အမျိုးသား စီမံကိန်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးနှင့် အခွန်ကောက်ဆိုင်ရာ စိစစ်ညှိနှိုင်းရေး ကော်မတီ

၁။       ပြည်သူ့လွှတ်တော်သည် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် ပြည်သူ့လွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက်တို့အရ ဖွဲ့စည်းခဲ့သည့် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီကို  အောက်ပါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၅) ဦးဖြင့် ပြင်ဆင် ဖွဲ့စည်း လိုက်သည်-

၂။       ဤကော်မတီသည် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ဇ)အရ ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ဖြစ်သည်။

 

(က)

ဦးစိုးသာ

တွံတေး မဲဆန္ဒနယ်

ဥက္ကဋ္ဌ

 

( ခ)

ဦးကြည်တင့်

ဓနုဖြူ မဲဆန္ဒနယ်

အဖွဲ့ဝင်

 

( ဂ)

ဦးကျန်ထွန်း

ကနီ မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဃ)

ဦးမျိုးသန့်

ရေတာရှည် မဲဆန္ဒနယ်

အဖွဲ့ဝင်

 

( င)

ဦးကြည်ပြုံး

စဉ့်ကိုင် မဲဆန္ဒနယ်

အဖွဲ့ဝင်

 

( စ)

ဦးခွန်သိန်းဖေ

ဟိုပုန်း မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဆ)

ဦးအေးမောင်

ဘောလခဲ မဲဆန္ဒနယ်

အဖွဲ့ဝင်

 

( ဇ)

ဦးသန်းစိုး

သာစည် မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဈ)

ဦးမြင့်လွင်

ကျိုက်ထို မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ည)

ဒေါ်ခင်မွှေးလွင်

မင်းကင်း မဲဆန္ဒနယ်

အဖွဲ့ဝင်

 

( ဋ)

ဒေါ်ဖြူဖြူသင်း

မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်

အဖွဲ့ဝင်

 

( ဌ)

ဦးသန်းဝင်း

ကျိုက်လတ် မဲဆန္ဒနယ်

အဖွဲ့ဝင်

 

( ဍ)

ဦးဌေးမောင်

ဆော မဲဆန္ဒနယ်

အဖွဲ့ဝင်

 

( ဎ)

 

 

အဖွဲ့ဝင်

 

(ဏ)

ဦးအေးမောက်

မလှိုင် မဲဆန္ဒနယ်

အတွင်းရေးမှူး

ကော်မတီသက်တမ်း

၃။       ကော်မတီ၏သက်တမ်းကို စတင်ဖွဲ့စည်းသည့် နေ့မှစ၍ တစ်နှစ် သတ်မှတ်သည်။

ကော်မတီတာဝန်

၄။       ကော်မတီသည် -

 

(က)

စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေး အတွက် ကူညီဆောင်ရွက်ပေးရမည်။

 

( ခ )

သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျှက်ရှိသည့် ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန်များ တွေ့ရှိက လွှတ်တော်သို့ တင်ပြရမည်။

 

( ဂ )

သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှအခါအားလျော်စွာထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များသည် တည်ဆဲ ဥပဒေများနှင့်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်း လိုက်သည့် ဥပဒေများနှင့်လည်းကောင်း ညီညွတ်ဆီလျော်အောင် ဆောင်ရွက်စေပြီး ညီညွတ်ဆီလျော်မှု ရှိပါက လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့် ထိန်းညှိ ကူညီရမည်။

 

(ဃ)

သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့်ဆက်စပ်လျှက်ရှိသည့် တိုင်ကြား စာများ၊ အသနားခံစာများ၊ တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြအစီရင်ခံရမည်။

၅။       ကော်မတီသည် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတို့နှင့် ညှိနှိုင်းပြီး ဖြေကြားနိုင်သည့် တာဝန်ရှိ ပုဂ္ဂိုလ်များအားလည်းကောင်း၊ လုပ်ငန်းနှင့် ဆက်စပ်သော အကြောင်းအရာများကို သိရှိနားလည် သည်ဟု ယူဆသူများအားလည်းကောင်း ဖိတ်ကြား၍ မေးမြန်းဆွေးနွေးနိုင်သည်။

၆။       ကော်မတီအစည်းအဝေးတွင်ကော်မတီဝင်တစ်ဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကို သော်လည်းကောင်း၊ ကော်မတီတွင်ဆွေးနွေးသော ဆွေးနွေးချက်များကိုသော်လည်းကောင်း ပြင်ပသို့‌ ပေါက်ကြားခြင်းမရှိစေရ။ ကော်မတီအစည်းအဝေး မှတ်တမ်းတွင် ဆွေးနွေးချက် အားလုံးကို အသေးစိတ် မှတ်တမ်းတင်၍ ကော်မတီက အတည်ပြု ထားရမည်။ ယင်းအစည်းအဝေး မှတ်တမ်းများကို ဖြန့်ဝေခြင်း မပြုရ၊ လွှတ်တော်သို့ ပေးပို့သော အစီရင်ခံစာ မိတ္တူကို အစည်းအဝေး မှတ်တမ်းများနှင့်အတူ ပူးတွဲ၍အမှုတွဲအဖြစ် တပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် လွှတ်တော်ရုံးသို့ ပေးပို့ရမည်။

ကော်မတီလုပ်ပိုင်ခွင့်

၇။       ကော်မတီ အစည်းအဝေးများကို ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ကျင်းပရမည်။

၈။       ကော်မတီက အစီရင်ခံစာ တင်ပြခြင်းနှင့် စပ်လျဉ်း၍ -

 

(က)

ကော်မတီဥက္ကဋ္ဌ သို့မဟုတ် အတွင်း‌ရေးမှူးက သော်လည်းကောင်း၊ ကော်မတီ က တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦးက သော်လည်းကောင်း ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြရမည်။

 

( ခ)

ယင်းသို့တင်ပြရာတွင် ကော်မတီဝင်များသည်လည်း အစီရင်ခံစာကို သဘောတူကြောင်း လက်မှတ်ရေးထိုးရမည်။ သို့ရာတွင် ခြွင်းချက် သို့မဟုတ် သဘောကွဲလွဲချက်များရှိပါက ထိုခြွင်းချက် သို့မဟုတ် သဘောကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ်ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်။

 

( ဂ)

အစီရင်ခံစာကို တင်ပြပြီးနောက် လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်သည့်နေ့တွင် ကော်မတီ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးက သော်လည်းကောင်း၊ ကော်မတီ က တာဝန် ပေးအပ်သော ကော်မတီဝင်တစ်ဦးက သော်လည်းကောင်း အစီရင်ခံစာကို ဆွေးနှေး စဉ်းစားရန် အဆိုတင်သွင်းရမည်။

 

(ဃ)

အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ချက်များ ပြုလုပ်ခွင့် မရှိ။

 

( င)

အစီရင်ခံစာကို ဆွေးနွေး စဉ်းစားပြီးသောအခါ ကော်မတီ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးက သော်လည်းကောင်း၊ ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင် တစ်ဦးက သော်လည်းကောင်း အစီရင်ခံစာကို လွှတ်တော်က သဘောတူ လက်ခံရန် အဆို တင်သွင်းရမည်။

၉။       ကော်မတီဝင်များသည် -

 

(က)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေများပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆိုဆွေးနွေး ခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်။

 

( ခ)

လွှတ်တော်ကော်မတီအများဆုံး နှစ်ခုအထိသာ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။

 

( ဂ)

ကော်မတီဝင်အဖြစ်မှ နှုတ်ထွက်ခွင့်ပြုရန်အတွက် ခိုင်လုံသောအကျိုးအကြောင်း ဖော်ပြလျက် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။

ကော်မတီအခွင့်အရေး

၁၀။     ကော်မတီဝင်များသည် လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် အားလျော်စွာ ကော်မတီ လုပ်ငန်း တာဝန်ကို ဆောင်ရွက်ရန်ဖြစ်စေ၊ ကော်မတီ အစည်းအဝေး တက်ရောက်ရန်ဖြစ်စေ၊ ကော်မတီ ရုံးစိုက်ရာ ဒေသတွင် ရောက်ရှိနေစဉ်၌ လည်းကောင်း၊ တာဝန်အရ ခရီးသွားလာရာ၌ လည်းကောင်း၊ ယင်းတို့နှင့် သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့် ရှိသည့်အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။

၁၁။     ကော်မတီဝင်များသည် -

 

(က)

ကော်မတီအစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြားဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ရှိသည်။

 

( ခ)

ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း သက်ဆိုင်ရာ အဖွဲ့အစည်း၏ အကြီးအမှူးမှတစ်ဆင့် လွှတ်တော် ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက် မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။

 

( ဂ)

ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်း ခံရပါက ပြစ်ဒဏ်စီရင်ခြင်း မခံရမီ လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီ အစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိသည်။