လွှတ်တော် အခွင့်အရေး ကော်မတီ

၁။       ပြည်သူ့လွှတ်တော်သည် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေနှင့်ပြည်သူ့လွှတ်တော်အစည်း အဝေးဆုံးဖြတ်ချက်တို့အရ ဖွဲ့စည်းခဲ့သည့် လွှတ်တော်အခွင့်အရေး ကော်မတီကို အောက်ပါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၅) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်သည်-

၂။       ဤကော်မတီသည် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ ၊ ပုဒ်မခွဲ (ဇ)အရ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဖြစ်သည်။

 

(က)

ဦးနန္ဒကျော်စွာ

ဒဂုံ မဲဆန္ဒနယ်

ဥက္ကဋ္ဌ

 

(ခ)

ဦးနယ်လ်ဆင်

ကျောက်မဲ မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဂ)

ဒေါက်တာသန်းဝင်း

မြောက်ဥက္ကလာပ မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဃ)

ဦးစောသိန်းအောင်

လှိုင်းဘွဲ မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(င)

ဦးကျော်နိုင်ဌေး

အင်းတော် မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(စ)

ဒေါက်တာစံလှိုင်

တောင်ကုတ် မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဆ)

ဦးမြသိန်း

မုဒုံ မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဇ)

ဦးမြင့်စိုး

ပျော်ဘွယ် မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဈ)

ဒေါ်နန်းနွံ

ရှားတော မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ည)

ဒေါ်မိမြင့်သန်း

ရေး မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဋ)

ဦးတင်မောင်

ချမ်းမြသာစည် မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဌ)

ဦးအုန်းကြိုင်

မဟာအောင်မြေ မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဍ)

ဗိုလ်မှူးကြီးမြင့်ဟန်

တပ်မတော်သား ကိုယ်စားလှယ်

အဖွဲ့ဝင်

 

(ဎ)

ဦးစိုးဝင်း

ကျောက်တံတား မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဏ(

ဒေါက်တာစိုးရင်

ကမာရွတ် မဲဆန္ဒနယ်

အတွင်းရေးမှူး

ကော်မတီသက်တမ်း

၃။       ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီဝင်များ၏သက်တမ်း တစ်နှစ်ပြည့်မြောက်သည့် အခါ ပြန်လည်သုံးသပ်ပြီးလိုအပ်ပါက သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်နိုင်သည်။

ကော်မတီတာဝန်

၄။       ကော်မတီသည် -

 

(က)

မိမိထံလွှဲအပ်သော ကိစ္စအသီးသီးကို အောက်ပါအတိုင်း စုံလင်စွာစစ်ဆေး ဆောင်ရွက် ရမည် -

 

(၁)

ကော်မတီသို့ လွှဲအပ်သော ကိစ္စများနှင်‌့စပ်လျဉ်းသည့် အချက်များကို အခြေပြု၍ ပြည်သူ့လွှတ်တော်၏ အခွင့်အရေးကို ဖောက်ဖျက်ရာရောက် မရောက် စဉ်းစား ဆုံးဖြတ်ခြင်း၊

 

(၂)

မည်သို့သောကိစ္စ၊ မည်သို့သောအချက်များမှ စတင်၍ အခွင့်အရေး ဖောက်ဖျက်မှု ဖြစ်ပေါ်လာရကြောင်းနှင့် မည်သို့မည်ပုံ ဖောက်ဖျက် ကြောင်းကို ဆုံးဖြတ်ခြင်း၊

 

(၃)

ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်က မည်ကဲ့သို့ အရေးယူသင့်ကြောင်းကို ပြည်သူ့လွှတ်တော်သို့ အစီရင်ခံ တင်ပြခြင်း။

 

(ခ)

အပိုဒ်ခွဲ(က)ပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ အစီရင်ခံစာတွင် ဖော်ပြပါရှိသည့် အကြံပေးချက်များကို ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ရန် ပြည်သူ့လွှတ်တော်က မည်သည့် နည်းလမ်းများကို ကျင့်သုံးသင့်ကြောင်း အစီရင်ခံစာတွင် အကြံပြုဖော်ပြ ရမည်၊

 

(ဂ)

ပြည်သူ့လွှတ်တော်က ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံတကာလွှတ်တော်များနှင့် ဆက်သွယ်နိုင်ရေး အတွက်လိုအပ်ပါက ပြည်သူ့လွှတ်တော်သို့ တင်ပြနိုင်သည်။

၅။       လွှတ်တော်အခွင့်အရေးကော်မတီသည်လွှတ်တော်သက်တမ်းတစ်ရပ်၏ ပထမပုံမှန်အစည်း အ‌ဝေးသို့ တက်ရောက်လာမည့် လွှတ်တော် ကိုယ်စားလှယ်များအား ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်က ထုတ်ပေးသည့် အသိအမှတ်ပြုလွှာဖြင်‌့ စိစစ်အတည်ပြုရမည်။ သက်တမ်း အတွင်း ဆက်လက် ကျင်းပသည့် လွှတ်တော် အစည်းအဝေးများသို့ တက်ရောက်လာမည့် လွှတ်တော် ကိုယ်စားလှယ်များအား စိစစ်၍ အတည်ပြုရမည်။

၆။       သာမန်အားဖြင့် အပိုဒ် ၄ ပါတာဝန်များအရ ကော်မတီက စိစစ်ရာတွင်

 

(က)

ကော်မတီတွင် အဆိုတင်သွင်းခြင်း ၊ အကြံပြုချက်တင်သွင်းခြင်းတို့နှင့် စပ်လျဉ်း၍ ထောက်ခံသူ မလို ။

 

( ခ )

ကော်မတီဝင်များသည် ကိစ္စတစ်ခုနှင့်စပ်လျဉ်း၍ တစ်ကြိမ်ထက်ပိုပြီး ဆွေးနွေးခွင့် ရှိသည်။

၇။       ကော်မတီအစည်းအဝေးတွင် ကော်မတီဝင်တစ်ဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကို သော်လည်းကောင်း ၊ ကော်မတီတွင် ဆွေးနွေးသော ဆွေးနွေးချက်များကို သော်လည်းကောင်း ပြင်ပသို့ ပေါက်ကြား ခြင်း မရှိစေရ။ ကော်မတီ အစည်းအဝေးမှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးကို အသေးစိတ်မှတ်တမ်းတင်၍ ကော်မတီက အတည်ပြုထားရမည်။ ယင်းအစည်းအဝေးမှတ်တမ်းများကို ဖြန့်ဝေခြင်းမပြုရ။ ပြည်သူ့လွှတ်တော်သို့ ပေးပို့သော အစီရင်ခံစာမိတ္တူကို အစည်းအဝေးမှတ်တမ်း များနှင့်အတူ ပူးတွဲ၍အမှုတွဲအဖြစ်တစ်ပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် လွှတ်တော်ရုံးသို့ပေးပို့ရမည်။

ကော်မတီလုပ်ပိုင်ခွင့်

၈။       ကော်မတီ၏ အစည်းအဝေးများကို ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများပါ ပြဋ္ဌာန်းချက် များနှင့်အညီ ကျင်းပရမည် ။

၉။

(က)

ကော်မတီ၏ အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး ကသော် လည်းကောင်း၊ ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦးက သော်လည်းကောင်း ပြည်သူ့လွှတ်တော်သို့ တင်ပြရမည်၊

 

(ခ)

ကော်မတီသို့လွှဲအပ်သော အခွင့်အရေးကိစ္စတစ်ရပ်ကို စဉ်းစားဆုံးဖြတ်ရန် ကော်မ တီကအခါအား လျော်စွာ စည်းဝေး၍ အစီရင်ခံစာကို သတ်မှတ်သောနေ့တွင် ပြည် သူ့လွှတ်တော်သို့ တင်ပြရမည်။ ပြည်သူ့လွှတ်တော်က အစီရင်ခံစာ တင်ပြမည့် ရက်ကို သတ်မှတ်ခြင်းမပြုလျှင် ပြည်သူ့လွှတ်တော်က မိမိထံ အခွင့် အရေး ကိစ္စ တစ်ရပ် လွှဲအပ်သောနေ့မှ တစ်လအတွင်း ပြည်သူ့လွှတ်တော်သို့ အစီရင်ခံစာ တင်ပြရမည်၊

 

(ဂ)

ကော်မတီဝင်များသည် အစီရင်ခံစာကို သဘောတူကြောင်း လက်မှတ်ရေးထိုးရမည်။ သို့ရာတွင် ခြွင်းချက် သို့မဟုတ် သဘောကွဲလွဲချက်များ ရှိပါက ထိုခြွင်းချက် သို့မဟုတ် သဘောကွဲလွဲ ချက်များကို ရေးသားဖော်ပြ၍ လက်မှတ်ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်၊

 

(ဃ)

ကော်မတီသည် သတ်မှတ်ရက်အတွင်း အပြီးသတ်အစီရင်ခံစာ တင်ပြနိုင်ခြင်း မရှိပါက ကြားဖြတ်အစီရင်ခံစာ တင်ပြရမည်။

၁၀။     ကော်မတီသည် မိမိ၏ အလုပ်ဝတ္တရားများကို ဆောင်ရွက်ရာတွင် -

 

(က)

လိုအပ်သည့် ပုဂ္ဂိုလ်များကို ဆင့်ခေါ်၍ စုံစမ်း မေးမြန်းနိုင်သည်။ စာရွက် စာတမ်းများ၊ မှတ်တမ်းများကိုလည်း ဖော်ပြစေရန် ဆင့်ခေါ်နိုင်သည်။ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၏ သက်သေထွက်ချက်သည် သို့မဟုတ် စာရွက်စာတမ်းများ၊ မှတ်တမ်းများ သည် ကော်မတီ၏ အလုပ်ဝတ္တရားများ ဆောင်ရွက်ရာတွင် သက်ဆိုင်သည် မသက်ဆိုင်သည် ပြဿနာပေါ် ပေါက်လာပါက အဆိုပါပြဿနာကို အဆုံးအဖြတ် ပေးရန် ကော်မတီ ဥက္ကဋ္ဌက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြနိုင်သည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ချမှတ်သော အဆုံးအဖြတ်သည် အပြီးအပြတ် ဖြစ်သည်။ သို့ရာတွင် နိုင်ငံတော် လုံခြုံရေးကိုဖြစ်စေ၊ နိုင်ငံတော်၏ အကျိုးကို ဖြစ်စေ ထိခိုက် နစ်နာဖွယ်ရာ ရှိသည်ဟူသော အကြောင်း ပြချက်ဖြင့် ပြည်ထောင်စုအစိုးရက စားရွက်စာတမ်း၊ မှတ်တမ်းတစ်ရပ်ကို ကော်မတီသို့ ထုတ်ဖော် ပြောဆို တင်ပြရန် ငြင်းဆိုနိုင်သည်၊

 

(ခ)

ကော်မတီရှေ့၌ သက်သေခံရန်ဖြစ်စေ၊ စာရွက်စာတမ်း၊ မှတ်တမ်းများ တင်ပြရန် ဖြစ်စေ လိုအပ်သောအခါ သက်ဆိုင်သူအားစာဖြင့်ဆင့်ဆိုရမည်။ ကော်မတီ၏ရှေ့၌ ထွက်ဆိုသော သက်သေထွက်ဆိုချက် သို့မဟုတ် သက်သေခံတင်ပြသော စာရွက်စာတမ်း၊ မှတ်တမ်းကို လျှို့ဝှက်ထားသင့် မသင့် ကော်မတီက ဆုံးဖြတ်နိုင်သည်၊

 

(ဂ)

သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတို့နှင့် ညှိနှိုင်းပြီးဖြေကြားနိုင်သည့် တာဝန်ရှိ ပုဂ္ဂိုလ် များအားလည်းကောင်း၊ လုပ်ငန်းနှင့်ဆက်စပ်သော အကြောင်းအရာများကို သိရှိနားလည် သည်ဟု ယူဆသူများအားလည်းကောင်း ဖိတ်ကြား၍ မေးမြန်းဆွေးနွေးနိုင်သည်၊

၁၁။     ကော်မတီအစည်းအဝေးများ ကျင်းပရာတွင် ဥပဒေအကြံဉာဏ်များရယူရန် လိုအပ်လျှင် ကော်မတီသည် ပြည်ထောင်စုရှေ့နေချုပ်ကို ဖိတ်ကြားတက်ရောက်စေရမည်။

၁၂။

(က)

ကော်မတီ၏ အစီရင်ခံစာကို ပြည်သူ့လွှတ်တော်သို့ တင်ပြပြီးနောက် ကော်မတီ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး က သော်လည်းကောင်း၊ ကော်မတီက တာဝန် ပေးအပ်သော ကော်မတီဝင်တစ်ဦးကသော်လည်းကောင်း၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက သတ်မှတ်သော နေ့တွင် အစီရင်ခံစာကို စဉ်းစား ဆွေးနွေးရန် အဆိုတင်သွင်းရမည်၊

 

(ခ)

အပိုဒ်ခွဲ (က)အရ တင်သွင်းသော အဆိုကို ပြည်သူ့လွှတ်တော်က စဉ်းစား ဆွေးနွေး ပြီး သောအခါ ယင်းအဆိုတင်သွင်းသူကပင် အစီရင်ခံစာကို ပြည်သူ့လွှတ်တော် က လက်ခံ အတည်ပြုရန် အဆိုတင်သွင်းရမည်။

၁၃။     ကော်မတီဝင်များသည် -

 

(က)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့ လွှတ် တော် ဆိုင်ရာဥပဒေများပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင်လွတ်လပ်စွာ ပြောဆို ဆွေးနွေး ခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်။

 

(ခ)

ပြည်သူ့လွှတ်တော်၏ လွှတ်တော်ကော်မတီ အများဆုံးနှစ်ခုထိ ပါဝင် ဆောင်ရွက် နိုင်ခွင့် ရှိသည်၊

 

(ဂ)

ကော်မတီဝင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုရန် ခိုင်လုံသော အကျိုးအကြောင်း ဖော်ပြ လျက်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။

ကော်မတီအခွင့်အရေး

၁၄။     ကော်မတီဝင်များသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် အားလျော်စွာ ကော်မတီ လုပ်ငန်း တာဝန်များကို ဆောင်ရွက်ရန်ဖြစ်စေ၊ ကော်မတီ အစည်းအဝေး တက်ရောက်ရန် ဖြစ်စေ ကော်မတီ ရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌ လည်းကောင်း၊ တာဝန်အရ ခရီးသွားလာရာ၌ လည်းကောင်း ယင်းတို့နှင့် သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့် ရှိသည့်အပြင် ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့် ရှိသည်။

၁၅။     ကော်မတီဝင်များသည် -

 

(က)

ကော်မတီ အစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်ဆိုင် ရာဥပဒေမှအပ အခြားဥပဒေအရ အရေးယူခံရခြင်းမှ ကင်း လွတ်ခွင့်ရှိသည်၊

 

(ခ)

ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း သက်ဆိုင်ရာ အဖွဲ့အစည်း ၏ အကြီးအမှူးမှတစ်ဆင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ ကြိုတင်ခွင်‌့ပြုချက် မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်၊

 

(ဂ)

ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်း မခံရမီ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင်‌့ ကော်မတီ အစည်းအဝေးများသို့ တက်ရောက်ခွင့် ရှိသည်။