|
၁။ ပြည်သူ့လွှတ်တော်သည် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေနှင့် ပြည်သူ့လွှတ်တော် အစည်း အဝေးဆုံးဖြတ်ချက်တို့အရ ဖွဲ့စည်းခဲ့သည့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီကို အောက်ပါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၁၅) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်သည်- |
||||
|
၂။ ဤကော်မတီသည် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ဇ)အရ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းဖြစ်သည်။ |
||||
|
|
(က) |
ဦးမောင်ဦး |
တပ်ကုန်း မဲဆန္ဒနယ် |
ဥက္ကဋ္ဌ |
|
|
(ခ) |
ဦးစိုင်းဝင်းခိုင် |
သိန္နီ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဂ) |
ဦးခင်မောင်ညွှန့် |
သိပတ်ကျင်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဃ) |
ဦးခင်မောင်ညို |
လွိုင်ကော် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(င) |
ဦးခင်မောင်လွင် |
စလင်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(စ) |
ဦးအောင်ထွန်းသာ |
မြောက်ဦး မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဆ) |
ဦးကျော်သန်း |
ဗန်းမောက် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဇ) |
ဒေါက်တာအောင်မိုးညို |
ပွင့်ဖြူ မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဈ) |
ဦးဇောင်းခေါင် |
ဆော့လော် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ည) |
ဦးယိန်းဘောမ် |
ဝိုင်းမော် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဋ) |
ဦးပုမ်ခန့်အင် |
တီးတိန် မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဌ) |
ဦးအိုက်ယွန်းမွန်း |
မက်မန်း မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဍ) |
ဗိုလ်မှူးချုပ်ဌေးနိုင် |
မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဎ) |
|
|
|
|
|
(ဏ) |
ဦးတင်မောင်ဦး |
ရွှေပြည်သာ မဲဆန္ဒနယ် |
အတွင်းရေးမှူး |
|
ကော်မတီသက်တမ်း |
||||
|
၃။ ကော်မတီ၏သက်တမ်းကို စတင်ဖွဲ့စည်းသည့်နေ့မှစ၍ တစ်နှစ် သတ်မှတ်သည်။ |
||||
|
ကော်မတီတာဝန် ၄။ ကော်မတီသည် - |
||||
|
|
(က) |
ကောင်းမွန်သော ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ကူညီဆောင်ရွက် ပေးရမည်။ |
||
|
|
( ခ ) |
သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန်များ တွေ့ရှိက လွှတ်တော်သို့ တင်ပြရမည်။ |
||
|
|
( ဂ ) |
သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များသည် တည်ဆဲဥပဒေများနှင့်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်း လိုက်သည့် ဥပဒေများနှင့် လည်းကောင်း ညီညွတ်ဆီလျော်အောင် ဆောင်ရွက်စေပြီး ညီညွတ် ဆီလျော်မှုရှိပါက လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့် ထိန်းညှိ ကူညီရမည်။ |
||
|
|
(ဃ) |
သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော် ဥက္ကဋ္ဌမှ တစ်ဆင့် လွှတ်တော်သို့ တင်ပြ အစီရင်ခံရမည်။ |
||
|
|
( င ) |
နိုင်ငံဝန်ထမ်းများ၏ လုပ်ငန်းခွင် အာမခံချက် ရရှိရေး၊ စားဝတ်နေမှု ဖူလုံရေး၊ အငြိမ်းစား ဝန်ထမ်းများ စားဝတ်နေမှု သက်သာချောင်ချိရေး ကူညီဆောင်ရွက် ပေးရမည်။ |
||
|
|
( စ ) |
ဘာသာ၊ သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို ကူညီဆောင်ရွက်ရမည်။ |
||
|
|
(ဆ) |
အမျိုးသား မှတ်ပုံတင်ရေးနှင့် လူဝင်မှု ကြီးကြပ်ရေး လုပ်ငန်းများကို ကြီးကြပ်ကူညီ ဆောင်ရွက် ရမည်။ |
||
|
၅။ ကော်မတီသည် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတို့နှင့် ညှိနှိုင်းပြီးဖြေကြားနိုင်သည့် တာဝန်ရှိ ပုဂ္ဂိုလ်များ အားလည်းကောင်း၊ လုပ်ငန်းနှင့် ဆက်စပ်သော အကြောင်းအရာများကို သိရှိနားလည် သည်ဟု ယူဆသူများအား လည်းကောင်း ဖိတ်ကြား၍ မေးမြန်းဆွေးနွေးနိုင်သည်။ |
||||
|
၆။ ကော်မတီ အစည်းအဝေးတွင် ကော်မတီဝင် တစ်ဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကိုသော်လည်းကောင်း၊ ကော်မတီတွင် ဆွေးနွေးသော ဆွေးနွေးချက်များကို သော်လည်းကောင်း၊ ပြင်ပသို့ ပေါက်ကြားခြင်း မရှိစေရ။ ကော်မတီ အစည်းအဝေး မှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးကို အသေးစိတ် မှတ်တမ်းတင်၍ ကော်မတီက အတည်ပြုထားရမည်။ ယင်းအစည်းအဝေး မှတ်တမ်းများကို ဖြန့်ဝေခြင်း မပြုရ။ လွှတ်တော်သို့ ပေးပို့သော အစီရင်ခံစာ မိတ္တူကို အစည်းအဝေး မှတ်တမ်းများ နှင့်အတူ ပူးတွဲ၍ အမှုတွဲအဖြစ် တပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် လွှတ်တော်ရုံးသို့ ပေးပို့ရမည်။ |
||||
|
ကော်မတီလုပ်ပိုင်ခွင့် |
||||
|
၇။ ကော်မတီ အစည်းအဝေးများကို ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများပါ ပြဋ္ဌာန်းချက် များနှင့်အညီ ကျင်းပရမည်။ |
||||
|
၈။ ကော်မတီက အစီရင်ခံစာ တင်ပြခြင်းနှင့်စပ်လျဉ်း၍ - |
||||
|
|
(က) |
ကော်မတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးက သော်လည်းကောင်း၊ ကော်မတီက တာဝန် ပေးအပ်သော ကော်မတီဝင် တစ်ဦးကသော်လည်းကောင်း ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြရမည်။ |
||
|
|
( ခ) |
ယင်းသို့တင်ပြရာတွင် ကော်မတီဝင်များသည်လည်း အစီရင်ခံစာကို သဘော တူကြောင်း လက်မှတ် ရေးထိုးရမည်။ သို့ရာတွင် ခြွင်းချက် သို့မဟုတ် သဘော ကွဲလွဲချက်များ ရှိပါက ထိုခြွင်းချက် သို့မဟုတ် သဘော ကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ် ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်။ |
||
|
|
( ဂ) |
အစီရင်ခံစာကို တင်ပြပြီးနောက် လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်သည့်နေ့တွင် ကော်မတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး ကသော်လည်းကောင်း၊ ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦးက သော်လည်းကောင်း အစီရင်ခံစာကို ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းရမည်။ |
||
|
|
(ဃ) |
အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်များက ပြင်ဆင်ချက်များ ပြုလုပ်ခွင့်မရှိ။ |
||
|
|
( င) |
အစီရင်ခံစာကို ဆွေးနွေးစဉ်းစားပြီးသောအခါ ကော်မတီ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးက သော်လည်းကောင်း၊ ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင် တစ်ဦးက သော်လည်းကောင်း အစီရင်ခံစာကို လွှတ်တော်က သဘောတူ လက်ခံရန် အဆိုတင်သွင်းရမည်။ |
||
|
၉။ ကော်မတီဝင်များသည် - |
||||
|
|
(က) |
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ လွှတ်တော်ဆိုင်ရာ ဥပဒေများပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆို ဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့် ရှိသည်။ |
||
|
|
( ခ) |
လွှတ်တော်ကော်မတီ အများဆုံး နှစ်ခုအထိသာ ပါဝင်ဆောင်ရွက်နိုင်ခွင့် ရှိသည်။ |
||
|
|
( ဂ) |
ကော်မတီဝင်အဖြစ်မှ နှုတ်ထွက် ခွင့်ပြုရန်အတွက် ခိုင်လုံသော အကျိုးအကြောင်း ဖော်ပြလျက် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့် ရှိသည်။ |
||
|
ကော်မတီအခွင့်အရေး |
||||
|
၁ဝ။ ကော်မတီဝင်များသည် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့်အားလျော်စွာ ကော်မတီ လုပ်ငန်း အားလုံးကို ဆောင်ရွက်ရန်ဖြစ်စေ၊ ကော်မတီအစည်းအဝေး တက်ရောက်ရန်ဖြစ်စေ၊ ကော်မတီရုံးစိုက်ရာ ဒေသတွင် ရောက်ရှိနေစဉ်၌ လည်းကောင်း၊ တာဝန်အရ ခရီးသွားလာရာ၌ လည်းကောင်း ယင်းတို့နှင့် သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့်ရှိသည့် အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။ |
||||
|
၁၁။ ကော်မတီဝင်များသည် - |
||||
|
|
(က) |
ကော်မတီ အစည်းအဝေးများတွင် တင်ပြ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဆိုင်ရာ ဥပဒေမှအပ အခြားဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ရှိသည်။ |
||
|
|
( ခ) |
ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း သက်ဆိုင်ရာ အဖွဲ့အစည်း၏ အကြီးအမှူးမှတစ်ဆင့် လွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက် မရရှိပါက ဖမ်းဆီး ခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။ |
||
|
|
( ဂ) |
ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်း ခံရပါက ပြစ်ဒဏ်စီရင်ခြင်း မခံရမီ လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီ အစည်းအဝေးများသို့ တက်ရောက်ခွင့် ရှိသည်။ |
||
