အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ

၁။       ပြည်သူ့လွှတ်တော်သည် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေနှင့် ပြည်သူ့လွှတ်တော် အစည်း အဝေး ဆုံးဖြတ်ချက်တို့အရ ဖွဲ့စည်းခဲ့သည့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီကို အောက်ပါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၅) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်း လိုက်သည်-

၂။       ဤကော်မတီသည် ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ ၊ ပုဒ်မခွဲ (ဇ)အရ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဖြစ်သည်။

 

(က)

ဦးဝင်းစိန်

ကဝ မဲဆန္ဒနယ်

ဥက္ကဋ္ဌ

 

(ခ)

ဦးစိုင်းစောတင်

မိုင်းယောင်း မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဂ)

ဦးရှိန်ကျော်ဝင်း

ဆိပ်ဖြူ မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဃ)

ဒေါ်ခင်စောဝေ

ရသေ့တောင် မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(င)

ဦးစောနေကော်ကြီး

သံတောင်ကြီး မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(စ)

ဦးကိုကိုလွင်

မော်လမြိုင်ကျွန်း မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဆ)

ဦးသန်းနွယ်

ဘုတလင် မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဈ)

ဦးသန်းထွန်း

ဒီပဲယင်း မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ည)

ဦးအောင်စိန်

မာန်အောင် မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဋ)

ဦးဟန်စိန်

တိုက်ကြီး မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဌ)

ဦးဝင်းသန်း

သာပေါင်း မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဍ)

ဦးလှထွန်းဦး

ဒလ မဲဆန္ဒနယ်

အဖွဲ့ဝင်

 

( ဎ)

ဗိုလ်မှူးသိန်းထွန်း

တပ်မတော်သား ကိုယ်စားလှယ်

အဖွဲ့ဝင်

 

(ဏ)

ဒေါ်ခင်သန္တာ

တံတားဦး မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(တ)

ဦးသန်းမြင့်

ဆားလင်းကြီး မဲဆန္ဒနယ်

အတွင်းရေးမှူး

ကော်မတီသက်တမ်း

၃။       ဤကော်မတီသည် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ) အရ ပြည်ထောင်စုအဆင့်‌ အဖွဲ့အစည်း ဖြစ်သည်။

          ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီဝင်များ၏ သက်တမ်းတစ်နှစ်ပြည့်မြောက်သည့် အခါ ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်နိုင်သည်။

ကော်မတီတာဝန်

၄။       ကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့ကတင်သွင်းသော ဥပဒေကြမ်း၊ ဆုံးဖြတ်ချက်၊ ချက်၊အဆို သို့မဟုတ် အစီရင်ခံစာနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်သူ့လွှတ်တော်တွင် ဖြေကြားသော မေးခွန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကတိပြုခဲ့သော အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို စိစစ်ရမည်။

၅။       ကော်မတီသည် ပြည်သူ့လွှတ်တော်တွင် အခါအားလျော်စွာ ကတိပြုခဲ့သည့် အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို လိုက်နာဆောင်ရွက်ခြင်းရှိ-မရှိ စိစစ်ပြီး အောက်ပါအချက်များနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်သို့ တင်ပြရမည် -

 

(က)

ပြည်ထောင်စုအစိုးရက ၎င်း၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို မည်သည့်အ‌ခြေအနေထိ အကောင်အထည်ဖော် ဆောင်ရွက်ပြီးကြောင်း။

 

(ခ)

အဆိုပါအာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို ပြည်ထောင်စုအစိုးရက ဆောင်ရွက်ပြီးဖြစ်လျှင် ထိုသို့ဆောင်ရွက်ခြင်းမှာ သတ်မှတ်သည်‌့ကာလအတွင်း ဆောင်ရွက် ပြီးခြင်း ရှိ-မရှိနှင့် မူလသတ်မှတ်ချက်အတိုင်း ပြီးစီးခြင်းရှိ-မရှိ။

၆။       အပိုဒ်(၅)ပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ထိရောက်မှန်ကန်စွာ ဆောင်ရွက်ထားခြင်းရှိ-မရှိ စိစစ် နိုင်ရေးအတွက် လိုအပ်သည့် နေရာဒေသများသို့ သွားရောက်စစ်ဆေးနိုင်သည်။

၇။       သာမာန်အားဖြင့် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို ကော်မတီက စိစစ်ရာတွင် -

 

(က)

ကော်မတီတွင် အဆိုတင်သွင်းခြင်း၊ အကြံပြုချက်တင်သွင်းခြင်းတို့နှင့် စပ်လျဉ်း၍ ထောက်ခံသူမလို။

 

(ခ)

ကော်မတီဝင်များသည် ကိစ္စတစ်ခုနှင့် စပ်လျဉ်း၍ တစ်ကြိမ်ထက်ပိုပြီး ဆွေးနွေးနိုင်ခွင့် ရှိရမည်။

 

(ဂ)

သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတို့နှင့်ညှိနှိုင်းပြီး ဖြေကြားနိုင်သည့် တာဝန်ရှိပုဂ္ဂိုလ် များ အားလည်းကောင်း ၊ လုပ်ငန်းနှင့်ဆက်စပ်သော အကြောင်းအရာများကို သိရှိနားလည် သည်ဟု ယူဆသူများအားလည်းကောင်း ဖိတ်ကြား၍ မေးမြန်းဆွေးနွေး နိုင်သည်။

၈။       ကော်မတီအစည်းအဝေးတွင် ကော်မတီဝင်တစ်ဦးဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကိုသော်လည်းကောင်း၊ ကော်မတီတွင်ဆွေးနွေးသော ဆွေးနွေးချက်များကိုသော်လည်းကောင်း၊ ပြင်ပသို့ပေါက်ကြားခြင်းမရှိစေရ၊ ကော်မတီ အစည်းအဝေးမှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးကို အသေးစိတ် မှတ်တမ်းတင်၍ ကော်မတီက အတည်ပြုထားရမည်။ ၎င်းအစည်းအဝေး မှတ်တမ်းများကို ဖြန့်ဝေခြင်းမပြုရ၊ ပြည်သူ့လွှတ်တော်သို့ ပေးပို့သော အစီရင်ခံစာမိတ္တူကို အစည်းအဝေးမှတ်တမ်း များနှင့်အတူ ပူးတွဲ၍ အမှုတွဲအဖြစ် တပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် လွှတ်တော်ရုံးသို့ ပေးပို့ ရမည်။

ကော်မတီလုပ်ပိုင်ခွင့်

၉။       ကော်မတီအစည်းအဝေးများကို ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများပါ ပြဋ္ဌာန်းချက် များနှင့်အညီ ကျင်းပရမည်။

၁ဝ။     ကော်မတီသည် -

 

(က)

ပြည်သူ့လွှတ်တော်က သတ်မှတ်သည့်ရက်အတွင်း အပြီးသတ် အစီရင်ခံစာတင်ပြ နိုင်ခြင်း မရှိပါက ကြားဖြတ်အစီရင်ခံစာ တင်ပြရမည်။

 

( ခ)

အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးကသော်လည်းကောင်း၊ ကော်မတီ ကတာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦးဦးကသော်လည်းကောင်း လွှတ်တော်သို့ တင်ပြ ရမည်။

 

( ဂ)

ယင်းသို့တင်ပြရာတွင် ကော်မတီဝင်များသည်လည်း အစီရင်ခံစာကို သဘော တူကြောင်း လက်မှတ်ရေးထိုးရမည်၊ သို့ရာတွင် ခြွင်းချက် သို့မဟုတ် သဘောကွဲလွဲချက်များ ရှိပါက ထိုခြွင်းချက် သို့မဟုတ် သဘောကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ်ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်။

 

(ဃ)

အစီရင်ခံစာကို ပြည်သူ့လွှတ်တော်သို့တင်ပြပြီးနောက် ကော်မတီဥက္ကဋ္ဌ သို့မဟုတ် အတွင်း ရေးမှူးကသော်လည်းကောင်း၊ ကော်မတီက တာဝန်ပေးအပ် သောကော် မတီဝင်တစ်ဦးက သော်လည်းကောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သတ်မှတ်သော နေ့တွင် အစီရင်ခံစာကို ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းရမည်၊ ယင်းအဆို အတည်ဖြစ်ပြီး သောအခါ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၏ ယူဆချက်များ၊ ထင်မြင်ချက်များနှင့် အကြံဉာဏ်များကို ရယူနိုင်သည်၊ သို့ရာတွင် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်များ မပြုလုပ်ရ။

 

( င)

အစီရင်ခံစာကို ဆွေးနွေးစဉ်းစားပြီးသောအခါ ကော်မတီဥက္ကဋ္ဌ သို့မဟုတ်အတွင်း ရေးမှူးက သော်လည်းကောင်း၊ ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင် တစ်ဦးက သော်လည်းကောင်း အစီရင်ခံစာကို ပြည်သူ့လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းရမည်။

၁၁။     ကော်မတီဝင်များသည် -

 

(က)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လွှတ်တော် ဆိုင်ရာ ဥပဒေများပါ ပြဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာပြောဆို ဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်။

 

( ခ)

ပြည်သူ့လွှတ်တော်၏ လွှတ်တော်ကော်မတီအများဆုံး နှစ်ခုထိ ပါဝင်ဆောင် ရွက်နိုင်ခွင့်ရှိသည်။

 

( ဂ)

ကော်မတီဝင်အဖြစ်မှ နှုတ်ထွက်ခွင့်ပြုရန် ခိုင်လုံသောအကျိုးအကြောင်း ဖော်ပြလျက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။

ကော်မတီအခွင့်အရေး

၁၂။     ကော်မတီဝင်များသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် အားလျော်စွာ ကော်မတီလုပ်ငန်းတာဝန်ကို ဆောင်ရွက်ရန်ဖြစ်စေ၊ ကော်မတီအစည်းအဝေးတက်ရောက်ရန်ဖြစ်စေ၊ ကော်မတီရုံးစိုက်ရာဒေသ တွင် ရောက်ရှိနေစဉ်၌ လည်းကောင်း၊ တာဝန်အရ ခရီးသွားလာရာ၌ လည်းကောင်း ယင်းတို့နှင့်သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့်ရှိသည့်ပြင် ပြည်သူ့လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။

၁၃။     ကော်မတီဝင်များသည် -

 

(က)

ကော်မတီအစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော် ဥပဒေမှအပ အခြားဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။

 

( ခ)

ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း သက်ဆိုင်ရာအဖွဲ့အ စည်း၏ အကြီးအမှူး မှတစ်ဆင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင် ခွင့်ပြုချက်မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။

 

( ဂ)

ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်း မခံရမီ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီအစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိသည်။

၁၄။     ကော်မတီဝင်များသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် အားလျော်စွာ ကော် မတီလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်ဖြစ်စေ၊ ကော်မတီအစည်းအဝေး တက်ရောက်ရန် ဖြစ်စေ ကော်မတီရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌ လည်းကောင်း၊ တာဝန်အရ ခရီးသွားလာရာ၌ လည်း ကောင်း ယင်းတို့နှင့်သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာဥပဒေပါ ရပိုင်ခွင့်များကို ခံစား ခွင့်   ရှိသည့်အပြင် ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့် ရှိသည်။

၁၅။     ကော်မတီဝင်များသည် -

 

(က)

ကော်မတီအစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်ဆိုင် ရာဥပဒေမှအပ အခြားဥပဒေအရ အရေးယူခံရခြင်းမှ ကင်း လွတ် ခွင့်ရှိသည်။

 

(ခ)

ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း သက်ဆိုင်ရာ အဖွဲ့ အစည်း ၏ အကြီးအမှူးမှ တစ်ဆင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင်ခွင်‌့ပြုချက် မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်၊

 

(ဂ)

ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်း မခံရမီ ပြည်သူ့   လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင်‌့ ကော်မတီအစည်းအဝေးများသို့ တက် ရောက် ခွင့်ရှိသည်။