ပြည်သူ့ငွေစာရင်းကော်မတီ
|
ပြည်သူ့လွှတ်တော်ရုံးမှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ လ ၈ ရက်နေ့ပါ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် (၁၁/၂၀၁၆) ထုတ်ပြန်၍ ပြည်သူ့ငွေစာရင်းကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်သည်။ |
|||||
|
ဖွဲ့စည်းခြင်း ၁။ ပြည်သူ့လွှတ်တော်သည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၂၄၊ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၄ နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက်တို့အရ ပြည်သူ့ငွေစာရင်းကော်မတီကို အောက်ပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁၅) ဦးဖြင့် ဖွဲ့စည်း လိုက်သည် - |
|||||
|
(က) |
ဦးအောင်မင်း |
ဇလွန် မဲဆန္ဒနယ် |
ဥက္ကဋ္ဌ |
||
|
(ခ) |
ဦးဘိုကြီး |
ချောက် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||
|
(ဂ) |
ဦးခင်ချို |
လှိုင်းဘွဲ့ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||
|
(ဃ) |
ဦးကံမြင့် |
သရက် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||
|
(င) |
ဦးကျော်တင့် |
တပ်ကုန်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||
|
(စ) |
ဦးသိန်းတန် |
လှည်းကူး မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||
|
(ဆ) |
ဒေါ်ချိုချိုဝင်း |
မော်လိုက် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||
|
(ဇ) |
ဒေါ်နီနီဒွန်း |
ပေါက်ခေါင်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||
|
(ဈ) |
ဦးလင်းဇော်ထွန်း |
မိုင်းဖြတ် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||
|
(ည) |
ဦးစိုင်းသီဟကျော် |
မိုင်းရယ် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||
|
(ဋ) |
ဦးအောင်ဝင်း |
မှော်ဘီ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||
|
(ဌ) |
ဦးမြင့်ကြည် |
ကသာ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||
|
(ဍ) |
ဦးစစ်အေး |
တောင်သာ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
||
|
(ဎ) |
ဗိုလ်မှူးချုပ်ရဲနိုင်မျိုး |
တပ်မတော်သားကိုယ်စားလှယ် |
အဖွဲ့ဝင် |
||
|
(ဏ) |
ဦးခင်မောင်သန်း |
တောင်ငူမဲဆန္ဒနယ် |
အတွင်းရေးမှူး |
||
|
(တ) |
ဗိုလ်မှူးကြီးကျော်စိုးလွင် |
တပ်မတော်သားကိုယ်စားလှယ် |
လေ့လာသူ |
||
|
(ထ) |
ဒုတိယဗိုလ်မှူးကြီးမိုးကျော် |
တပ်မတော်သားကိုယ်စားလှယ် |
လေ့လာသူ |
||
|
၂။ ဤကော်မတီသည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ) အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်သည်။ |
|||||
|
ကော်မတီသက်တမ်း ၃။ ကော်မတီ၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့်အညီ ဖြစ်သည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် ကော်မတီ၏ သက်တမ်းတစ်နှစ် ပြည့်မြောက်သည့်အခါ ပြန်လည် သုံးသပ်ပြီး လိုအပ်ပါက ကော်မတီဝင်များကို သင့်လျော်သလို လဲလှယ်အစားထိုး တာဝန် ပေးအပ်နိုင်သည်။ |
|||||
|
ကော်မတီတာဝန် ၄။ ကော်မတီသည် - |
|||||
|
(က) |
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရ အဖွဲ့အစည်းများနှင့် နေပြည်တော်ကောင်စီတို့၏ လုပ်ငန်း အကောင်အထည် ဖော် ဆောင်ရွက်မှုတို့ကို စစ်ဆေးထားသည့် ပြည်ထောင်စု စာရင်းစစ်ချုပ်၏ အစီရင်ခံစာကို စိစစ်ရမည်။ ယင်းသို့ စိစစ်ရာတွင် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေပါ လျာထားရငွေများကို ပြည့်ဝစွာရရှိအောင် ဆောင်ရွက်ထားခြင်း ရှိ/မရှိ၊ သုံးစွဲခွင့်ပြုထားသော ငွေကြေးများကို ထိရောက်စွာ အသုံးပြု/မပြု၊ သတ်မှတ် ထားသော ဘဏ္ဍာရေးစည်းမျဉ်းများ၊ စည်းကမ်းများနှင့် အညီ သုံးစွဲခြင်း ရှိ/မရှိတို့ကို စိစစ်ရမည်။ |
||||
|
( ခ) |
ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုထားသော ငွေကို ထိရောက်မှန်ကန်စွာ သုံးစွဲခဲ့ခြင်း ရှိ/မရှိ စိစစ်နိုင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းဌာနများသို့ သွားရောက် စစ်ဆေး နိုင်သည်။ |
||||
|
( ဂ) |
အောက်ပါအချက်များနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြရန် တာဝန်ရှိသည် - |
||||
|
(၁) |
ပြည်ထောင်စုအစိုးရ၏ တောင်းဆိုချက်အရ ကိစ္စရပ်တစ်ခုအတွက် ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုထားသော သုံးငွေတစ်ရပ်ကို အခြား ကိစ္စရပ် အတွက် ခေါင်းစဉ် ပြောင်း၍ သုံးသည့် ကိစ္စများ၊ |
||||
|
(၂) |
ခွင့်ပြုထားသည့် သုံးငွေတစ်ရပ်အတွင်း ခေါင်းစဉ်ပြောင်း၍ သုံးစွဲရာ၌ ဘဏ္ဍာရေး ဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းမျဉ်းများနှင့် ညီညွတ်မှု မရှိသည့်ကိစ္စများ၊ |
||||
|
(၃) |
သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းသို့ လမ်းညွှန်သင့်သော ဘဏ္ဍာငွေ သုံးစွဲပုံ နည်းလမ်း အားနည်းချက်များ၊ |
||||
|
(၄) |
ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပေးရန် ဘဏ္ဍာရေးဝန်ကြီးဌာနက တောင်း ဆိုသော အသုံးစရိတ်များ၊ |
||||
|
(ဃ) |
ပြည်ထောင်စုအစိုးရအဖွဲ့၏ စီးပွားရေးဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ကုန်ထုတ်လုပ်မှု၊ လုပ်ငန်း အကောင်အထည်ဖော်မှုဆိုင်ရာ စာရင်းများ၊ နှစ်ချုပ် စာရင်းများနှင့် လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် လေလွင့် ပြုန်းတီးမှု၊ ယိုဖိတ်မှု၊ ပျက်စီးမှု၊ နစ်နာဆုံးရှုံးမှု၊ အလွဲသုံးစားမှု ရှိ/မရှိ စသည်တို့ကို စစ်ဆေးထားသည့် ပြည်ထောင်စု စာရင်းစစ်ချုပ်၏ အစီရင်ခံစာကို စိစစ်ရမည်။ |
||||
|
( င) |
နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သို့မဟုတ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကဖြစ်စေ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း တစ်ခုခု၊ ပြည်ထောင်စုဝန်ကြီးဌာန တစ်ခုခု သို့မဟုတ် နေပြည်တော် ကောင်စီက ဖြစ်စေ လုပ်ငန်း တစ်ရပ်ရပ်ကို စစ်ဆေးပေးရန် ညှိနှိုင်းချက်အရ စစ်ဆေးသည့် ပြည်ထောင်စု စာရင်းစစ်ချုပ်၏ အစီရင်ခံစာကိုလည်းကောင်း၊ သိုလှောင်သိမ်းဆည်း ထားသော ကုန်ပစ္စည်းများနှင့် စပ်လျဉ်းသည့် စာရင်းများကို စစ်ဆေးသည့် ပြည်ထောင်စု စာရင်းစစ်ချုပ်၏ အစီရင်ခံစာကိုလည်းကောင်း စိစစ်ရမည်။ |
||||
|
၅။ ကော်မတီက စိစစ်ပေးရန်လိုအပ်သော ကိစ္စများနှင့်စပ်လျဉ်း၍ ကော်မတီသည် - |
|||||
|
(က) |
ပြည်ထောင်စုလွှတ်တော်၏ အကြောင်းကြားချက်အရ လွှတ်တော်ဥက္ကဋ္ဌက တာဝန် ပေးအပ်ခြင်းဖြစ်လျှင် လိုအပ်သလို စိစစ်၍ ကော်မတီ၏ တွေ့ရှိချက်နှင့် သဘောထား မှတ်ချက်တို့ကို လွှတ်တော်မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည် တင်ပြရမည်။ |
||||
|
( ခ) |
လွှတ်တော်၏ ဆုံးဖြတ်ချက်အရ လွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးအပ်ခြင်း ဖြစ်လျှင် လိုအပ်သလိုစိစစ်၍ ကော်မတီ၏တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် တို့ကို လွှတ်တော် ဥက္ကဋ္ဌမှ တစ်ဆင့် လွှတ်တော်သို့ ပြန်လည်တင်ပြရမည်။ |
||||
|
( ဂ) |
လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ တင်ပြချက်အရ စိစစ်ရန် လိုအပ်သည်ဟု လွှတ်တော်က ဆုံးဖြတ်၍ လွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးအပ်ခြင်း ဖြစ်လျှင် လိုအပ်သလို စိစစ်ပြီး ကော်မတီ၏ တွေ့ရှိချက်နှင့် သဘောထား မှတ်ချက် တို့ကို လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ ပြန်လည်တင်ပြရမည်။ |
||||
|
(ဃ) |
ပြည်ထောင်စုအစိုးရအဖွဲ့ အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတို့နှင့် တိုက်ရိုက် ဆက်သွယ်ပြီး ဖြေကြားနိုင်သည့် တာဝန်ရှိ ပုဂ္ဂိုလ်များအားလည်းကောင်း၊ လုပ်ငန်းနှင့်ဆက်စပ်သော အကြောင်းအရာများကို သိရှိနားလည်သည်ဟု ယူဆသူများ အားလည်းကောင်း ဖိတ်ကြား၍ ကြားနာခြင်း၊ မေးမြန်းဆွေးနွေးခြင်းနှင့် လိုအပ်သည့် အထောက်အထားများကို တင်ပြစေခြင်း ပြုနိုင်သည်။ |
||||
|
၆။ ကော်မတီဝင်များသည် လွှတ်တော် ဥက္ကဋ္ဌက တာဝန်ပေးအပ်လျှင် ပြည်ထောင်စုလွှတ်တော်၏ သဘော တူညီချက်ဖြင့် နာယကက ဖွဲ့စည်းသော ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီတွင် ကော်မတီဝင် အဖြစ် တာဝန်ထမ်းဆောင်ရမည်။ |
|||||
|
၇။ ကော်မတီ အစည်းအဝေးတွင် ကော်မတီဝင်တစ်ဦး ပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကို သော်လည်းကောင်း၊ ကော်မတီတွင် ဆွေးနွေးသော ဆွေးနွေးချက်များကိုသော်လည်း ကောင်း ပြင်ပသို့ ပေါက်ကြားခြင်း မရှိစေရ။ ကော်မတီ အစည်းအဝေး မှတ်တမ်းတွင် ဆွေးနွေးချက် အားလုံးကို အသေးစိတ် မှတ်တမ်းတင်၍ ကော်မတီက အတည်ပြုထားရမည်။ ယင်းအစည်းအဝေး မှတ်တမ်းများ ကို ဖြန့်ဝေခြင်း မပြုရ။ ပြည်သူ့လွှတ်တော်သို့ ပေးပို့သော အစီရင်ခံစာ မိတ္တူကို အစည်းအဝေး မှတ်တမ်းများ နှင့်အတူ ပူးတွဲ၍ အမှုတွဲအဖြစ် တပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် ပြည်သူ့လွှတ်တော်ရုံးသို့ ပေးပို့ရမည်။ |
|||||
|
ကော်မတီလုပ်ပိုင်ခွင့် ၈။ ကော်မတီ အစည်းအဝေးများကို ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများပါ ပြဋ္ဌာန်း ချက်များ နှင့်အညီ ကျင်းပရမည်။ |
|||||
|
၉။ အပိုဒ် ၄ နှင့် အပိုဒ် ၅ တို့ပါ တာဝန်များအရ ကော်မတီက စိစစ်ရာတွင် - |
|||||
|
(က) |
ကော်မတီတွင် အဆိုတင်သွင်းခြင်း၊ အကြံပြုချက် တင်သွင်းခြင်းတို့နှင့်စပ်လျဉ်း၍ ထောက်ခံသူမလို။ |
||||
|
( ခ) |
ကော်မတီဝင်များသည် ကိစ္စတစ်ခုနှင့်စပ်လျဉ်း၍ တစ်ကြိမ်ထက်ပိုပြီး ဆွေးနွေးခွင့် ရှိသည်။ |
||||
|
၁၀။ ကော်မတီက အစီရင်ခံစာ တင်ပြခြင်းနှင့်စပ်လျဉ်း၍ - |
|||||
|
(က) |
ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင် တစ်ဦးသည် အစီရင်ခံစာကို လက်မှတ်ရေးထိုး၍ လွှတ်တော်ဥက္ကဋ္ဌ ထံ တင်ပြရမည်။ |
||||
|
( ခ) |
ကော်မတီဝင်များသည် ကော်မတီ၏အစီရင်ခံစာကို သဘောတူကြောင်း လက်မှတ် ရေးထိုးရမည်။ သို့ရာတွင် သဘော ကွဲလွဲချက်များရှိပါက ထိုသဘောကွဲလွဲချက် များကို ရေးသား ဖော်ပြ၍ လက်မှတ်ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြ နိုင်သည်။ |
||||
|
( ဂ) |
အစီရင်ခံစာကို တင်ပြပြီးနောက် လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်သည့် ၄ ရက် ထက်မစော ၁၀ ရက်ထက် နောက်မကျသော နေ့တစ်နေ့တွင် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင် တစ်ဦးသည် အစီရင်ခံစာကို ဆွေးနွေးရန် လွှတ်တော်သို့ အဆို တင်သွင်းရမည်။ |
||||
|
(ဃ) |
အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ချက်များ ပြုလုပ်ခွင့်မရှိ။ |
||||
|
( င) |
အစီရင်ခံစာကို ဆွေးနွေးပြီးသောအခါ ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီ က တာဝန်ပေးအပ်သော ကော်မတီဝင် တစ်ဦးသည် အစီရင်ခံစာကို လွှတ်တော်က သဘောတူ လက်ခံရန် အဆိုတင်သွင်းရမည်။ |
||||
|
၁၁။ ကော်မတီနှင့် အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီတို့က ဆောင်ရွက်ရမည့် ကိစ္စရပ်များ သည် တစ်ခုနှင့်တစ်ခု အကျုံးဝင်တူညီနေပါက ကော်မတီသည် လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌတို့ ညှိနှိုင်းဆောင်ရွက်နိုင်ရန် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်။ |
|||||
|
၁၂။ ကော်မတီဝင်များသည် - |
|||||
|
(က) |
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များ ကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်။ |
||||
|
( ခ) |
လွှတ်တော်ကော်မတီ အများဆုံး နှစ်ခုအထိသာ ပါဝင်ဆောင်ရွက်နိုင်ခွင့် ရှိသည်။ |
||||
|
( ဂ) |
ကော်မတီဝင်အဖြစ်မှ နုတ်ထွက်လိုပါက ခိုင်လုံသော အကျိုးအကြောင်းဖော်ပြလျက် လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။ |
||||
|
ကော်မတီအခွင့်အရေး ၁၃။ ကော်မတီဝင်များသည် ကော်မတီလုပ်ငန်းတာဝန်ကို ဆောင်ရွက်ရန် သို့မဟုတ် ကော်မတီ အစည်းအဝေး တက်ရောက်ရန် ကော်မတီ ရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌ လည်းကောင်း၊ လွှတ်တော် ဥက္ကဋ္ဌ သို့မဟုတ် လွှတ်တော်၏ တာဝန်ပေးချက်အရ ခရီးသွားလာရာ၌လည်းကောင်း ယင်းတို့နှင့် သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့် ရှိသည့်အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။ |
|||||
|
၁၄။ ကော်မတီဝင်များသည် - |
|||||
|
(က) |
ကော်မတီ အစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဆိုင်ရာ ဥပဒေမှအပ တည်ဆဲအခြား ဥပဒေတစ်ရပ်ရပ်အရ အရေးယူ ခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။ |
||||
|
( ခ) |
ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း လွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင် ခွင့်ပြုချက် မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။ |
||||
|
( ဂ) |
ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီအစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိသည်။ |
||||
|
အမိန့်ကြော်ငြာစာအမှတ် (၃၉/၂၀၁၆)၊ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၇)၊ အမိန့်ကြော်ငြာစာအမှတ် (၃၃/၂၀၁၇)၊ နှင့် အမိန့်ကြော်ငြာစာအမှတ်(၅၁/၂၀၁၈) များအရ ပြန်လည် ပြုစုထားခြင်းဖြစ်ပါသည်။ |
|||||
