|
၁။ ပြည်သူ့လွှတ်တော်သည် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေနှင့် ပြည်သူ့လွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက်တို့အရ ပြည်သူ့ငွေစာရင်း ကော်မတီကို အောက်ပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁၅)ဦး ဖြင့်ပြင်ဆင် ဖွဲ့စည်းလိုက်သည်- |
|||||
|
|
(က) |
ဦးသူရိန်ဇော် |
ကော့ကရိတ် မဲဆန္ဒနယ် |
ဥက္ကဋ္ဌ |
|
|
|
( ခ) |
ဦးဝင်းထိန် |
မီထ္ထီလာမဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
|
( ဂ) |
ဦးစိုင်းသီဟကျော် |
မိုင်းရယ် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
|
(ဃ) |
ဒေါ်တင်နွယ်ဦး |
ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
|
( င) |
ဦးခွန်မောင်သောင်း |
ပင်လောင်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
|
( စ) |
ဦးခွန်လိန်း |
ဖလမ်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
|
(ဆ) |
ဦးညီညီမြင့် |
အုတ်တွင်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
|
( ဇ) |
ဦးအောင်လင်းလှိုင် |
ဘုတ်ပြင်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
|
(ဈ) |
ဒေါက်တာဝင်းမြင့် |
လှိုင် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
|
(ည) |
ဒေါ်မိယဉ်ချမ်း |
ကျိုက်မရော မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
|
( ဋ) |
ဦးမိုးဇော်ဟိန်း |
ကသာ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
|
( ဌ) |
ဦးစိုးမြင့် |
ညောင်လေးပင် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
|
( ဍ) |
ဦးမင်းဆွေ |
ဒိုက်ဦး မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
|
( ဎ) |
ဗိုလ်မှူးကြီးမြင့်ကိုကို |
|
အဖွဲ့ဝင် |
|
|
|
(ဏ) |
ဦးမောင်တိုး |
မင်းလှ မဲဆန္ဒနယ် |
အတွင်းရေးမှူး |
|
|
ကော်မတီသက်တမ်း |
|||||
|
၂။ ဤကော်မတီသည် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ) အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဖြစ်သည်။ |
|||||
|
၃။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီဝင်များ၏ သက်တမ်းတစ်နှစ်ပြည့်မြောက်သည့် အခါ ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်နိုင်သည်။ |
|||||
|
ကော်မတီတာဝန် |
|||||
|
၄။ ကော်မတီသည် - |
|||||
|
|
(က) |
ပြည်ထောင်စုအစိုးရ၏ အသုံးစာရင်းနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာကို စိစစ်ရာတွင် ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုသောငွေကို သတ်မှတ်ထားသည့်ကိစ္စ အတွက် သာလျှင် သုံးစွဲခြင်း ရှိ မရှိ၊ စည်းမျဉ်းစည်းကမ်း နှင့်အညီ သုံးစွဲခြင်း ရှိ မရှိနှင့် ခွင့်ပြုသည့် ရည်ရွယ်ချက်အတိုင်း ထိရောက် မှန်ကန် စွာ သုံးစွဲခဲ့ခြင်း ရှိ မရှိတို့ကို စိစစ် ရမည်။ |
|||
|
|
(ခ) |
ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုထားသောငွေကို ထိရောက်မှန်ကန်စွာ သုံးစွဲခဲ့ခြင်း ရှိမရှိ စိစစ်နိုင်ရေးအတွက် လိုအပ်သည့်လုပ်ငန်းဌာနများသို့ သွားရောက်စစ်ဆေး နိုင်သည်။ |
|||
|
|
(ဂ) |
အောက်ပါအချက်များနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်သို့ တင်ပြရန် တာဝန်ရှိသည်- |
|||
|
|
|
(၁) |
ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စုအစိုးရ၏ တောင်းဆိုချက်အရကိစ္စ ရပ်တစ်ခုအတွက် ခွင့်ပြုထားသော သုံးငွေတစ်ရပ်ကို အခြားကိစ္စရပ်အတွက် ခေါင်းစဉ် ပြောင်း၍ သုံးစွဲခြင်း၊ |
||
|
|
|
(၂) |
ခွင့်ပြုထားသည့် သုံးငွေတစ်ရပ်အတွင်း ခေါင်းစဉ်ပြောင်း၍ သုံးစွဲရာ၌ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းမျဉ်းများနှင့် ညီညွတ်မှုမရှိခြင်း၊ |
||
|
|
|
(၃) |
သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းသို့လမ်းညွှန်သင့်သော ဘဏ္ဍာငွေသုံးစွဲပုံ နည်းလမ်း အားနည်းချက်များကို စိစစ်တွေ့ရှိခြင်း၊ |
||
|
|
|
(၄) |
ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပေးရန် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက တောင်းဆို သော အသုံးစရိတ်များ။ |
||
|
|
(ဃ) |
ပြည်ထောင်စုအစိုးရအဖွဲ့၏ စီးပွားရေးဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော် သမ္မတ၏ အမိန့်အတိုင်းပြုလုပ်ရသည့် စာရင်းများနှင့် ယင်းစာရင်းများအပေါ် ပြည်ထောင်စု စာရင်းစစ် ချုပ်၏ အစီရင်ခံစာတို့ကို စိစစ်ရမည်။ |
|||
|
|
(င) |
နိုင်ငံတော်သမ္မတ၏ အမိန့်အရ ရငွေတစ်ရပ်ရပ်ကို စစ်ဆေးသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာကိုလည်းကောင်း၊ သိုလှောင်သိမ်းဆည်း ထားသော ကုန်ပစ္စည်းများနှင့် စပ်လျဉ်းသည့် စာရင်းများ၊ ကုန်ပစ္စည်း များကိုစစ်ဆေးသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာကို လည်းကောင်း စိစစ်ရမည်။ |
|||
|
၅။ ကော်မတီက စိစစ်ပေးရန်လိုအပ်သောကိစ္စများနှင့်စပ်လျဉ်း၍ ကော်မတီသည် - |
|||||
|
|
(က) |
ပြည်ထောင်စုလွှတ်တော်၏ အကြောင်းကြားချက်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တာဝန် ပေးအပ် ခြင်းဖြစ်လျှင် လိုအပ်သလိုစိစစ်၍ ကော်မတီ၏တွေ့ရှိချက်နှင့် သဘောထား မှတ်ချက်တို့ကို ပြည်သူ့လွှတ်တော်မှတစ်ဆင့် ပြည်ထောင်စု လွှတ်တော် သို့ ပြန်လည် တင်ပြရမည်။ |
|||
|
|
(ခ) |
ပြည်သူ့လွှတ်တော်၏ ဆုံးဖြတ်ချက်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးအပ်ခြင်း ဖြစ်လျှင် လိုအပ်သလိုစိစစ်၍ ကော်မတီ၏တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် တို့ကို ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ ပြန်လည်တင်ပြရမည်။ |
|||
|
|
(ဂ) |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ တင်ပြချက်အရ စိစစ်ရန်လိုအပ်သည်ဟု ပြည်သူ့ လွှတ်တော်က ဆုံးဖြတ်၍ တာဝန်ပေးအပ်ခြင်းဖြစ်လျှင် လိုအပ်သလိုစိစစ်၍ ကော်မတီ ၏တွေ့ရှိချက် နှင့် သဘောထားမှတ်ချက်တို့ကို ပြည်သူ့လွှတ်တော် အစည်း အဝေးသို့ ပြန်လည်တင်ပြရမည်။ |
|||
|
|
(ဃ) |
သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတို့နှင့် ည`ှိနှိုင်းပြီးဖြေကြားနိုင်သည့် တာဝန်ရှိပုဂ္ဂိုလ် များအား လည်းကောင်း ၊ လုပ်ငန်းနှင့်ဆက်စပ်သော အကြောင်းအရာများကို သိရှိ နားလည်သည်ဟု ယူဆသူများအားလည်းကောင်း ဖိတ်ကြား၍ မေးမြန်းဆွေးနွေး နိုင်သည်၊ |
|||
|
၆။ သာမန်အားဖြင့် အပိုဒ် ၄ နှင့် အပိုဒ် ၅ တို့ပါတာဝန်များအရ ကော်မတီက စိစစ်ရာတွင် - |
|||||
|
|
(က) |
ကော်မတီတွင် အဆိုတင်သွင်းခြင်း၊ အကြံပြုချက် တင်သွင်းခြင်းတို့နှင့် စပ်လျဉ်း၍ ထောက်ခံ သူမလို။ |
|||
|
|
( ခ ) |
ကော်မတီဝင်များသည် ကိစ္စတစ်ခုနှင့်စပ်လျဉ်း၍ တစ်ကြိမ်ထက်ပိုပြီး ဆွေးနွေးခွင့် ရှိသည်။
|
|||
|
၇။ ကော်မတီဝင်များသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးအပ်လျှင် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့် နာယကက ဖွဲ့စည်းသော ပြည်သူ့ငွေစာရင်းပူးပါင်းကော်မတီ တွင် ကော်မတီဝင် အဖြစ် တာဝန်ထမ်းဆောင်ရမည်။ |
|||||
|
၈။ ကော်မတီအစည်းအဝေးတွင် ကော်မတီဝင်တစ်ဦး ပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကိုသော်လည်းကောင်း၊ ကော်မတီတွင်ဆွေးနွေးသော ဆွေးနွေးချက်များကို သော်လည်း ကောင်း ပြင်ပသို့ ပေါက်ကြားခြင်းမရှိစေရ၊ ကော်မတီအစည်းအဝေးမှတ်တမ်းတွင် ဆွေးနွေး ချက်အားလုံးကို အသေးစိတ် မှတ်တမ်းတင်၍ ကော်မတီကအတည်ပြုထားရမည်။ ယင်းအစည်းအဝေး မှတ်တမ်း များကိုဖြန့်ဝေခြင်း မပြုရ၊ပြည်သူ့လွှတ်တော်သို့ပေးပို့သော အစီရင်ခံစာ မိတ္တူကို အစည်း အဝေးမှတ် တမ်းများနှင့် အတူပူးတွဲ၍အမှုတွဲ အဖြစ်တစ်ပေါင်းတည်း ထိန်းသိမ်း ထားနိုင်ရန် လွှတ်တော်ရုံးသို့ ပေးပို့ရမည်။ |
|||||
|
ကော်မတီလုပ်ပိုင်ခွင့် |
|||||
|
၉။ ကော်မတီ အစည်းအဝေးများကို ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ကျင်းပရမည်။ |
|||||
|
၁၀။ ကော်မတီက အစီရင်ခံစာ တင်ပြခြင်းနှင့် စပ်လျဉ်း၍ - |
|||||
|
|
(က) |
ကော်မတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးက သော်လည်းကောင်း၊ ကော်မတီက တာဝန် ပေးအပ်သော ကော်မတီဝင်တစ်ဦးကသော်လည်းကောင်း ကော်မတီ၏ အစီရင်ခံစာကို ပြည်သူ့လွှတ် တော်သို့တင်ပြရမည်၊ |
|||
|
|
(ခ) |
ယင်းသို့တင်ပြရာတွင် ကော်မတီဝင်များသည်လည်း အစီရင်ခံစာကို သဘော တူကြောင်း လက်မှတ် ရေးထိုးရမည်။ သို့ရာတွင် ခြွင်းချက် သို့မဟုတ် သဘော ကွဲလွဲချက်များ ရှိပါက ထိုခြွင်းချက် သို့မဟုတ် သဘော ကွဲလွဲချက်များကို ရေးသား ဖော်ပြ၍ လက်မှတ် ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်၊ |
|||
|
|
(ဂ) |
အစီရင်ခံစာကို တင်ပြပြီးနောက် ၄ ရက်ထက်မစော ၁၀ ရက်ထက်နောက်မကျသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်သည့်နေ့တစ်နေ့တွင် ကော်မတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး ကသော်လည်းကောင်း၊ ကော်မတီက တာဝန် ပေးအပ် သော ကော်မတီဝင် တစ်ဦးကသော် လည်းကောင်း အစီရင်ခံစာကို ဆွေးနွေး စဉ်းစား ရန် အဆို တင်သွင်းရမည်။ |
|||
|
|
(ဃ) |
အစီရင်ခံစာကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြင်ဆင်ချက်များ ပြုလုပ် ခွင့်မရှိ။ |
|||
|
|
(င) |
အစီရင်ခံစာကို ဆွေးနွေးစဉ်းစားပြီးသောအခါ ကော်မတီဥက္ကဋ္ဌ သို့မဟုတ် အတွင်း ရေးမှူးကသော်လည်းကောင်း၊ ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင် တစ်ဦးကသော်လည်းကောင်း အစီရင်ခံစာကို ပြည်သူ့လွှတ်တော်က သဘောတူ လက်ခံရန် အဆိုတင်သွင်း ရမည်။ |
|||
|
၁၁။ |
ကော်မတီနှင့် အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီတို့က ဆောင်ရွက်ရမည့် ကိစ္စရပ်များသည် တစ်ခုနှင့် တစ်ခု အကျုံးဝင်တူညီနေပါက ကာ်မတီသည် လွှတ်တော် ဥက္ကဋ္ဌများ အချင်းချင်း ညှိနှိုင်းဆောင်ရွက်နိုင်ရန် ပြည်သူ့လွှတ်တော်သို့ တင်ပြရမည်။ |
||||
|
၁၂။ ကော်မတီဝင်များသည် - |
|||||
|
|
(က) |
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေများပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆို ဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့် ရှိသည်။ |
|||
|
|
(ခ) |
ပြည်သူ့လွှတ်တော်၏ လွှတ်တော်ကော်မတီ အများဆုံးနှစ်ခုထိ ပါဝင်ဆောင်ရွက်နိုင် ခွင့်ရှိသည်။ |
|||
|
|
(ဂ) |
ကော်မတီဝင်အဖြစ်မှ နှုတ်ထွက်ခွင့်ပြုရန် ခိုင်လုံသော အကျိုးအကြောင်း ဖော်ပြလျက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။ |
|||
|
ကော်မတီအခွင့်အရေး |
|||||
|
၁၃။ ကော်မတီဝင်များသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် အားလျော်စွာ ကော်မတီ လုပ်ငန်းတာဝန်ကို ဆောင်ရွက်ရန်ဖြစ်စေ၊ ကော်မတီ အစည်းအဝေး တက်ရောက်ရန် ဖြစ်စေ၊ ကော်မတီရုံး စိုက်ရာ ဒေသတွင် ရောက်ရှိနေစဉ်၌ လည်းကောင်း၊ တာဝန်အရ ခရီး သွားလာရာ၌ လည်းကောင်း ယင်းတို့ နှင့် သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့်ရှိသည့်ပြင် ပြည်သူ့လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့် ရှိသည်။ |
|||||
|
၁၄။ ကော်မတီဝင်များသည်- |
|||||
|
|
(က) |
ကော်မတီ အစည်းအဝေးများတွင် တင်ပြ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဆိုင်ရာ ဥပဒေမှအပ အခြားဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ရှိသည်။ |
|||
|
|
(ခ) |
ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း သက်ဆိုင်ရာ အဖွဲ့အစည်း၏ အကြီးအမှူး မှတစ်ဆင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက် မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။ |
|||
|
|
(ဂ) |
ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်း မခံရမီ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီ အစည်းအဝေးများသို့ တက်ရောက်ခွင့် ရှိသည်။ |
|||
