|
အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ ပြည်သူ့လွှတ်တော်ရုံးမှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ လ ၈ ရက်နေ့ပါ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် (၁၅ /၂၀၁၆) ထုတ်ပြန်၍ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်သည်။ |
||||
|
ဖွဲ့စည်းခြင်း ၁။ ပြည်သူ့လွှတ်တော်သည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၄၊ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၄ နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက် တို့အရ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီကို အောက်ပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁၅) ဦးဖြင့် ဖွဲ့စည်းလိုက်သည် - |
||||
|
|
(က) |
ဒေါက်တာမေဝင်းမြင့် |
မရမ်းကုန်း မဲဆန္ဒနယ် |
ဥက္ကဋ္ဌ |
|
|
(ခ) |
ဦးမျိုးနိုင် |
ချမ်းအေးသာစံ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဂ) |
ဦးဌေးမင်းသိန်း |
ကြို့ပင်ကောက် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဃ) |
ဦးအောင်သိန်း |
ဗန်းမော် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(င) |
ဒေါ်နီရွှေလျန်း |
ထန်တလန် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(စ) |
ဒေါ်နန်းသန်းသန်းလွင် |
ဘားအံ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဆ) |
ဒေါ်တင်တင်ရီ |
ကျွန်းစု မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဇ) |
ဦးထွန်းထွန်း |
ပွင့်ဖြူ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဈ) |
ဒေါ်ခင်စောဝေ |
ရသေ့တောင် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ည) |
ဦးငြိမ်းသစ် (ခ) ဦးသောင်းထွန်း |
မဟာအောင်မြေ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဋ) |
ဦးစိုင်းမောင်ပွင့်(ခ) ဦးအောင်ပွင့် |
တန့်ယန်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဌ) |
ဦးဝင်းထူး |
နန့်ဆန် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဍ) |
ဦးခင်မောင်ဦး |
ကျောက်တံခါး မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဎ) |
ဗိုလ်မှူးချုပ်ကျော်စန်းလင်း |
တပ်မတော်သားကိုယ်စားလှယ် |
အဖွဲ့ဝင် |
|
|
(ဏ) |
ဦးဇုန်းတိန့် |
ချီဖွေ မဲဆန္ဒနယ် |
အတွင်းရေးမှူး |
|
|
(တ) |
ဒုတိယဗိုလ်မှူးကြီးလှနိုင် |
တပ်မတော်သားကိုယ်စားလှယ် |
လေ့လာသူ |
|
|
(ထ) |
ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးထက် |
တပ်မတော်သားကိုယ်စားလှယ် |
လေ့လာသူ |
|
၂။ ဤကော်မတီသည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ) အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်သည်။ |
||||
|
ကော်မတီသက်တမ်း ၃။ ကော်မတီ၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့်အညီ ဖြစ်သည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် ကော်မတီ၏ သက်တမ်းတစ်နှစ် ပြည့်မြောက်သည့်အခါ ပြန်လည် သုံးသပ်ပြီး လိုအပ်ပါက ကော်မတီဝင်များကို သင့်လျော်သလို လဲလှယ်အစားထိုး တာဝန် ပေးအပ်နိုင်သည်။ |
||||
|
ကော်မတီတာဝန် ၄။ ကော်မတီသည် ပြည်သူ့လွှတ်တော်တွင် ပြည်ထောင်စု အစိုးရအဖွဲ့ အပါအဝင် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများက အခါအားလျော်စွာပေးခဲ့သည့် အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ ကို လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စိစစ်ပြီးအောက်ပါ အချက်များနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြရမည် - |
||||
|
|
(က) |
ပြည်ထောင်စုအစိုးရအဖွဲ့ အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက ပေးခဲ့သော အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို မည်သည့် အခြေအနေထိ ဆောင်ရွက်ပြီးကြောင်း၊ |
||
|
|
( ခ) |
အဆိုပါအာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို ပြည်ထောင်စုအစိုးရအဖွဲ့ အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက ဆောင်ရွက်ပြီးဖြစ်လျှင် ထိုသို့ဆောင်ရွက်ခြင်းမှာ သတ်မှတ်သည့်ကာလအတွင်း သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ပြီးစီးခြင်း ရှိ/မရှိ နှင့် မူလသတ်မှတ်ချက်အတိုင်း ပြီးစီးခြင်း ရှိ/မရှိ။ |
||
|
၅။ အပိုဒ် ၄ ပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ထိရောက်မှန်ကန်စွာ ဆောင်ရွက်ထားခြင်း ရှိ/မရှိ စိစစ်နိုင်ရေးအတွက် လိုအပ်သည့် နေရာဒေသများသို့ သွားရောက်စစ်ဆေးနိုင်သည်။ |
||||
|
၆။ ကော်မတီအစည်းအဝေးတွင် ကော်မတီဝင်တစ်ဦးပြောဆိုသော (သို့မဟုတ်) ပြုလုပ်သော ကိစ္စကိုသော်လည်းကောင်း၊ ကော်မတီတွင် ဆွေးနွေးသော ဆွေးနွေးချက်များကိုသော်လည်းကောင်း၊ ပြင်ပသို့ပေါက်ကြားခြင်းမရှိစေရ။ ကော်မတီ အစည်းအဝေး မှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးကို အသေးစိတ်မှတ်တမ်းတင်၍ ကော်မတီက အတည်ပြုထားရမည်။ ယင်းအစည်းအဝေး မှတ်တမ်းများကို ဖြန့်ဝေခြင်း မပြုရ။ ပြည်သူ့လွှတ်တော်သို့ ပေးပို့သော အစီရင်ခံစာ မိတ္တူကို အစည်းအဝေး မှတ်တမ်းများ နှင့်အတူ ပူးတွဲ၍ အမှုတွဲအဖြစ် တပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် ပြည်သူ့လွှတ်တော်ရုံးသို့ ပေးပို့ရမည်။ |
||||
|
ကော်မတီလုပ်ပိုင်ခွင့် ၇။ ကော်မတီအစည်းအဝေးများကို ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကျင်းပရမည်။ |
||||
|
၈။ ကော်မတီသည် - |
||||
|
|
(က) |
အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး (သို့မဟုတ်) ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦး သည် လွှတ်တော်သို့ တင်ပြရမည်။ |
||
|
|
( ခ) |
ကော်မတီဝင်များသည် အစီရင်ခံစာကို သဘောတူကြောင်း လက်မှတ်ရေးထိုးရမည်။ သို့ရာတွင် သဘောကွဲလွဲချက်များ ရှိပါက ထိုသဘောကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ်ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်။ |
||
|
|
( ဂ) |
အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြပြီးနောက် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး (သို့မဟုတ်) ကော်မတီက တာဝန် ပေးအပ်သော ကော်မတီဝင် တစ်ဦးသည် လွှတ်တော် ဥက္ကဋ္ဌက သတ်မှတ်သောနေ့တွင် အစီရင်ခံစာကို ဆွေးနွေးရန် အဆို တင်သွင်းရမည်။ ယင်းအဆို အတည်ဖြစ်ပြီးသောအခါ လွှတ်တော်ကိုယ်စားလှယ်များ က မိမိတို့၏ ယူဆချက်များ၊ ထင်မြင်ချက်များနှင့် အကြံဉာဏ်များကို ပေးနိုင် သည်။ သို့ရာတွင် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်များ မပြုလုပ်ရ။ |
||
|
|
(ဃ) |
အစီရင်ခံစာကို လွှတ်တော်က ဆွေးနွေးပြီးသောအခါ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး (သို့မဟုတ်) ကော်မတီကတာဝန် ပေးအပ်သော ကော်မတီဝင် တစ်ဦးသည် လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းရမည်။ |
||
|
|
( င) |
လွှတ်တော်က သတ်မှတ်သည့်ရက်အတွင်း အပြီးသတ် အစီရင်ခံစာ တင်ပြနိုင်ခြင်း မရှိပါက ကြားဖြတ် အစီရင်ခံစာတင်ပြရမည်။ |
||
|
၉။ ကော်မတီဝင်များသည် - |
||||
|
|
|
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆို ဆွေးနွေးခွင့် နှင့် ဆန္ဒမဲပေးခွင့်ရှိသည်။ |
||
|
|
|
လွှတ်တော်ကော်မတီ အများဆုံး နှစ်ခုအထိသာ ပါဝင်ဆောင်ရွက် နိုင်ခွင့်ရှိသည်။ |
||
|
|
|
ကော်မတီဝင်အဖြစ်မှ နုတ်ထွက်လိုပါက ခိုင်လုံသော အကျိုးအကြောင်း ဖော်ပြလျက် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့် ရှိသည်။ |
||
|
၁၀။ ကော်မတီသည် လွှတ်တော်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက အခါအားလျော်စွာ ပေးခဲ့သည့်အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို စိစစ်ရာတွင် - |
||||
|
|
(က) |
ကော်မတီတွင် အဆိုတင်သွင်းခြင်း၊ အကြံပြုချက်တင်သွင်းခြင်းတို့နှင့် စပ်လျဉ်း၍ ထောက်ခံသူမလို။ |
||
|
|
( ခ) |
ကော်မတီဝင်များသည် ကိစ္စတစ်ခုနှင့်စပ်လျဉ်း၍ တစ်ကြိမ်ထက်ပိုပြီး ဆွေးနွေးခွင့် ရှိသည်။ |
||
|
|
( ဂ) |
ပြည်ထောင်စုအစိုးရအဖွဲ့ အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတို့နှင့် တိုက်ရိုက်ဆက်သွယ်ပြီး ဖြေကြားနိုင်သည့် တာဝန်ရှိ ပုဂ္ဂိုလ်များအားလည်းကောင်း၊ လုပ်ငန်းနှင့် ဆက်စပ်သော အကြောင်းအရာများကို သိရှိနားလည်သည်ဟု ယူဆသူများ အားလည်းကောင်း ဖိတ်ကြား၍ကြားနာခြင်း၊ မေးမြန်းဆွေးနွေးခြင်းနှင့် လိုအပ်သည့်အထောက်အထားများကို တင်ပြစေခြင်း ပြုနိုင်သည်။ |
||
|
ကော်မတီအခွင့်အရေး |
||||
|
၁၁။ ကော်မတီဝင်များသည် ကော်မတီလုပ်ငန်းတာဝန်ကို ဆောင်ရွက်ရန် သို့မဟုတ် ကော်မတီ အစည်းအဝေး တက်ရောက်ရန် ကော်မတီရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌ လည်းကောင်း၊ လွှတ်တော်ဥက္ကဋ္ဌ (သို့မဟုတ်) လွှတ်တော်၏ တာဝန်ပေးချက်အရ ခရီးသွားလာရာ၌လည်းကောင်း ယင်းတို့နှင့်သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့် ရှိသည့်အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။ |
||||
|
၁၂။ ကော်မတီဝင်များသည် - |
||||
|
|
(က) |
ကော်မတီ အစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များ နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ တည်ဆဲ အခြားဥပဒေ တစ်ရပ်ရပ်အရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ရှိသည်။ |
||
|
|
( ခ) |
ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း လွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင် ခွင့်ပြုချက် မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။ |
||
|
|
( ဂ) |
ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီ အစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိသည်။ |
||
|
အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၁၇) အမိန့်ကြော်ငြာစာအမှတ်(၅၁/၂၀၁၈)၊ အမိန့်ကြော်ငြာစာအမှတ်(၁၆/၂၀၁၉) များအရ ပြန်လည် ပြုစုထားခြင်း ဖြစ်ပါသည်။ |
||||
