ပညာရေး မြှင့်တင်မှု ကော်မတီ

၁။       ပြည်သူ့လွှတ်တော်သည် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေနှင့် ပြည်သူ့လွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက်တို့အရ ပညာရေး မြှင့်တင်မှု ကော်မတီကို အောက်ပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁၅) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်သည် -

၂။       ဤကော်မတီသည် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ဇ)အရ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းဖြစ်သည်။

 

(က)

ဒေါက်တာချမ်းငြိမ်း

ကန့်ဘလူ မဲဆန္ဒနယ်

ဥက္ကဋ္ဌ

 

(ခ)

ဦးထွန်းဆာ

တန့်ယန်း မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဂ)

ဦးကြည်မောင်

မြစ်သား မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဃ)

ဦးကျော်ညွှန့်

ကျွန်းလှ မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(င)

ဦးစဲကီကော်

မိုင်းခတ် မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(စ)

ဦးစောဂျိမ်း

အိမ်မဲ မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဆ)

ဦးမြင့်ရွှေ

ဝေါ မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဇ)

ဦးထွန်းမြင့်ဦး

မိုင်းပန် မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဈ)

ဦးကျော်မင်း

လက်ပံတန်း မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ည)

ဦးစိန်ထွန်း

ထန်းတပင် မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဋ)

ဦးကြင်သိန်း

ပဲခူး မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဌ)

ဦးခင်မောင်မြင့်

ပေါင် မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဍ)

ဦးမန်းဂျော်နီ

မြောင်းမြ မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဎ)

ဦးကျော်နိုင်ဌေး

အင်းတော် မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဏ)

ဒေါက်တာမြဦး

ငါန်းဇွန် မဲဆန္ဒနယ်

အတွင်းရေးမှူး

ကော်မတီသက်တမ်း

၃။       ကော်မတီ၏သက်တမ်းကို စတင်ဖွဲ့စည်းသည့်နေ့မှစ၍ တစ်နှစ် သတ်မှတ်သည်။

ကော်မတီတာဝန်

၄။ ကော်မတီသည် -

 

(က)

ပညာရေး မြှင့်တင်မှု ဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကူညီဆောင်ရွက် ပေးရမည်။

 

( ခ )

ပြည်သူတို့၏ ပညာရေး တိုးတက်စေရေးတွင် ကူညီဆောင်ရွက် ပေးရမည်၊

 

( ဂ )

ဘက်စုံအတွေးအခေါ်၊ အယူအဆမှန်ကန်၍ အကျင့်စာရိတ္တ ကောင်းမွန်ပြီး နိုင်ငံတော် တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ်ကို ဖော်ဆောင်ရေးတွင် ကူညီဆောင်ရွက် ပေးရမည်။

 

(ဃ)

ကော်မတီသည် သက်ဆိုင်ရာ နယ်ပယ်အသီးသီရှိ ဌာနအဖွဲ့အသည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန်များ တွေ့ရှိက လွှတ်တော်သို့ တင်ပြရမည်။

 

( င )

သက်ဆိုင်ရာဌာန အဖွဲ့အသည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများသည် တည်ဆဲဥပဒေများနှင့်လည်းကောင်း ညီညွတ်ဆီလျော်အောင် ဆောင်ရွက်စေပြီး ညီညွတ်ဆီလျော်မှု ရှိပါက လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့် ထိန်းညှိ ကူညီရမည်။

 

( စ )

သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော် ဥက္ကဋ္ဌမှ တစ်ဆင့် လွှတ်တော်သို့ တင်ပြ အစီရင်ခံရမည်။

၅။       ကော်မတီသည် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတို့နှင့် ညှိနှိုင်းပြီးဖြေကြားနိုင်သည့် တာဝန်ရှိပုဂ္ဂိုလ်များ အားလည်းကောင်း၊ လုပ်ငန်းနှင့်ဆက်စပ်သော အကြောင်းအရာများကို သိရှိ နားလည်သည် ဟုယူဆ သူများအား လည်းကောင်း ဖိတ်ကြား၍ မေးမြန်းဆွေးနွေးနိုင်သည်။

၆။       ကော်မတီအစည်းအဝေးတွင် ကော်မတီဝင် တစ်ဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကို သော်လည်းကောင်း၊ ကော်မတီတွင်ဆွေးနွေးသော ဆွေးနွေးချက်များကို သော်လည်းကောင်း၊ ပြင်ပသို့ ပေါက်ကြားခြင်း မရှိစေရ။ ကော်မတီ အစည်းအဝေး မှတ်တမ်းတွင် ဆွေးနွေးချက် အားလုံးကို အသေးစိတ် မှတ်တမ်းတင်၍ ကော်မတီက အတည်ပြု ထားရမည်။ ယင်းအစည်းအဝေး မှတ်တမ်းများကို ဖြန့်ဝေခြင်း မပြုရ။ လွှတ်တော်သို့ ပေးပို့သော အစီရင်ခံစာ မိတ္တူကို အစည်းအဝေး မှတ်တမ်းများနှင့်အတူ ပူးတွဲ၍ အမှုတွဲအဖြစ် တပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် လွှတ်တော်ရုံးသို့ ပေးပို့ရမည်။

ကော်မတီလုပ်ပိုင်ခွင့်

၇။       ကော်မတီ အစည်းအဝေးများကို ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ကျင်းပရမည်။

၈။ ကော်မတီက အစီရင်ခံစာ တင်ပြခြင်းနှင့်စပ်လျဉ်း၍ -

 

(က)

ကော်မတီ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး ကသော်လည်းကောင်း၊ ကော်မတီက တာဝန် ပေးအပ်သော ကော်မတီဝင် တစ်ဦးကသော်လည်းကောင်း ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြရမည်။

 

( ခ)

ယင်းသို့တင်ပြရာတွင် ကော်မတီဝင်များသည်လည်း အစီရင်ခံစာကို သဘော တူကြောင်း လက်မှတ်ရေးထိုးရမည်။ သို့ရာတွင် ခြွင်းချက် သို့မဟုတ် သဘော ကွဲလွဲချက်များ ရှိပါက ထိုခြွင်းချက် သို့မဟုတ် သဘော ကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ် ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်။

 

( ဂ)

အစီရင်ခံစာကို တင်ပြပြီးနောက် လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်သည့်နေ့တွင် ကော်မတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး ကသော်လည်းကောင်း၊ ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင် တစ်ဦးကသော်လည်းကောင်း အစီရင်ခံစာကို ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းရမည်။

 

(ဃ)

အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ချက်များ ပြုလုပ်ခွင့်မရှိ။

 

( င)

အစီရင်ခံစာကို ဆွေးနွေးစဉ်းစားပြီးသော အခါကော်မတီ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးက သော်လည်းကောင်း၊ ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင် တစ်ဦးကသော်လည်းကောင်း အစီရင်ခံစာကို လွှတ်တော်က သဘောတူ လက်ခံရန် အဆိုတင်သွင်းရမည်။

၉။ ကော်မတီဝင်များသည် -

 

(က)

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့ လွှတ်တော် ဆိုင်ရာဥပဒေများပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆို ဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့် ရှိသည်။

 

( ခ)

လွှတ်တော်ကော်မတီ အများဆုံး နှစ်ခုအထိသာ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။

 

( ဂ)

ကော်မတီဝင်အဖြစ်မှ နှုတ်ထွက် ခွင့်ပြုရန်အတွက် ခိုင်လုံသော အကျိုးအကြောင်း ဖော်ပြလျက် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။

ကော်မတီအခွင့်အရေး

၁ဝ။     ကော်မတီဝင်များသည် လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည့်အားလျော်စွာ ကော်မတီ လုပ်ငန်း အားလုံးကို ဆောင်ရွက်ရန်ဖြစ်စေ၊ ကော်မတီ အစည်းအဝေး တက်ရောက်ရန်ဖြစ်စေ၊ ကော်မတီ ရုံးစိုက်ရာ ဒေသတွင် ရောက်ရှိနေစဉ်၌ လည်းကောင်း၊ တာဝန်အရ ခရီးသွားလာရာ၌ လည်းကောင်း ယင်းတို့နှင့် သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့်ရှိသည့် အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။

၁၁။ ကော်မတီဝင်များသည် -

 

(က)

ကော်မတီ အစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဆိုင်ရာ ဥပဒေမှအပ အခြားဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ရှိသည်။

 

( ခ)

ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း သက်ဆိုင်ရာ အဖွဲ့အစည်း၏ အကြီးအမှူးမှတစ်ဆင့် လွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက် မရရှိပါက ဖမ်းဆီး ခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။

 

( ဂ)

ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်း ခံရပါက ပြစ်ဒဏ်စီရင်ခြင်း မခံရမီ လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီ အစည်းအဝေးများသို့ တက်ရောက်ခွင့် ရှိသည်။