ဖြေကြားနိုင်သည့် တာဝန်ရှိ ပုဂ္ဂိုလ်များအားလည်းကောင်း၊ လုပ်ငန်းနှင့် ဆက်စပ်သော အကြောင်းအရာများကို သိရှိနားလည်သည်ဟု ယူဆသူများအား လည်းကောင်း ဖိတ်ကြား၍ ကြားနာခြင်း၊ မေးမြန်းဆွေးနွေးခြင်းနှင့် လိုအပ်သည့် အထောက်အထားများကို တင်ပြခြင်း ပြုနိုင်သည်။
|
|
၇။ ကော်မတီအစည်းအဝေးတွင် ကော်မတီဝင်တစ်ဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကိုသော် လည်းကောင်း၊ကော်မတီ တွင်ဆွေးနွေးသော ဆွေးနွေးချက်များကိုသော် လည်းကောင်း ပြင်ပသို့ ပေါက်ကြားခြင်း မရှိစေရ။ ကော်မတီအစည်းအဝေးမှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးကို အသေးစိတ်မှတ်တမ်းတင်၍ ကော်မတီက အတည်ပြုထားရမည်။ ယင်းအစည်းအဝေးမှတ်တမ်းများကို ဖြန့်ဝေခြင်းမပြုရ။ လွှတ်တော်သို့ပေးပို့သော အစီရင်ခံစာမိတ္တူကို အစည်းအဝေးမှတ်တမ်းများနှင့်အတူ ပူးတွဲ၍အမှုတွဲအဖြစ် တပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် ပြည်သူ့လွှတ်တော်ရုံးသို့ ပေးပို့ရမည်။
|
|
ကော်မတီလုပ်ပိုင်ခွင့်
|
|
၈။ ကော်မတီ အစည်းအဝေးများကိုပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ကျင်းပရမည်။
|
|
၉။ ကော်မတီက အစီရင်ခံစာတင်ပြခြင်းနှင့်စပ်လျဉ်း၍ -
|
| |
(က)
|
ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦးသည် ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြရမည်။
|
| |
(ခ)
|
ကော်မတီဝင်များသည် ကော်မတီ၏ အစီရင်ခံစာကို သဘောတူကြောင်း လက်မှတ် ရေးထိုးရမည်။ သို့ရာတွင် သဘောကွဲလွဲချက်များရှိပါက ထိုသဘောကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ်ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်။
|
| |
(ဂ)
|
အစီရင်ခံစာကို တင်ပြပြီးနောက် လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်သည့်နေ့တွင် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦးသည် အစီရင်ခံစာကို ဆွေးနွေးရန် လွှတ်တော်သို့ အဆိုတင်သွင်း ရမည်။
|
| |
(ဃ)
|
အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ချက်များ ပြုလုပ်ခွင့်မရှိ။
|
| |
(င)
|
အစီရင်ခံစာကို ဆွေးနွေးပြီးသောအခါ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင် တစ်ဦး သည် အစီရင်ခံစာကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းရမည်။
|
|
၁၀။ ကော်မတီဝင်များသည် -
|
| |
(က)
|
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်။
|
| |
(ခ)
|
လွှတ်တော်ကော်မတီ အများဆုံး နှစ်ခုအထိသာ ပါဝင်ဆောင်ရွက်နိုင် ခွင့်ရှိသည်။
|
| |
(ဂ)
|
ကော်မတီဝင်အဖြစ်မှ နုတ်ထွက်လိုပါက ခိုင်လုံသော အကျိုးအကြောင်း ဖော်ပြလျက် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။
|
|
၁၁။ ကော်မတီဝင်များသည် ကော်မတီလုပ်ငန်းတာဝန်ကို ဆောင်ရွက်ရန် သို့မဟုတ် ကော်မတီ အစည်းအဝေး တက်ရောက်ရန် ကော်မတီရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌လည်းကောင်း၊ လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် လွှတ်တော်၏ တာဝန်ပေးချက်အရ ခရီးသွားလာရာ၌လည်းကောင်း ယင်းတို့နှင့် သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့်ရှိသည့် အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။
|
|
၁၂။ ကော်မတီဝင်များသည်-
|
| |
(က)
|
ကော်မတီအစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ တည်ဆဲအခြားဥပဒေတစ်ရပ်ရပ်အရ အရေးယူခံရ ခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။
|
| |
(ခ)
|
ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း လွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင် ခွင့်ပြုချက် မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။
|
| |
(ဂ)
|
ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီအစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိသည်။
|
|
အမိန့်ကြော်ငြာစာအမှတ် (၃၉/၂၀၁၆) ၊ အမိန့်ကြော်ငြာစာအမှတ် (၅၇/၂၀၁၆)၊ အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၁၇)၊ အမိန့်ကြော်ငြာစာအမှတ်(၅၁/၂၀၁၈) နှင့် အမိန့်ကြော်ငြာစာအမှတ် (၈/၂၀၂၀) များအရ ပြန်လည်ပြုစုထားခြင်းဖြစ်ပါသည်။
|