|
နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်း ၁။ ပြည်သူ့လွှတ်တော်သည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက်တို့အရ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီကို အောက်ပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁၅) ဦးဖြင့် ဖွဲ့စည်းလိုက်သည်- |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||

၂။ ဤကော်မတီသည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ဇ) အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဖြစ်သည်။ |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
ကော်မတီသက်တမ်း |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
၃။ ကော်မတီ၏ သက်တမ်းသည် စတင်ဖွဲ့စည်းသည့် နေ့မှစ၍ တစ်နှစ်ဖြစ်သည်။ သို့ရာတွင် ကော်မတီ၏ လုပ်ငန်း တာဝန်ဆောင်ရွက်မှု အခြေအနေအရ တစ်နှစ် ပြည့်မြောက်သည့်အခါ လိုအပ်ပါကသက်တမ်းတိုးနိုင်သည်။ |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
၄။ လွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီ၏ သက်တမ်း ကာလအတွင်း လိုအပ်ပါက ကော်မတီဝင်များ ကို သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်နိုင်သည်။ |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
ကော်မတီတာဝန် ၅။ ကော်မတီသည် - |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီဆောင်ရွက်ရမည်။ |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
နိုင်ငံသားတိုင်း တန်းတူညီမျှမှု အခွင့်အရေး၊ တရားမျှတမှုအခွင့်အရေးတို့ ခံစားခွင့် ရှိရေး ဆောင်ရွက်ရမည်။ |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာ၍ပယ်ဖျက်ရန်၊ ပြင်ဆင်ရန် အသစ်ပြဋ္ဌာန်းရန် များတွေ့ရှိက လွှတ်တော်သို့ တင်ပြရမည်။ |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များသည် တည်ဆဲဥပဒေများနှင့်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်း လိုက်သည့် ဥပဒေများနှင့်လည်းကောင်း ညီညွတ်ဆီလျော်အောင် ဆောင်ရွက်စေပြီး ညီညွတ်ဆီလျော်မှုရှိ လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့်ထိန်းညှိ ကူညီရမည်။ |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ၊တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြအစီရင်ခံရမည်။ |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
၆။ ကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့အပါအဝင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတို့နှင့် တိုက်ရိုက်ဆက်သွယ်ပြီး ဖြေကြားနိုင်သည့် တာဝန်ရှိပုဂ္ဂိုလ်များအားလည်းကောင်း၊ လုပ်ငန်းနှင့် ဆက်စပ်သော အကြောင်းအရာများကို သိရှိနားလည်သည်ဟု ယူဆသူများအား လည်းကောင်း ဖိတ်ကြား၍ ကြားနာခြင်း၊ မေးမြန်းဆွေးနွေးခြင်းနှင့် လိုအပ်သည့် အထောက်အထားများကို တင်ပြစေခြင်းပြုနိုင်သည်။ |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
၇။ ကော်မတီအစည်းအဝေးတွင် ကော်မတီဝင် တစ်ဦး ပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စ ကိုသော်လည်းကောင်း၊ ကော်မတီတွင် ဆွေးနွေးသော ဆွေးနွေးချက်များကိုသော်လည်းကောင်း ပြင်ပသို့ ပေါက်ကြားခြင်းမရှိစေရ။ ကော်မတီ အစည်းအဝေး မှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးကို အသေးစိတ် မှတ်တမ်းတင်၍ ကော်မတီက အတည်ပြု ထားရမည်။ ယင်းအစည်းအဝေး မှတ်တမ်းများကို ဖြန့်ဝေခြင်း မပြုရ။ လွှတ်တော်သို့ ပေးပို့သော အစီရင်ခံစာ မိတ္တူကို အစည်းအဝေး မှတ်တမ်းများနှင့်အတူ ပူးတွဲ၍ အမှုတွဲအဖြစ် တပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် ပြည်သူ့ လွှတ်တော်ရုံးသို့ ပေးပို့ရမည်။ |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
ကော်မတီလုပ်ပိုင်ခွင့် |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
၈။ ကော်မတီအစည်းအဝေးများကို ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ကျင်းပရမည်။ |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
၉။ ကော်မတီက အစီရင်ခံစာတင်ပြခြင်းနှင့်စပ်လျဉ်း၍ - |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦးသည် ကော်မတီ၏အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြရမည်။ |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
ကော်မတီဝင်များသည် ကော်မတီ၏ အစီရင်ခံစာကို သဘော တူကြောင်း လက်မှတ် ရေးထိုး ရမည်။သို့ရာတွင် သဘောကွဲလွဲချက်များရှိပါက ထိုသဘော ကွဲလွဲချက် များကို ရေးသား ဖော်ပြ၍ လက်မှတ် ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲ ဖော်ပြနိုင်သည်။ |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
အစီရင်ခံစာကို တင်ပြပြီးနောက် လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်သည့်နေ့တွင် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦးသည် အစီရင်ခံစာကို ဆွေးနွေးရန် လွှတ်တော်သို့ အဆိုတင်သွင်းရမည်။ |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ချက်များ ပြုလုပ်ခွင့်မရှိ။ |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
အစီရင်ခံစာကိုဆွေးနွေးပြီးသောအခါ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီကတာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦးသည် အစီရင်ခံစာကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းရမည်။ |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်။ |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
လွှတ်တော်ကော်မတီ အများဆုံး နှစ်ခုအထိသာ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။ |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
ကော်မတီဝင်အဖြစ်မှ နုတ်ထွက်လိုပါက ခိုင်လုံသော အကျိုးအကြောင်း ဖော်ပြလျက် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။ |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
ကော်မတီအခွင့်အရေး |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
၁၁။ ကော်မတီဝင်များသည် ကော်မတီလုပ်ငန်း တာဝန်ကို ဆောင်ရွက်ရန် သို့မဟုတ် ကော်မတီ အစည်းအဝေး တက်ရောက်ရန် ကော်မတီ ရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌ လည်းကောင်း လွှတ်တော် ဥက္ကဋ္ဌ သို့မဟုတ် လွှတ်တော်၏ တာဝန်ပေးချက်အရ ခရီးသွားလာရာ၌လည်းကောင်း၊ ယင်းတို့နှင့် သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့် ရှိသည့်အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။ |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
၁၂။ ကော်မတီဝင်များသည်- |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
ကော်မတီအစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်ဆိုင်ရာဥပဒေမှအပ တည်ဆဲအခြားဥပဒေ တစ်ရပ်ရပ်အရ အရေးယူခံရ ခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။ |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း လွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင် ခွင့်ပြုချက် မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။ |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီ အစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိသည်။ |
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
အမိန့်ကြော်ငြာစာအမှတ် (၁၅/၂၀၁၇)၊ အမိန့်အမှတ် (၂/၂၀၁၇)၊ အမိန့်ကြော်ငြာစာအမှတ် (၅၆/ ၂၀၁၇) နှင့် အမိန့်ကြော်ငြာစာအမှတ် (၅၆/၂၀၁၈) များအရ ပြန်လည်ပြုစုထားခြင်း ဖြစ်ပါသည်။ |