|
၁။ ပြည်သူ့လွှတ်တော်သည် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေနှင့်ပြည်သူ့လွှတ်တော် အစည်း အဝေး ဆုံးဖြတ်ချက်တို့ အရဖွဲ့စည်းခဲ့သည့် ဥပဒေကြမ်းကော်မတီကို အောက်ပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁၅) ဦးဖြင့် ပြင်ဆင် ဖွဲ့စည်းလိုက်သည်- |
||||
|
|
(က) |
ဦးတီခွန်မြတ် |
ကွတ်ခိုင် |
ဥက္ကဋ္ဌ |
|
|
(ခ) |
ဒေါ်နန်းဝါနု |
ကွန်ဟိန်း |
အဖွဲ့ဝင် |
|
|
(ဂ) |
ဦးသောင်း |
မော်လိုက် |
အဖွဲ့ဝင် |
|
|
(ဃ) |
ဦးဘရှိန် |
ကျောက်ဖြူ |
အဖွဲ့ဝင် |
|
|
(င) |
ဦးခင်ဝင်း |
ပန်းတောင်း |
အဖွဲ့ဝင် |
|
|
(စ) |
ဦးစိုးစိုး |
ထီးချိုင့် |
အဖွဲ့ဝင် |
|
|
(ဆ) |
ဒေါ်ခင်ဌေးကြွယ် |
မော်လမြိုင် |
အဖွဲ့ဝင် |
|
|
(ဇ) |
ဦးခင်မောင်ညို |
ပေါက် |
အဖွဲ့ဝင် |
|
|
(ဈ) |
ဦးခင်မောင်ရွှေ |
တမူး |
အဖွဲ့ဝင် |
|
|
(ည) |
ဦးစိုးရယ် |
ဒီမောဆို |
အဖွဲ့ဝင် |
|
|
(ဋ) |
ဦးစတီဖန် |
ကျိုင်းတုံ |
အဖွဲ့ဝင် |
|
|
(ဌ) |
ဦးသိန်းထွန်းဦး |
အမရပူရ |
အဖွဲ့ဝင် |
|
|
(ဍ) |
ဒေါက်တာစိုးမိုးအောင် |
ဘီးလင်း |
အဖွဲ့ဝင် |
|
|
(ဎ) |
ဦးအောင်မြသန်း |
ညောင်တုန်း |
အဖွဲ့ဝင် |
|
|
(ဏ) |
ဦးစောလှထွန်း |
ချောင်းဦး |
အတွင်းရေးမှူး |
|
ကော်မတီသက်တမ်း |
||||
|
၂။ ဤကော်မတီသည် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ) အရ ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ဖြစ်သည်။ |
||||
|
၃။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် ကော်မတီဝင်များ၏ သက်တမ်း တစ်နှစ်ပြည့်မြောက် သည့်အခါ ပြန်လည် သုံးသပ်ပြီး လိုအပ်ပါက သင့်လျော်သလို လဲလှယ် အစားထိုး တာဝန်ပေးအပ် နိုင်သည်။ |
||||
|
ကော်မတီတာဝန် |
||||
|
၄။ ကော်မတီသည် ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ အောက်ပါအချက်များကို အခြေခံ၍ စိစစ်ရမည် - |
||||
|
|
(က) |
နိုင်ငံတော်က ချမှတ်သော မူဝါဒများ၊ ဦးတည်ချက်များနှင့် ညီညွတ်မှု ရှိ - မရှိ။ |
||
|
|
(ခ) |
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှု ရှိ-မရှိ။ |
||
|
|
(ဂ) |
နိုင်ငံတော်နှင့် အများပြည်သူတို့၏ အကျိုးစီးပွားကို အလေးထားပြီး ကာကွယ် စောင့်ရှောက်ရေးကို ဦးတည်ခြင် းရှိ-မရှိ။ |
||
|
|
(ဃ) |
နိုင်ငံတော် တည်တံ့ ခိုင်မြဲရေးနှင့် လုံခြုံရေးကို အန္တရာယ်ပြု ထိပါးစေမည့် အချက်များ ပါဝင်ခြင်း ရှိ-မရှိ။ |
||
|
|
(င) |
နိုင်ငံတော်၏ ပကတိ အခြေအနေများနှင့် လိုက်လျော ညီထွေမှု ရှိ-မရှိ။ |
||
|
|
(စ) |
အများပြည်သူ၏ လုံခြုံရေးနှင့် ပစ္စည်းလုံခြုံရေးကို ထိခိုက်ခြင်း ရှိ-မရှိ။ |
||
|
|
(ဆ) |
တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို ထိခိုက် ပျက်ပြားစေမည့် အရေးအသား၊ အသုံးအနှုန်းများ ပါဝင်ခြင်း ရှိ-မရှိ။ |
||
|
|
(ဇ) |
ဝန်ကြီးဌာနတစ်ခုနှင့် တစ်ခု၏ လုပ်ပိုင်ခွင့်များ၊ အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုနှင့် တစ်ခု၏ လုပ်ပိုင်ခွင့်များ ရောထွေးခြင်း ရှိ-မရှိ။ |
||
|
|
(ဈ) |
အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် ဒေသအချင်းချင်းဆိုင်ရာ စာချုပ်များ၊ သဘော တူညီချက်များပါ တာဝန် အရရေးဆွဲသော ဥပဒေကြမ်းဖြစ်လျှင် ထိုစာချုပ်များ၊ သဘော တူစာချုပ်များပါ မြန်မာနိုင်ငံက သဘောတူ လက်ခံထားသော အချက်များနှင့် လိုက်လျော ညီထွေခြင်း ရှိ-မရှိနှင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါးခြင်း ရှိ-မရှိ။ |
||
|
|
(ည) |
သက်ဆိုင်ရာ ဥပဒေနှင့် စပ်ဆိုင်သော မူပိုင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံစွာ ပါရှိခြင်း ရှိ-မရှိ။ |
||
|
|
(ဋ) |
ဥပဒေပါ ပြဌာန်းချက်များကို လက်တွေ့ အကောင်အထည် ဖော်နိုင်မည့် အခြေအနေ ရှိ-မရှိ။ |
||
|
|
(ဌ) |
ဥပဒေ၏ ရည်ရွယ်ချက်များ အကောင်အထည်ဖော်နိုင်ရန် ပြဌာန်းချက်များ ပြည့်စုံစွာ ပါရှိခြင်းရှိ- မရှိ။ |
||
|
၅။ ကော်မတီဝင်များသည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက တာဝန်ပေးအပ်လျှင် ပြည်ထောင်စု လွှတ်တော်၏ သဘော တူညီချက်ဖြင့် နာယက ကဖွဲ့စည်းသော ဥပဒေကြမ်း ပူးပေါင်းကော်မတီတွင် ကော်မတီဝင် အဖြစ် တာဝန်ထမ်းဆောင်ရမည်။ |
||||
|
၆။ ကော်မတီသည် ပြည်သူ့လွှတ်တော်က အခါအားလျော်စွာ ပေးအပ်သည့်တာဝန်များကို ထမ်းဆောင်ရမည်။ |
||||
|
၇။ ကော်မတီသည် ဥပဒေကြမ်းများကို အသေးစိတ် ဆွေးနွေး စဉ်းစားရ၍ ပြည်သူ့လွှတ်တော်တွင် ဆွေးနွေး စဉ်းစားသည့် နည်းလမ်းအတိုင်း ဆွေးနွေးစဉ်းစားရမည်။ သို့ရာတွင် - |
||||
|
|
(က) |
ကော်မတီတွင် အဆိုတင်သွင်းခြင်း၊ အကြံပြုချက်တင်သွင်းခြင်းတို့နှင့် စပ်လျဉ်း၍ ထောက်ခံသူမလို။ |
||
|
|
(ခ) |
ကော်မတီဝင်များသည် ကိစ္စတစ်ခုနှင့်စပ်လျဉ်း၍ တစ်ကြိမ်ထက်ပိုပြီး ဆွေးနွေးခွင့် ရှိသည်။ |
||
|
|
(ဂ) |
သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတို့နှင့် ညှိနှိုင်းပြီး ဖြေကြားနိုင်သည့် တာဝန်ရှိပုဂ္ဂိုလ် များအား လည်းကောင်း၊ လုပ်ငန်းနှင့် ဆက်စပ်သော အကြောင်းအရာများကို သိရှိ နားလည်သည်ဟု ယူဆသူများအား လည်းကောင်း ဖိတ်ကြား၍ မေးမြန်းဆွေးနွေးနိုင်သည်။ |
||
|
၈။ ကော်မတီ အစည်းအဝေးတွင် ကော်မတီဝင် တစ်ဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကို သော်လည်းကောင်း၊ ကော်မတီတွင် ဆွေးနွေးသော ဆွေးနွေးချက်များကိုသော် လည်းကောင်း၊ ပြင်ပသို့ ပေါက်ကြားခြင်း မရှိစေရ။ ကော်မတီ အစည်းအဝေး မှတ်တမ်းတွင် ဆွေးနွေးချက် အားလုံးကို အသေးစိတ် မှတ်တမ်းတင်၍ ကော်မတီက အတည်ပြု ထားရမည်။ ယင်းအစည်းအဝေး မှတ်တမ်းများကို ဖြန့်ဝေခြင်း မပြုရ။ ပြည်သူ့လွှတ်တော်သို့ ပေးပို့သော အစီရင်ခံစာ မိတ္တူကို အစည်းအဝေး မှတ်တမ်းများနှင့်အတူ ပူးတွဲ၍ အမှုတွဲအဖြစ် တစ်ပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် လွှတ်တော်ရုံးသို့ ပေးပို့ရမည်။ |
||||
|
ကော်မတီလုပ်ပိုင်ခွင့် |
||||
|
၉။ ကော်မတီ အစည်းအဝေးများကို ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများပါ ပြဌာန်းချက်များ နှင့်အညီ ကျင်းပရမည်။ |
||||
|
၁၀။ ကော်မတီသည် ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ - |
||||
|
|
(က) |
နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးဖြစ်ထွန်းစေမည့် အကြံပြုချက်များကို ပြည်သူ့ လွှတ်တော်သို့ တင်ပြနိုင်ခွင့်ရှိသည်။ |
||
|
|
(ခ) |
ပြည်သူများနှင့် သက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ ဥပဒေရေးရာ အကြံပြုချက်များ၊ ဝေဖန် သုံးသပ်ချက်များကို စိစစ်၍ ပြည်သူ့လွှတ်တော်သို့ တင်ပြနိုင်ခွင့် ရှိသည်။ |
||
|
|
(ဂ) |
ပြင်ဆင်ရန် အကြံပြုချက်များကို ပြည်သူ့လွှတ်တော်သို့ တင်ပြနိုင်ခွင့် ရှိသည်။ |
||
|
|
(ဃ) |
ခေတ်နှင့်မလျော်ညီသော အရေးအသား၊ အသုံးအနှုန်းများကို ဥပဒေရှုထောင့်မှ ပြင်ဆင် ဆောင်ရွက်နိုင်ခွင့် ရှိသည်။ |
||
|
၁၁။ အပိုဒ် ၁၀ အရ ကော်မတီ၏ တင်ပြချက်နှင့် အကြံပြုချက်များသည် ဥပဒေကြမ်းတွင်ပါရှိသည့် ကိစ္စနှင့် စပ်လျဉ်းသော တင်ပြချက်၊ အကြံပြုချက်များဖြစ်ရမည့်ပြင် ထိုဥပဒေကြမ်း၏ သဘောတွင် အကျုံးဝင်သော တင်ပြချက်၊ အကြံပြုချက်များလည်း ဖြစ်ရမည်။ |
||||
|
၁၂။ ဥပဒေကြမ်းကို ကော်မတီတွင် ဆွေးနွေး စဉ်စားပြီးဖြစ်ပါက - |
||||
|
|
(က) |
ကော်မတီဥက္ကဋ္ဌသည် အစီရင်ခံစာမူကြမ်းကို ပြုစု၍ ကော်မတီ အစည်းအဝေးတွင် တင်ပြရမည်။ |
||
|
|
(ခ) |
အစီရင်ခံစာ မူကြမ်းကို ကော်မတီက သဘောတူလျှင် ကော်မတီ ဥက္ကဋ္ဌသည် အစီရင်ခံစာကို လက်မှတ်ရေးထိုး၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံတင်ပြရမည်။ |
||
|
|
(ဂ) |
ကော်မတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးက သော်လည်းကောင်း၊ ကော်မတီက တာဝန် ပေးအပ်သော ကော်မတီဝင် တစ်ဦးက သော်လည်းကောင်း လက်မှတ်ရေးထိုး တင်ပြနိုင်သည်။ |
||
|
|
(ဃ) |
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ သီးခြား ညွှန်ကြားချက် မရှိလျှင် ဥပဒေကြမ်းကို ကော်မတီ သို့လွှဲအပ်သည့် နေ့မှစ၍ ခုနှစ်ရက်အတွင်း (ရုံးပိတ်ရက်များမပါ) ကော်မတီ၏ အစီရင်ခံစာ ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြရမည်။ |
||
|
|
(င) |
ယင်းသို့တင်ပြရာတွင် ကော်မတီဝင်များသည်လည်း အစီရင်ခံစာကို သဘော တူကြောင်း လက်မှတ်ရေးထိုးရမည်၊ သို့ရာတွင် ခြွင်းချက်သို့မဟုတ် သဘော ကွဲလွဲချက်များရှိပါက ထိုခြွင်းချက် သို့မဟုတ် သဘော ကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ်ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်။ |
||
|
|
(စ) |
ကော်မတီ ဥက္ကဋ္ဌ သို့မဟုတ် ကော်မတီဥက္ကဋ္ဌ၏ တာဝန်ပေးအပ်ခြင်း ခံရသူသည် ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းရမည်။ |
||
|
၁၃။ ကော်မတီဝင်များသည်- |
||||
|
|
(က) |
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေများပါ ပြဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာပြောဆို ဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့် ရှိသည်။ |
||
|
|
(ခ) |
လွှတ်တော် ကော်မတီ အများဆုံးနှစ်ခု အထိသာ ပါဝင်ဆောင်ရွက်နိုင်ခွင့် ရှိသည်။ |
||
|
|
(ဂ) |
ကော်မတီဝင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုရန်အတွက် ခိုင်လုံသော အကျိုးအကြောင်း ဖော်ပြလျက် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။ |
||
|
ကော်မတီအခွင့်အရေး |
||||
|
၁၄။ ကော်မတီဝင်များသည် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့်အားလျော်စွာ ကော်မတီ လုပ်ငန်း တာဝန်ကို ဆောင်ရွက်ရန်ဖြစ်စေ၊ ကော်မတီ အစည်းအဝေး တက်ရောက်ရန်ဖြစ်စေ၊ ကော်မတီရုံး စိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌ လည်းကောင်း၊ တာဝန်အရ ခရီးသွားရာ၌ လည်းကောင်း ယင်းတို့နှင့် သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့်ရှိသည့်အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့် ရှိသည်။ |
||||
|
၁၅။ ကော်မတီဝင်များသည်- |
||||
|
|
(က) |
ကော်မတီ အစည်းအဝေးများတွင် တင်ပြ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြားဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ရှိသည်။ |
||
|
|
(ခ) |
ကော်မတီ အစည်းအဝေး တက်ရောက်နေစဉ်အတွင်း သက်ဆိုင်ရာ အဖွဲ့အစည်း၏ အကြီးအမှူးမှ တစ်ဆင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက် မရရှိပါက ဖမ်းဆီး ခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။ |
||
|
|
(ဂ) |
ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခံရခြင်း ခံရပါက ပြစ်ဒဏ်စီရင်ခြင်း မခံရမီ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီ အစည်းအဝေးများသို့ တက်ရောက်ခွင့် ရှိသည်။ |
||
