နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ

၁။       ပြည်သူ့လွှတ်တော်သည် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပေဒနှင့် ပြည်သူ့လွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက်တို့အရ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီကို အောက်ပါ ပြည်သူ့လွှတ်တော် ကိုယ္စားလွယ်(၁၅) ဦး ဖြင့် ပြင်ဆင် ဖွဲ့စည်းလိုက်သည်-

၂။       ဤကော်မတီသည် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ ()အရ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဖြစ်သည်။

 

(က)

ဦးဌေးဦး

ဟင်္သာတ မဲဆန္ဒနယ်

ဥက္ကဋ္ဌ

 

( )

ဦးကျော်စိုးလေး

မိုးညှင်း မဲဆန္ဒနယ်

အဖွဲ့ဝင်

 

( )

ဦးစောထွဋ်ခေါင်လွင်

ကြာအင်းဆိပ်ကြီး မဲဆန္ဒနယ်

အဖွဲ့ဝင်

 

()

ဦးရဲထွဋ်တင်

ဖားဆောင်း မဲဆန္ဒနယ်

အဖွဲ့ဝင်

 

( )

ဗိုလ်မှူးကြီးမြင့်ကိုကို

ကာကွယ်ရေး

အဖွဲ့ဝင်

 

( )

ဦးဌေးလွင်

နမ့်စန် မဲဆန္ဒနယ်

အဖွဲ့ဝင်

 

()

ဦးအောင်ကျော်ခင်

ကျောက်တန်း မဲဆန္ဒနယ်

အဖွဲ့ဝင်

 

( )

ဦးကျော်သီဟ (ခ) ကိုမင်းရာ

ပြင်ဦးလွင် မဲဆန္ဒနယ်

အဖွဲ့ဝင်

 

()

ဦးစောဘသိန်း

သထုံ မဲဆန္ဒနယ်

အဖွဲ့ဝင်

 

()

ဦးဖြိုးဇေယျာသော် (ခ)

ဦးဇေယျသော်

ပုဗ္ဗသီရိ မဲဆန္ဒနယ်

အဖွဲ့ဝင်

 

( )

ဦးမောင်ဦး

ဖောင်းပြင် မဲဆန္ဒနယ်

အဖွဲ့ဝင်

 

( )

ဦးစံလင်း

တောင်ကြီး မဲဆန္ဒနယ်

အဖွဲ့ဝင်

 

( )

ဦးမောင်မောင်တင်

ရေကြည် မဲဆန္ဒနယ်

အဖွဲ့ဝင်

 

( )

ဦးတင်မောင်ဝင်း

မင်္ဂလာဒုံ မဲဆန္ဒနယ်

အတွင်းရေးမှူး

ကော်မတီသက်တမ်း

၃။       ကော်မတီ၏ သက်တမ်းကို စတင်ဖွဲ့စည်းသည့်နေ့မှစ၍ တစ်နှစ် သတ်မှတ်သည်။

ကော်မတီတာဝန်

၄။       ကော်မတီသည် -

 

(က)

နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကူညီဆောင်ရွက်ပေးရမည်။

 

()

နိုင်ငံသားတိုင်း တန်းတူညီမျှမှု အခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးတို့ ခံစားခွင့် ရှိရေး ဆောင်ရွက်ပေးရမည်။

 

( ဂ)

သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျှက်ရှိသည့် ဥပဒေ များကိုလေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန် များတွေ့ရှိက လွှတ်တော်သို့ တင်ပြရမည်။

 

(ဃ)

သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များသည် တည်ဆဲဥပဒေများ နှင့်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်း လိုက်သည့် ဥပဒေများ နှင့်လည်းကောင်း ညီညွတ် ဆီလျော်အောင် ဆောင်ရွက်စေပြီး ညီညွတ် ဆီလျော်မှုရှိပါက လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့် ထိန်းညှိကူညီရမည်။ 

 

( င)

သက်ဆိုင်ရာ နယ်ပယ် အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြ အစီရင်ခံရမည်။

၅။       ကော်မတီသည် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတို့နှင့် ညှိနှိုင်းပြီး ဖြေကြားနိုင်သည့် တာဝန်ရှိ ပုဂ္ဂိုလ်များ အားလည်းကောင်း၊ လုပ်ငန်းနှင့် ဆက်စပ်သော အကြောင်းအရာများကို သိရှိ နားလည် သည်ဟု ယူဆသူများအားလည်းကောင်း ဖိတ်ကြား၍ မေးမြန်း ဆွေးနွေး နိုင်သည်။

၆။       ကော်မတီအစည်းအဝေးတွင် ကော်မတီဝင်တစ်ဦး ပြောဆိုသော သို့မဟုတ်ပြုလုပ်သော ကိစ္စကို သော်လည်းကောင်း၊ ကော်မတီတွင် ဆွေးနွေးသော ဆွေးနွေးချက်များကိုသော်လည်းကောင်း၊ ပြင်ပ သို့ပေါက်ကြားခြင်းမရှိစေရ။ ကော်မတီအစည်းအဝေးမှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးကို အသေး စိတ် မှတ်တမ်းတင်၍ ကော်မတီက အတည်ပြု ထားရမည်။ ယင်းအစည်းအဝေး မှတ်တမ်း များကိုဖြန့်ဝေ ခြင်းမပြုရ။ လွှတ်တော်သို့ ပေးပို့သော အစီရင် ခံစာမိတ္တူကို အစည်းအဝေး မှတ်တမ်းများ နှင့်အတူ ပူးတွဲ၍ အမှုတွဲအဖြစ် တပေါင်းတည်း ထိန်းသိမ်း ထားနိုင်ရန် လွှတ်တော်ရုံးသို့ ပေးပို့ရမည်။

ကော်မတီလုပ်ပိုင်ခွင့်

၇။       ကော်မတီအစည်းအဝေးများကို ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများပါ ပြဌာန်းချက် များနှင့်အညီ ကျင်းပရမည်။

၈။       ကော်မတီက အစီရင်ခံစာတင်ပြခြင်းနှင့် စပ်လျဉ်း၍ -

 

(က)

ကော်မတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးက သော်လည်းကောင်း၊ ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦးကသော်လည်းကောင်း ကော်မတီ၏အစီရင် ခံစာကို လွှတ်တော် သို့ တင်ပြရမည်၊

 

( ခ)

ယင်းသို့တင်ပြရာတွင် ကော်မတီဝင်များသည်လည်း အစီရင်ခံစာကို သဘောတူ ကြောင်း လက်မှတ် ရေးထိုးရမည်။ သို့ရာတွင် ခြွင်းချက် သို့မဟုတ် သဘော ကွဲလွဲ   ချက်များ ရှိပါက ထိုခြွင်းချက် သို့မဟုတ် သဘောကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ် ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲ ဖော်ပြ နိုင်သည်။

 

( ဂ)

အစီရင်ခံစာကို တင်ပြပြီးနောက် လွှတ်တော် ဥက္ကဋ္ဌက သတ်မှတ်သည့် နေ့တစ်နေ့တွင် ကော်မတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးကသော်လည်းကောင်း၊ ကော်မတီက တာဝန် ပေးအပ်သော ကော်မတီဝင် တစ်ဦးကသော်လည်းကောင်း ကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းရမည်။

 

()

အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ချက် များ ပြုလုပ်ခွင့်မရှိ။

 

( င)

အစီရင်ခံစာကိုဆွေးနွေးစဉ်းစားပြီးသောအခါ ကော်မတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး ကသော် လည်းကောင်း၊ ကော်မတီ က တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦး ကသော် လည်းကောင်း ကော်မတီ၏အစီရင်ခံစာကို လွှတ်တော် ကသဘောတူလက်ခံ ရန် အဆို တင်သွင်းရမည်။

၉။       ကော်မတီဝင်များသည် -

 

(က)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လွှတ်တော် ဆိုင်ရာဥပဒေ များပါ ပြဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုဆွေးနွေး ခွင့်နှင့် ဆန္ဒမဲ ပေးခွင့်ရှိသည်။

 

()

လွှတ်တော်ကော်မတီ အများဆုံး နှစ်ခုအထိသာ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။

 

( ဂ)

ကော်မတီဝင်အဖြစ်မှ နှုတ်ထွက်ခွင့်ပြုရန်အတွက် ခိုင်လုံသောအကျိုးအကြောင်း ဖော်ပြ လျက် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။

ကော်မတီအခွင့်အရေး

၁၀။     ကော်မတီဝင်များသည် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့်အားလျော်စွာ ကော်မတီ လုပ်ငန်း တာဝန်ကို ဆောင်ရွက်ရန်ဖြစ်စေ၊ ကော်မတီ အစည်းအဝေး တက်ရောက်ရန်ဖြစ်စေ၊ ကော်မတီ ရုံးစိုက်ရာ ဒေသတွင် ရောက်ရှိနေစဉ်၌ လည်းကောင်း၊ တာဝန်အရ ခရီးသွားလာရာ၌ လည်းကောင်း ယင်းတို့နှင့် သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့် ရှိသည့်အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။

၁၁။     ကော်မတီဝင်များသည် -

 

(က)

ကော်မတီအစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြားဥပဒေအရ အရေးယူခံရခြင်းမှကင်း လွတ်ခွင့်ရှိသည်။

 

( ခ)

ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း သက်ဆိုင်ရာအဖွဲ့အစည်း၏ အကြီးအမှူးမှ တစ်ဆင့် လွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက်မရရှိပါက ဖမ်းဆီးခံရ ခြင်းမှ ကင်းလွတ် ခွင့်ရှိသည်။

 

( ဂ)

ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်း မခံရမီ လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက် ဖြင့် ကော်မတီ အစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိသည်။