|
ပညာရေးမြှင့်တင်မှုကော်မတီ ပြည်သူ့လွှတ်တော်ရုံးမှ ၂၀၁၆ခုနှစ် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ပါ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် (၂၅/၂၀၁၆) ထုတ်ပြန်၍ ပညာရေးမြှင့်တင်မှုကော်မတီကို အဖွဲ့ဝင် (၁၅)ဦးဖြင့် ဖွဲ့စည်းလိုက်သည်။ |
||||
|
ဖွဲ့စည်းခြင်း ၁။ ပြည်သူ့လွှတ်တော်သည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၇၊ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၀၆ နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက် တို့အရ ပညာရေးမြှင့်တင်မှု ကော်မတီကို အောက်ပါပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁၅) ဦးဖြင့် ဖွဲ့စည်းလိုက်သည်- |
||||
|
(က) |
ဒေါက်တာတင်အောင် |
ကျောက်ဆည် မဲဆန္ဒနယ် |
ဥက္ကဋ္ဌ |
|
|
(ခ) |
ဒေါက်တာဆလိုင်းရီယန်းဗဲလ် (ခ) ဆလိုင်းရန်းဗယ် |
ဖလမ်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဂ) |
ဒေါက်တာမောင်သင်း |
မိတ္ထီလာ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဃ) |
ဦးစောကျော်ဝင်းမောင် |
ကျိုက်မရော မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(င) |
ဦးတင်လှ |
ဓနုဖြူ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(စ) |
ဦးရွှေလှ (ခ) ဦးရွှေလှဝင်း |
သင်္ဃန်းကျွန်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဆ) |
ဦးမျိုးညွန့် |
ဟုမ္မလင်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဇ) |
ဦးစိန်ဟန် |
ကံမ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဈ) |
ဦးဝင်းအောင် |
မိုးမောက် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ည) |
ဦးမြင့်ထွန်း |
တန့်ဆည် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဋ) |
ဦးမြင့်ငွေ |
ကျောက်ကြီး မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဌ) |
ဦးနန်မွန်ထင် |
မချမ်းဘော မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဍ) |
ဦးကျော်ရွှေ |
ရမ်းဗြဲ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဎ) |
ဗိုလ်မှူးချုပ်နေဝင်း |
တပ်မတော်သားကိုယ်စားလှယ် |
အဖွဲ့ဝင် |
|
|
(ဏ) |
ဦးခင်မောင်ရီ |
ဟင်္သာတ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(တ) |
ဦးသန်းအောင် |
ငပုတော မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ထ) |
ဦးစိုင်းအောင်ကျော် |
ကျေးသီး မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဒ) |
ဦးခမ်ခန့်ထန် |
တွန်းဇံ မဲဆန္ဒနယ် |
အတွင်းရေးမှူး |
|
|
( ဓ) |
ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မိုး |
တပ်မတော်သားကိုယ်စားလှယ် |
လေ့လာသူ |
|
|
( န) |
ဗိုလ်မှူးဇွဲနေဇော် |
တပ်မတော်သားကိုယ်စားလှယ် |
လေ့လာသူ |
|
|
၂။ ဤကော်မတီသည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ဇ) အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဖြစ်သည်။ |
||||
|
ကော်မတီသက်တမ်း |
||||
|
၃။ ကော်မတီ၏ သက်တမ်းသည် စတင်ဖွဲ့စည်းသည့် နေ့မှစ၍ တစ်နှစ်ဖြစ်သည်။ သို့ရာတွင် ကော်မတီ၏ လုပ်ငန်း တာဝန်ဆောင်ရွက်မှု အခြေအနေအရ တစ်နှစ် ပြည့်မြောက်သည့်အခါ လိုအပ်ပါကသက်တမ်းတိုးနိုင်သည်။ |
||||
|
၄။ လွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီ၏ သက်တမ်း ကာလအတွင်း လိုအပ်ပါက ကော်မတီဝင်များ ကို သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်နိုင်သည်။ |
||||
|
ကော်မတီတာဝန် ၅။ ကော်မတီသည် - |
||||
|
(က) |
ပညာရေးမြှင့်တင်မှုဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီ ဆောင်ရွက်ပေးရမည်။ |
|||
|
( ခ) |
ပြည်သူတို့၏ ပညာရေး တိုးတက်စေရေးတွင် ကူညီဆောင်ရွက်ပေးရမည်။ |
|||
|
( ဂ) |
ဘက်စုံအတွေးအခေါ်၊ အယူအဆမှန်ကန်၍ အကျင့်စာရိတ္တ ကောင်းမွန်ပြီး နိုင်ငံတော် တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ်ကို ဖော်ဆောင်ရေး တွင် ကူညီဆောင်ရွက်ပေးရမည်။ |
|||
|
(ဃ) |
သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန်များတွေ့ရှိက လွှတ်တော်သို့ တင်ပြရမည်။ |
|||
|
( င) |
သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများသည် တည်ဆဲဥပဒေများနှင့်လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်မှ ပြဋ္ဌာန်းလိုက်သည့် ဥပဒေများနှင့်လည်းကောင်း ညီညွတ်ဆီလျော်အောင် ဆောင်ရွက် စေပြီး ညီညွတ် ဆီလျော်မှုရှိပါက လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့်ထိန်းညှိ ကူညီရမည်။ |
|||
|
( စ) |
သက်ဆိုင်ရာ နယ်ပယ် အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြအစီရင်ခံရမည်။ |
|||
|
၆။ ကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့အပါအဝင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတို့နှင့် တိုက်ရိုက် ဆက်သွယ်ပြီး ဖြေကြားနိုင်သည့် တာဝန်ရှိ ပုဂ္ဂိုလ်များအားလည်းကောင်း၊ လုပ်ငန်းနှင့် ဆက်စပ်သော အကြောင်းအရာများကို သိရှိနားလည်သည်ဟု ယူဆသူများအားလည်းကောင်း ဖိတ် ကြား၍ ကြားနာခြင်း၊ မေးမြန်း ဆွေးနွေးခြင်းနှင့် လိုအပ်သည့် အထောက်အထားများကို တင်ပြ စေခြင်း ပြုနိုင်သည်။ |
||||
|
၇။ ကော်မတီအစည်းအဝေးတွင် ကော်မတီဝင် တစ်ဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စ ကိုသော်လည်းကောင်း၊ ကော်မတီတွင် ဆွေးနွေးသော ဆွေးနွေးချက်များ ကိုသော်လည်းကောင်း ပြင်ပသို့ ပေါက်ကြားခြင်း မရှိစေရ။ ကော်မတီ အစည်းအဝေး မှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးကို အသေးစိတ် မှတ်တမ်းတင်၍ ကော်မတီက အတည်ပြု ထားရမည်။ ယင်းအစည်းအဝေး မှတ်တမ်း များကို ဖြန့်ဝေခြင်း မပြုရ။ လွှတ်တော် သို့ပေးပို့သော အစီရင်ခံစာမိတ္တူကို အစည်းအဝေးမှတ်တမ်း များနှင့်အတူ ပူးတွဲ၍ အမှုတွဲအဖြစ် တပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် ပြည်သူ့လွှတ်တော်ရုံးသို့ ပေးပို့ရမည်။ |
||||
|
ကော်မတီလုပ်ပိုင်ခွင့် |
||||
|
၈။ ကော်မတီအစည်းအဝေးများကို ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေများပါ ပြဋ္ဌာန်းချက် များနှင့် အညီ ကျင်းပရမည်။ |
||||
|
၉။ ကော်မတီက အစီရင်ခံစာတင်ပြခြင်းနှင့်စပ်လျဉ်း၍ - |
||||
|
(က) |
ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦးသည် ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြရမည်။ |
|||
|
( ခ) |
ကော်မတီဝင်များသည် ကော်မတီ၏ အစီရင်ခံစာကို သဘောတူကြောင်း လက်မှတ် ရေးထိုးရမည်။ သို့ရာတွင် သဘောကွဲလွဲချက်များရှိပါက ထိုသဘောကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ်ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်။ |
|||
|
( ဂ) |
အစီရင်ခံစာကို တင်ပြပြီးနောက် လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်သည့်နေ့တွင် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦးသည် အစီရင်ခံစာကို ဆွေးနွေးရန် လွှတ်တော်သို့ အဆို တင်သွင်းရမည်။ |
|||
|
(ဃ) |
အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ချက်များ ပြုလုပ်ခွင့်မရှိ။ |
|||
|
( င) |
အစီရင်ခံစာကို ဆွေးနွေးပြီးသောအခါ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦးသည် အစီရင်ခံစာကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းရမည်။ |
|||
|
၁၀။ ကော်မတီဝင်များသည် - |
||||
|
(က) |
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်။ |
|||
|
( ခ) |
လွှတ်တော်ကော်မတီ အများဆုံး နှစ်ခုအထိသာ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။ |
|||
|
( ဂ) |
ကော်မတီဝင်အဖြစ်မှ နုတ်ထွက်လိုပါက ခိုင်လုံသော အကျိုးအကြောင်း ဖော်ပြလျက် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။ |
|||
|
ကော်မတီအခွင့်အရေး |
||||
|
၁၁။ ကော်မတီဝင်များသည် ကော်မတီလုပ်ငန်းတာဝန်ကို ဆောင်ရွက်ရန် သို့မဟုတ် ကော်မတီ အစည်းအဝေး တက်ရောက်ရန် ကော်မတီရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌လည်းကောင်း၊ လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် လွှတ်တော်၏ တာဝန်ပေးချက်အရ ခရီးသွားလာရာ၌လည်းကောင်း ယင်းတို့နှင့် သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့် စရိတ် များဆိုင်ရာဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့် ရှိသည့်အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။ |
||||
|
၁၂။ ကော်မတီဝင်များသည် - |
||||
|
(က) |
ကော်မတီ အစည်းအဝေးများတွင် တင်ပြ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဆိုင်ရာ ဥပဒေမှအပ တည်ဆဲအခြား ဥပဒေတစ်ရပ်ရပ်အရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။ |
|||
|
( ခ) |
ကော်မတီ အစည်းအဝေး တက်ရောက်နေစဉ်အတွင်း လွှတ်တော် ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက် မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။ |
|||
|
( ဂ) |
ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြု ချက်ဖြင့် ကော်မတီအစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိသည်။ |
|||
