|
နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ပြည်သူ့လွှတ်တော်ရုံးမှ ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ပါ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် (၂၀ /၂၀၁၆) ထုတ်ပြန်၍ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီကို အဖွဲ့ဝင် (၁၅) ဦး ဖြင့် ဖွဲ့စည်းလိုက်သည်။ |
|||||
|
ဖွဲ့စည်းခြင်း ၁။ ပြည်သူ့လွှတ်တော်သည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၇၊ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၀၆ နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေးဆုံးဖြတ်ချက်တို့ အရ နိုင်ငံတကာ ဆက်ဆံရေးကော်မတီကို အောက်ပါပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁၅)ဦးဖြင့် ဖွဲ့စည်းလိုက်သည် - |
|||||
|
(က) |
ဦးဇော်သိန်း |
ဝါးခယ်မ မဲဆန္ဒနယ် |
ဥက္ကဋ္ဌ |
||
|
(ခ) |
ဦးဌေးဝင်းအောင်(ခ) ဦးပြုံးချို |
ဒေါပုံ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||
|
(ဂ) |
ဒေါ်ခင်နှင်းသစ် |
ပန်းတောင်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||
|
(ဃ) |
ဦးမျိုးဇော်အောင် |
ကောလင်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||
|
(င) |
ဦးနိုင်ထူးအောင် |
နွားထိုးကြီး မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||
|
(စ) |
ဦးဇာနည်မင်း |
ရွှေကူ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||
|
(ဆ) |
ဦးကံဦး |
စလင်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||
|
(ဇ) |
ဒေါက်တာဒေါ်ရွှေပုံ |
ပဲခူး မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||
|
(ဈ) |
ဦးစိုင်းဆိုင်မိုင်း |
မိုင်းကိုင် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||
|
(ည) |
ဦးဦးထွန်းဝင်း |
ကျောက်တော် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||
|
(ဋ) |
ဒေါ်မိကွန်ချမ်း |
ပေါင် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||
|
(ဌ) |
ဒေါ်နန်းမိုး |
မန်တုံ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||
|
(ဍ) |
ဦးစိုင်းငေါင်းဆိုင်ဟိန်း |
မောက်မယ် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||
|
|
(ဎ) |
ဗိုလ်မှူးချုပ်ဝင်းမိုး |
တပ်မတော်သားကိုယ်စားလှယ် |
အဖွဲ့ဝင် |
|
|
|
(ဏ) |
Dr.ဦးမင်းသိန်း |
ရေဦး မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(တ) |
ဦးဖြိုးဇေယျာသော် (ခ) ဦးဇေယျာသော် |
ဇမ္ဗူသီရိ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||
|
|
(ထ) |
ဒေါက်တာစိုးမိုးသူ |
မြောင်းမြ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
|
( ဒ) |
ဦးဘိုဘိုဦး |
စမ်းချောင်း မဲဆန္ဒနယ် |
အတွင်းရေးမှူး |
|
|
|
( ဓ) |
ဒုတိယဗိုလ်မှူးကြီးသန့်ဇင် |
တပ်မတော်သားကိုယ်စားလှယ် |
လေ့လာသူ |
|
|
|
( န) |
ဒုတိယဗိုလ်မှူးကြီးကျော်ကျော်မင်း |
တပ်မတော်သားကိုယ်စားလှယ် |
လေ့လာသူ |
|
|
၂။ ဤကော်မတီသည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ဇ) အရ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဖြစ်သည်။ |
|||||
|
ကော်မတီ၏ သက်တမ်း |
|||||
|
၃။ ကော်မတီ၏သက်တမ်းသည် စတင်ဖွဲ့စည်းသည့်နေ့မှစ၍ တစ်နှစ်ဖြစ်သည်။ သို့ရာတွင် ကော်မတီ၏ လုပ်ငန်းတာဝန် ဆောင်ရွက်မှုအခြေအနေအရ တစ်နှစ်ပြည့်မြောက်သည့်အခါ လိုအပ် ပါက သက်တမ်း တိုးနိုင်သည်။ |
|||||
|
၄။ လွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီ၏ သက်တမ်းကာလအတွင်း လိုအပ်ပါက ကော်မတီဝင် များကို သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်နိုင်သည်။ ကော်မတီ၏တာဝန်များ |
|||||
|
၅။ ကော်မတီသည် - |
|||||
|
(က) |
နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီ ဆောင်ရွက်ပေးရမည်။ |
||||
|
( ခ) |
လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်း သည်။ အထက်ပါအချက်များကို ထိန်းညှိကူညီ ဆောင်ရွက်ရမည်။ |
||||
|
( ဂ) |
သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန်များတွေ့ရှိက လွှတ်တော်သို့ တင်ပြရမည်။ |
||||
|
(ဃ) |
သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့် ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များသည် တည်ဆဲဥပဒေများနှင့်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်း လိုက်သည့် ဥပဒေများနှင့် လည်းကောင်း ညီညွတ်ဆီလျော်အောင် ဆောင်ရွက်စေပြီး ညီညွတ်ဆီလျော်မှု ရှိပါက လိုက်နာ ဆောင်ရွက်မှုကို စောင့်ကြည့်ထိန်းညှိ ကူညီရမည်။ |
||||
|
|
( င) |
သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြအစီရင်ခံရမည်။ |
|||
|
၆။ ကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့အပါအဝင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတို့နှင့် တိုက်ရိုက်ဆက်သွယ်ပြီး ဖြေကြားနိုင်သည့် တာဝန်ရှိပုဂ္ဂိုလ်များအားလည်းကောင်း၊ လုပ်ငန်းနှင့် ဆက်စပ်သော အကြောင်းအရာများကို သိရှိနားလည်သည်ဟု ယူဆသူများအားလည်းကောင်း ဖိတ်ကြား၍ ကြားနာခြင်း၊ မေးမြန်းဆွေးနွေးခြင်းနှင့် လိုအပ်သည့်အထောက်အထားများကို တင်ပြ စေခြင်းပြုနိုင်သည်။ |
|||||
|
၇။ ကော်မတီအစည်းအဝေးတွင် ကော်မတီဝင်တစ်ဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကို သော်လည်းကောင်း၊ ကော်မတီတွင်ဆွေးနွေးသော ဆွေးနွေးချက်များကိုသော်လည်းကောင်း ပြင်ပသို့ ပေါက်ကြားခြင်းမရှိစေရ။ ကော်မတီအစည်းအဝေးမှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးကို အသေးစိတ် မှတ်တမ်းတင်၍ ကော်မတီက အတည်ပြုထားရမည်။ ယင်းအစည်းအဝေးမှတ်တမ်း များကို ဖြန့်ဝေခြင်းမပြုရ။ လွှတ်တော်သို့ပေးပို့သော အစီရင်ခံစာမိတ္တူကို အစည်းအဝေးမှတ်တမ်း များနှင့်အတူ ပူးတွဲ၍ အမှုတွဲအဖြစ် တပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် ပြည်သူ့လွှတ်တော်ရုံးသို့ ပေးပို့ရမည်။ |
|||||
|
ကော်မတီ၏ လုပ်ပိုင်ခွင့်များ |
|||||
|
၈။ ကော်မတီအစည်းအဝေးများကို ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ကျင်းပရမည်။ |
|||||
|
၉။ ကော်မတီက အစီရင်ခံစာတင်ပြခြင်းနှင့်စပ်လျဉ်း၍ - |
|||||
|
(က) |
ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦးသည် ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြရမည်။ |
||||
|
(ခ) |
ကော်မတီဝင်များသည် ကော်မတီ၏ အစီရင်ခံစာကို သဘောတူကြောင်း လက်မှတ် ရေးထိုးရမည်။ သို့ရာတွင် သဘောကွဲလွဲချက်များရှိပါက ထိုသဘောကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ်ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်။ |
||||
|
(ဂ) |
အစီရင်ခံစာကို တင်ပြပြီးနောက် လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်သည့်နေ့တွင် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦးသည် အစီရင်ခံစာကို ဆွေးနွေးရန် လွှတ်တော်သို့ အဆိုတင်သွင်း ရမည်။ |
||||
|
(ဃ) |
အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ချက်များ ပြုလုပ်ခွင့်မရှိ။ |
||||
|
(င) |
အစီရင်ခံစာကိုဆွေးနွေးပြီးသောအခါ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦးသည် အစီရင်ခံစာကို လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းရမည်။ |
||||
|
၁၀။ ကော်မတီဝင်များသည် - |
|||||
|
(က) |
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်။ |
||||
|
(ခ) |
လွှတ်တော်ကော်မတီ အများဆုံး နှစ်ခုအထိသာ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။ |
||||
|
(ဂ) |
ကော်မတီဝင်အဖြစ်မှ နုတ်ထွက်လိုပါက ခိုင်လုံသော အကျိုးအကြောင်း ဖော်ပြလျက် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။ |
||||
|
ကော်မတီဝင်၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ |
|||||
|
၁၁။ ကော်မတီဝင်များသည် ကော်မတီလုပ်ငန်းတာဝန်ကို ဆောင်ရွက်ရန် သို့မဟုတ် ကော်မတီ အစည်းအဝေး တက်ရောက်ရန် ကော်မတီရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌ လည်းကောင်း၊ လွှတ်တော် ဥက္ကဋ္ဌ သို့မဟုတ် လွှတ်တော်၏ တာဝန်ပေးချက်အရ ခရီးသွားလာရာ၌ လည်းကောင်း ယင်းတို့နှင့် သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့်ရှိသည့် အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။ |
|||||
|
၁၂။ ကော်မတီဝင်များသည်- |
|||||
|
(က) |
ကော်မတီအစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များ နှင့်စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ တည်ဆဲအခြား ဥပဒေတစ်ရပ်ရပ်အရ အရေးယူ ခံရခြင်းမှ ကင်းလွတ်ခွင့် ရှိသည်။ |
||||
|
(ခ) |
ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း လွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင် ခွင့်ပြုချက် မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။ |
||||
|
(ဂ) |
ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်း မခံရမီ လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီ အစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိသည်။ |
||||
|
အမိန့်ကြေညာစာအမှတ် (၄၉/၂၀၁၆)၊ အမိန့်ကြေညာစာအမှတ် (၅၈/၂၀၁၆)၊ အမိန့်ကြေညာစာအမှတ် (၁/၂၀၁၇) ၊ အမိန့်ကြေညာစာအမှတ် (၁၅/၂၀၁၇)၊ အမိန့်ကြေညာစာအမှတ် (၃၃/၂၀၁၇) နှင့် အမိန့်အမှတ် (၂/၂၀၁၇) များအရ ပြန်လည် ပြုစုထားခြင်းဖြစ်ပါသည်။ |
|||||
