|
ဖွဲ့စည်းခြင်း ၁။ ပြည်သူ့လွှတ်တော်သည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂ နှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၈ တို့အရ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည် - |
||||
|
|
(၁) |
သူရဦးရွှေမန်း |
|
ဥက္ကဋ္ဌ |
|
|
(၂) |
ဒေါက်တာဦးအောင်ခင် |
ပြင်ဦးလွင် |
ဒုတိယဥက္ကဋ္ဌ-၁ |
|
|
(၃) |
ဒေါက်တာသန်းဝင်း |
မန္တလေးတိုင်း မဲဆန္ဒနယ်အမှတ် (၁) |
ဒုတိယဥက္ကဋ္ဌ-၂ |
|
|
(၄) |
ဦးဝင်းထိန် |
|
အဖွဲ့ဝင် |
|
|
(၅) |
ဦးခင်မောင်ဝင်း |
လမ်းမတော် |
အဖွဲ့ဝင် |
|
|
(၆) |
ဦးမောင်မောင်အုန်း |
ဧရာဝတီတိုင်း မဲဆန္ဒနယ်အမှတ် (၅) |
အဖွဲ့ဝင် |
|
|
(၇) |
ဦးကိုကိုနိုင် |
ရမည်းသင်းမဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(၈) |
ဦးရဲမြင့် |
ရဲမှူးကြီး |
အဖွဲ့ဝင် |
|
|
(၉) |
ဦးတင်အောင်ချို |
လက်ထောက်ဌာနေ ကိုယ်စားလှယ် (ငြိမ်း)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) |
အဖွဲ့ဝင် |
|
|
(၁၀) |
ဦးမောင်တိုး |
ဦးဆောင်ညွှန်ကြားရေးမှူး (ငြိမ်း) မြန်မာ့ပုလဲလုပ်ငန်း |
အဖွဲ့ဝင် |
|
|
(၁၁) |
ဦးကြည်သာ |
ဦးဆောင်ညွှန်ကြားရေးမှူး (ငြိမ်း) ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်း |
အဖွဲ့ဝင် |
|
|
(၁၂) |
ဦးအေးမောက် |
ဦးဆောင်ညွှန်ကြားရေးမှူး (ငြိမ်း) စက်မှု(၁)ဝန်ကြီးဌာန |
အဖွဲ့ဝင် |
|
|
(၁၃) |
ဦးသိန်းလွင် |
ဦးဆောင်ညွှန်ကြားရေးမှူး (ငြိမ်း) မြန်မာ့ရေနံဓာတုလုပ်ငန်း |
အဖွဲ့ဝင် |
|
|
(၁၄) |
ဦးတင်မောင်ဦး |
ဗိုလ်မှူးကြီး (ငြိမ်း) |
အဖွဲ့ဝင် |
|
|
(၁၅) |
ဦးဝင်းသန်း |
ဒုတိယညွှန်ကြားရေးမှူး (ငြိမ်း) ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန |
အဖွဲ့ဝင် |
|
|
(၁၆) |
ဦးစောလှထွန်း |
ကုမ္ပဏီ ဥက္ကဋ္ဌ |
အဖွဲ့ဝင် |
|
|
(၁၇) |
ဒေါက်တာ စိုးမိုးအောင် |
မြို့နယ်ဦးစီးမှူး (ငြိမ်း) တိမွေးကုဦးစီးဌာန |
အဖွဲ့ဝင် |
|
|
(၁၈) |
ဦးစိုးမြင့် |
ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ရေအရင်းအမြစ် |
အဖွဲ့ဝင် |
|
|
(၁၉) |
ဦးမြင့်ထွန်း |
ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) မီးသတ်ဦးစီးဌာန |
အဖွဲ့ဝင် |
|
|
(၂၀) |
ဦးဇော်မြင့်ဖေ |
ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီရုံး |
အဖွဲ့ဝင် |
|
|
(၂၁) |
ဦးမြသိန်း |
ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး |
အဖွဲ့ဝင် |
|
|
(၂၂) |
ဒေါက်တာသီတာဦး |
ပါမောက္ခ (ဌာနမှူး) ဥပဒေပညာဌာန |
အဖွဲ့ဝင် |
|
|
(၂၃) |
ဦးညီထွန်း |
ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး (ငြိမ်း) |
အဖွဲ့ဝင် |
|
|
(၂၄) |
ဦးစံရွှေအောင် |
အမြဲတမ်းအတွင်းဝန် (ငြိမ်း) နယ်စပ်ရေးရာဝန်ကြီးဌာန |
အဖွဲ့ဝင် |
|
|
(၂၅) |
ဦးဘိုဝင်း |
ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ပညာရေးနှင့် လေ့ကျင့်ရေး |
အဖွဲ့ဝင် |
|
|
(၂၆) |
ဦးမြင့်ဆွေ |
ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ကြေးတိုင်နှင့် မြေစာရင်း |
အဖွဲ့ဝင် |
|
|
(၂၇) |
ဦးကျော်စိန် |
ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ပြည်ထောင်စုရှေ့နေချုပ်ရုံး |
အဖွဲ့ဝင် |
|
|
(၂၈) |
ဦးခင်မောင်ဦး |
ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ပြည်ထောင်စုရှေ့နေချုပ်ရုံး |
အဖွဲ့ဝင် |
|
|
(၂၉) |
ဦးတင်ဝင်း |
ညွှန်ကြားရေးမှူး (ငြိမ်း) ပြည်ထောင်စုတရားလွှတ်တော်ချုပ် |
အဖွဲ့ဝင် |
|
|
(၃၀) |
ဦးစန်းလွင် |
ညွှန်ကြားရေးမှူး (ငြိမ်း) ပြည်ထောင်စုရှေ့နေချုပ်ရုံး |
အဖွဲ့ဝင် |
|
|
(၃၁) |
ဦးကျော်စန်း |
တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး (ငြိမ်း) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန |
အဖွဲ့ဝင် |
|
|
(၃၂) |
ဦးအေးဟန် |
ညွှန်ကြားရေးမှူး (ငြိမ်း) တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန |
အဖွဲ့ဝင် |
|
|
(၃၃) |
ဦးအောင်မြင် |
ညွှန်ကြားရေးမှူး (ငြိမ်း) ဧရာဝတီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန |
အဖွဲ့ဝင် |
|
|
(၃၄) |
ဒေါ်သန်းသန်းရီ |
ဒုတိယညွှန်ကြားရေးမှူး (ငြိမ်း) ပြည်ထောင်စုရှေ့နေချုပ်ရုံး |
အဖွဲ့ဝင် |
|
|
(၃၅) |
ဒေါ်ညိုညိုလှ |
စာရင်းစစ်နှင့် ဘဏ္ဍာရေး အကြံပေး (ပြင်ပ) |
အဖွဲ့ဝင် |
|
|
(၃၆) |
ဒေါ်အေးအေးမူ |
ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) နိုင်ငံခြားရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
|
|
(၃၇) |
ဒေါ်သင်းခိုင် |
ညွှန်ကြားရေးမှူး (ငြိမ်း) ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး |
အဖွဲ့ဝင် |
|
|
(၃၈) |
ဦးခင်မောင်ထွန်း |
တွဲဖက်စစ်ထောက်ချုပ်(ငြိမ်း) |
အတွင်းရေးမှူး |
|
၂။ ဤကော်မရှင်သည် ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ) အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဖြစ်သည်။ |
||||
|
ကော်မတီသက်တမ်း ၃။ ကော်မရှင်၏ သက်တမ်းသည် စတင်ဖွဲ့စည်းသည့် နေ့မှစ၍ တစ်နှစ် ဖြစ်သည်။ သို့ရာတွင် ကော်မရှင်၏ လုပ်ငန်းတာဝန် ဆောင်ရွက်မှု အခြေအနေအရ တစ်နှစ် ပြည့်မြောက်သည့်အခါ လိုအပ်ပါက သက်တမ်း တိုးနိုင်သည်။ |
||||
|
၄။ လွှတ်တော် ဥက္ကဋ္ဌသည် ကော်မရှင်၏ သက်တမ်း ကာလအတွင်း အဖွဲ့ဝင်များကို သင့်လျော်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။ |
||||
|
ကော်မတီတာဝန် ၅။ ကော်မရှင်သည် - |
||||
|
|
(က) |
တည်ဆဲဥပဒေများအား လေ့လာဆန်းစစ်သုံးသပ်ပြီး ပြင်ဆင်ရေး၊ ပယ်ဖျက်ရေး၊ အသစ် ပြဋ္ဌာန်းနိုင်ရေးတို့ကို လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြရမည်။ |
||
|
|
( ခ) |
အထူးကိစ္စရပ်များ ပေါ်ပေါက်လာပါက ၎င်းကိစ္စရပ်များအား ဥပဒေအမြင်နှင့်ယှဉ်၍ လေ့လာဆန်းစစ်သုံးသပ်ပြီး လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ အစီရင်ခံ တင်ပြရမည်။ |
||
|
|
( ဂ) |
လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်များကို သတ်မှတ်ကာလ အတွင်း ပြီးစီးအောင် ဆောင်ရွက် ရမည်။ |
||
|
|
(ဃ) |
လွှတ်တော်ဥက္ကဋ္ဌက ကဏ္ဍအလိုက် သီးခြားသတ်မှတ်ပေးသည့် အထူးကိစ္စရပ်များအတွက် ကော်မရှင်အတွင်း တာဝန် ခွဲဝေသတ်မှတ် ဆောင်ရွက်ရမည်။ |
||
|
|
( င) |
လွှတ်တော်ဥက္ကဋ္ဌက လုပ်ငန်းလိုအပ်ချက်အရ အကြံဉာဏ်တောင်းခံသည့်အခါ အကြံဉာဏ်ပေးရမည်။ |
||
|
၆။ ကော်မရှင်သည် လုပ်ငန်းနှင့်ပတ်သက်၍ ဆက်စပ်သက်ဆိုင်သည့်အဖွဲ့အစည်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မေးမြန်း ဆွေးနွေးနိုင်သည်။ |
||||
|
၇။ ကော်မရှင်အဖွဲ့ဝင်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်ရှိသည်။ |
||||
|
၈။ ကော်မရှင်သည် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်အပေါ်မူတည်၍ လုံခြုံမှုအဆင့်အတန်းကို သတ်မှတ်ဆောင်ရွက်နိုင်သည်။ |
||||
|
ကော်မတီအခွင့်အရေး ၉။ ကော်မရှင်အဖွဲ့ဝင်များသည် လစဉ်ချီးမြှင့်ငွေကျပ် ၆၀၀၀၀ဝိ/-၊ တာဝန်အရ ခရီးသွားလာခြင်း အတွက် အခမဲ့တည်းခိုနေထိုင်ရန် စီစဉ်ပေးနိုင်ခြင်းမရှိပါက တစ်ရက်လျှင် တည်းခိုနေထိုင် စရိတ် ကျပ် ၅၀၀ဝိ/- နှင့် အခြားအသုံးစရိတ် ကျပ် ၅၀၀ဝိ/-၊ တာဝန်အရ ခရီးသွားလာရခြင်းအတွက် စားသောက် စရိတ်ကို တစ်ရက်လျှင် ကျပ် ၁၀၀၀ဝိ/- ခံစားခွင့် ရှိသည်။ ထို့အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။ |
||||
|
၁၀။ ကော်မရှင်အဖွဲ့ဝင်များသည် ကော်မရှင်အစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ တည်ဆဲအခြားဥပဒေတစ်ရပ်ရပ်အရ အရေးယူ ခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။ |
||||
|
ပြည်သူ့လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို ပြည်သူ့လွှတ်တော်ရုံး၏ ၂၀၁၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၇/ ၂၀၁၆) ဖြင့် ဖျက်သိမ်းခဲ့သည်။
ပြည်ထောင်စုလွှတ်တော်ရုံး၏ ၁-၃-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၀/၂၀၁၆) ဖြင့် ပြည်ထောင်စု လွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကိုထုတ်ပြန်ဖွဲ့စည်းခဲ့ သည်။
ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဖွဲ့စည်းမှုကို ပြည်ထောင်စုလွှတ်တော်ရုံး၏ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၉/၂၀၁၉)ဖြင့် ရုပ်သိမ်းလိုက်သည်။ |
||||
