|
လွှတ်တော်အခွင့်အရေးကော်မတီ ပြည်သူ့လွှတ်တော်ရုံးမှ ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလ ၈ ရက်နေ့ပါ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် (၁၄/၂၀၁၆) ထုတ်ပြန်၍ လွှတ်တော်အခွင့်အရေး ကော်မတီကို အဖွဲ့ဝင် (၁၅) ဦးဖြင့် ဖွဲ့စည်းလိုက်သည်။ |
|||||
|
ဖွဲ့စည်းခြင်း ၁။ ပြည်သူ့လွှတ်တော်သည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၂၄၊ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၄ နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက် တို့အရ လွှတ်တော် အခွင့်အရေးကော်မတီကို အောက်ပါပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁၅) ဦးဖြင့် ဖွဲ့စည်းလိုက်သည်- |
|||||
|
|
(က) |
ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် |
နောင်ချို မဲဆန္ဒနယ် |
ဥက္ကဋ္ဌ |
|
|
|
(ခ) |
ဒေါက်တာဦးစောနိုင် |
တောင်ဥက္ကလာပ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
|
(ဂ) |
ဦးပိုက်ကို |
ပခုက္ကူ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
|
(ဃ) |
ဦးလင်းလင်းဦး |
တနိုင်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
|
(င) |
ဦးစိန်ဗိုလ် |
မြဝတီ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
|
(စ) |
ဒေါ်နန်းထွေးသူ |
ဖားဆောင်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
|
(ဆ) |
ဦးခင်မောင်သိန်း |
စစ်ကိုင်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
|
(ဇ) |
ဦးအောင်စိုး |
သရက်ချောင်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
|
(ဈ) |
ဒေါက်တာမြင့်သိန်း |
ညောင်လေးပင် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
|
(ည) |
ဦးခင်မောင်သီ |
လွိုင်လင် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
|
(ဋ) |
ဦးစိုင်းစန်သိန်း |
မိုးနဲ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
|
(ဌ) |
ဦးသောင်းဌေးလင်း |
ပုသိမ်ကြီး မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
|
(ဍ) |
ဦးဦးထွန်းမောင် |
ပုဏ္ဏားကျွန်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
|
(ဎ) |
ဗိုလ်ချုပ်အောင်မျိုးထွန်း |
တပ်မတော်သားကိုယ်စားလှယ် |
အဖွဲ့ဝင် |
|
|
|
(ဏ) |
ဒေါက်တာလှမိုး |
အောင်မြေသာစံ မဲဆန္ဒနယ် |
အတွင်းရေးမှူး |
|
|
|
(တ) |
ဒုတိယဗိုလ်မှူးကြီးကျော်ဇင်ဝင်း |
တပ်မတော်သားကိုယ်စားလှယ် |
လေ့လာသူ |
|
|
|
(ထ) |
ဗိုလ်မှူးကျော်မိုးအောင် |
တပ်မတော်သားကိုယ်စားလှယ် |
လေ့လာသူ |
|
|
၂။ ဤကော်မတီသည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ) အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်သည်။ |
|||||
|
ကော်မတီသက်တမ်း ၃။ ကော်မတီ၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့်အညီ ဖြစ်သည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် ကော်မတီ၏ သက်တမ်းတစ်နှစ် ပြည့်မြောက်သည့်အခါ ပြန်လည် သုံးသပ်ပြီး လိုအပ်ပါက ကော်မတီဝင်များကို သင့်လျော်သလို လဲလှယ်အစားထိုး တာဝန် ပေးအပ်နိုင်သည်။ |
|||||
|
၄။ ကော်မတီသည်- |
|||||
|
|
(က) |
မိမိထံလွှဲအပ်သော ကိစ္စအသီးသီးကို အောက်ပါအတိုင်း စုံလင်စွာ စစ်ဆေး ဆောင်ရွက်ရမည် - |
|||
|
|
|
(၁) |
ကော်မတီသို့ လွှဲအပ်သော ကိစ္စများနှင့် စပ်လျဉ်းသော အချက်များကို အခြေပြု၍ လွှတ်တော်၏ အခွင့်အရေးကို ဖောက်ဖျက်ရာရောက် မရောက် စဉ်းစားဆုံးဖြတ်ခြင်း၊ |
||
|
|
|
(၂) |
မည်သို့သော ကိစ္စ၊ မည်သို့သော အချက်များမှစတင်၍ အခွင့်အရေး ဖောက်ဖျက်မှု ဖြစ်ပေါ်လာရကြောင်းနှင့် မည်သို့မည်ပုံ ဖောက်ဖျက်ကြောင်းကို ဆုံးဖြတ်ခြင်း၊ |
||
|
|
|
(၃) |
ယင်းကိစ္စ နှင့်စပ်လျဉ်း၍ လွှတ်တော်က မည်ကဲ့သို့ အရေးယူသင့်ကြောင်းကို လွှတ်တော်သို့ အစီရင်ခံတင်ပြခြင်း။ |
||
|
|
( ခ) |
အပိုဒ်ခွဲ(က)ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ အစီရင်ခံစာတွင် ဖော်ပြ ပါရှိသော အကြံပေးချက်များကို ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ရန် လွှတ်တော်က မည်သည့် နည်းလမ်းများကို ကျင့်သုံးသင့်ကြောင်း အစီရင်ခံစာတွင် အကြံပြု ဖော်ပြရမည်။ |
|||
|
|
( ဂ) |
လွှတ်တော်က ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံတကာလွှတ်တော်များနှင့် ဆက်သွယ်နိုင်ရေး အတွက်လိုအပ်ပါက လွှတ်တော်သို့ တင်ပြနိုင်သည်။ |
|||
|
၅။ ကော်မတီသည် လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသော လွှတ်တော် ကိုယ်စားလှယ် များအား စိစစ်အတည်ပြုရမည်။ |
|||||
|
၆။ အပိုဒ် ၄ ပါတာဝန်များအရ ကော်မတီက စိစစ်ရာတွင် - |
|||||
|
|
(က) |
ကော်မတီတွင် အဆိုတင်သွင်းခြင်း၊ အကြံပြုချက် တင်သွင်းခြင်းတို့ နှင့်စပ်လျဉ်း၍ ထောက်ခံ သူမလို၊ |
|||
|
|
( ခ) |
ကော်မတီတွင် တင်ပြသည့် ကိစ္စတစ်ခု နှင့်စပ်လျဉ်း၍ တစ်ကြိမ်ထက်ပိုပြီး ဆွေးနွေးခွင့် ရှိသည်။ |
|||
|
၇။ ကော်မတီအစည်းအဝေးတွင် ကော်မတီဝင်တစ်ဦး ပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကို သော်လည်းကောင်း၊ ကော်မတီတွင် ဆွေးနွေးသော ဆွေးနွေးချက်များကို သော်လည်းကောင်း ပြင်ပသို့ ပေါက်ကြားခြင်းမရှိစေရ။ ကော်မတီ အစည်းအဝေး မှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးကို အသေးစိတ် မှတ်တမ်းတင်၍ ကော်မတီက အတည်ပြု ထားရမည်။ ယင်းအစည်းအဝေး မှတ်တမ်းများ ကို ဖြန့်ဝေခြင်း မပြုရ။ လွှတ်တော်သို့ ပေးပို့သော အစီရင်ခံစာမိတ္တူကို အစည်းအဝေး မှတ်တမ်းများ နှင့်အတူ ပူးတွဲ၍ အမှုတွဲအဖြစ် တပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် ပြည်သူ့လွှတ်တော်ရုံးသို့ ပေးပို့ရမည်။ |
|||||
|
ကော်မတီလုပ်ပိုင်ခွင့် |
|||||
|
၈။ ကော်မတီ အစည်းအဝေးများကို ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ကျင်းပရမည်။ |
|||||
|
၉။ |
(က) |
ကော်မတီ၏ အစီရင်ခံစာကို ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန် ပေးအပ်သော ကော်မတီဝင် တစ်ဦးသည် လွှတ်တော်သို့ တင်ပြရမည်။ |
|||
|
|
( ခ) |
ကော်မတီသို့ လွှဲအပ်သော အခွင့်အရေး ကိစ္စတစ်ရပ်ကို စဉ်းစားဆုံးဖြတ်ရန် ကော်မတီသည် အခါအားလျော်စွာ စည်းဝေး၍ လွှတ်တော်က သတ်မှတ်သော နေ့တွင် အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြရမည်။ လွှတ်တော်က အစီရင်ခံစာ တင်ပြမည့် ရက်ကို သတ်မှတ်ခြင်း မပြုလျှင် လွှတ်တော်က မိမိထံ လွှဲအပ် တာဝန် ပေးသောနေ့မှ တစ်လအတွင်း လွှတ်တော်သို့ အစီရင်ခံစာ တင်ပြရမည်။ |
|||
|
|
( ဂ) |
ကော်မတီဝင်များသည် ကော်မတီ၏ အစီရင်ခံစာကို သဘောတူကြောင်း လက်မှတ် ရေးထိုးရမည်။ သို့ရာတွင် သဘော ကွဲလွဲချက်များ ရှိပါက ထိုသဘော ကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ်ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲ ဖော်ပြနိုင်သည်။ |
|||
|
|
(ဃ) |
ကော်မတီသည် သတ်မှတ်သည့်ရက်အတွင်း အပြီးသတ်အစီရင်ခံစာကို တင်ပြ နိုင်ခြင်း မရှိပါက ကြားဖြတ်အစီရင်ခံစာ တင်ပြရမည်။ |
|||
|
၁၀။ ကော်မတီသည် မိမိ၏ အလုပ်ဝတ္တရားများကို ဆောင်ရွက်ရာတွင် - |
|||||
|
|
(က) |
လိုအပ်သည့် ပြင်ပပုဂ္ဂိုလ်များကို ဆင့်ခေါ်၍ စုံစမ်းမေးမြန်းနိုင်သည်။ စာရွက် စာတမ်းများ၊ မှတ်တမ်းများကိုလည်း တင်ပြစေရန် ဆင့်ခေါ်နိုင်သည်။ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ သက်သေထွက်ချက်သည် သို့မဟုတ် စာရွက်စာတမ်းများ၊ မှတ်တမ်းများသည် ကော်မတီ၏ အလုပ်ဝတ္တရားများ ဆောင်ရွက်ရာတွင် သက်ဆိုင်သည် မသက်ဆိုင်သည်ဟူ သောပြဿနာပေါ်ပေါက်လာပါက အဆိုပါ ပြဿနာကို အဆုံးအဖြတ်ပေးရန် ကော်မတီ ဥက္ကဋ္ဌက လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်သည်။ လွှတ်တော်ဥက္ကဋ္ဌက ချမှတ်သော အဆုံးအဖြတ်သည် အပြီးအပြတ် ဖြစ်သည်။ သို့ရာတွင် နိုင်ငံတော်လုံခြုံရေးကိုဖြစ်စေ၊ နိုင်ငံတော်၏အကျိုးကိုဖြစ်စေ ထိခိုက်နစ်နာဖွယ်ရာ ရှိသည်ဟူသော အကြောင်းပြချက်ဖြင့် ပြည်ထောင်စုအစိုးရ အဖွဲ့က စာရွက်စာတမ်း၊ မှတ်တမ်းတစ်ရပ်ကို ကော်မတီသို့ ထုတ်ဖော် ပြောဆိုတင်ပြရန် ငြင်းဆိုနိုင်သည်။ |
|||
|
|
( ခ) |
ကော်မတီ၏ရှေ့တွင် သက်သေခံရန်ဖြစ်စေ၊ စာရွက်စာတမ်း၊ မှတ်တမ်းများ တင်ပြရန် ဖြစ်စေ လိုအပ်သောအခါ သက်ဆိုင်သူအား စာဖြင့်ဆင့်ဆိုရမည်။ ကော်မတီ၏ ရှေ့တွင် သက်သေ ထွက်ဆိုချက်ကို သို့မဟုတ် သက်သေခံအဖြစ် တင်ပြသော စာရွက်စာတမ်း၊ မှတ်တမ်းကို လျှို့ဝှက်ထား သင့် မသင့် ကော်မတီက ဆုံးဖြတ် နိုင်သည်။ |
|||
|
|
( ဂ) |
ပြည်ထောင်စုအစိုးရအဖွဲ့အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတို့နှင့် တိုက်ရိုက် ဆက်သွယ်ပြီး ဖြေကြားနိုင်သည့် တာဝန်ရှိပုဂ္ဂိုလ်များအားလည်းကောင်း၊ လုပ်ငန်းနှင့် ဆက်စပ်သော အကြောင်းအရာများကို သိရှိနားလည်သည်ဟု ယူဆသူများအားလည်း ကောင်းဖိတ်ကြား၍ ကြားနာခြင်း၊ မေးမြန်းဆွေးနွေးခြင်းနှင့် လိုအပ်သည့်အထောက် အထားများကို တင်ပြစေခြင်းပြုနိုင်သည်။ |
|||
|
၁၁။ ကော်မတီ အစည်းအဝေးများ ကျင်းပရာတွင် ဥပဒေအကြံဉာဏ်များ ရယူရန် လိုအပ်လျှင် ပြည်ထောင်စု ရှေ့နေချုပ်အား ဖိတ်ကြား တက်ရောက်စေရမည်။ |
|||||
|
၁၂။ ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြပြီးနောက် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦးသည် ဥက္ကဋ္ဌက သတ်မှတ်သော နေ့တွင် အစီရင်ခံစာကို ဆွေးနွေးရန်အဆိုကို ဆောလျင်စွာ တင်သွင်း ရမည်။ ယင်းအဆို အတည် ဖြစ်သောအခါ အစီရင်ခံစာကို ဆွေးနွေးရမည်။ လွှတ်တော်က ဆွေးနွေးပြီးသောအခါ ဆွေးနွေးရန် အဆို တင်သွင်းသူကပင် အစီရင်ခံစာကို လွှတ်တော်က လက်ခံအတည်ပြုရန် အဆိုတင်သွင်းရမည်။ |
|||||
|
၁၃။ ကော်မတီဝင်များသည် - |
|||||
|
|
(က) |
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်။ |
|||
|
|
( ခ) |
လွှတ်တော်ကော်မတီ အများဆုံးနှစ်ခုအထိသာ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။ |
|||
|
|
( ဂ) |
ကော်မတီဝင်အဖြစ်မှ နုတ်ထွက်လိုပါက ခိုင်လုံသော အကျိုးအကြောင်း ဖော်ပြလျက် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။ |
|||
|
ကော်မတီအခွင့်အရေး ၁၄။ ကော်မတီဝင်များသည် ကော်မတီ လုပ်ငန်းတာဝန်ကို ဆောင်ရွက်ရန် သို့မဟုတ် ကော်မတီ အစည်းအဝေး တက်ရောက်ရန် ကော်မတီရုံးစိုက်ရာ ဒေသတွင် ရောက်ရှိနေစဉ်၌လည်းကောင်း၊ လွှတ်တော် ဥက္ကဋ္ဌ သို့မဟုတ် လွှတ်တော်၏ တာဝန်ပေးချက်အရ ခရီးသွားလာရာ၌လည်းကောင်း ယင်းတို့နှင့် သက်ဆိုင်သည့်ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့် ရှိသည့်အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။ |
|||||
|
၁၅။ ကော်မတီဝင်များသည် - |
|||||
|
|
(က) |
ကော်မတီအစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ တည်ဆဲအခြားဥပဒေတစ်ရပ်ရပ်အရ အရေးယူ ခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။ |
|||
|
|
( ခ) |
ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း လွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင် ခွင့်ပြုချက်မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။ |
|||
|
|
( ဂ) |
ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီအစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိသည်။ |
|||
|
အမိန့်ကြေညာစာအမှတ် (၃၉/၂၀၁၆)၊ အမိန့်ကြော်ငြာစာအမှတ် (၅၈/၂၀၁၆)၊ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၇) နှင့် အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၂၀) များအရ ပြန်လည် ပြုစုထားခြင်းဖြစ်ပါသည်။ |
|||||
