လူမှုဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ

၁။       ပြည်သူ့လွှတ်တော်သည် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် ပြည်သူ့လွှတ်တော် အစည်းအ‌ဝေး ဆုံးဖြတ်ချက်တို့အရ လူမှုဖွံ့ဖြိုး တိုးတက်ရေး ကော်မတီကို အောက်ပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁၅) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်သည်-

၂။       ဤကော်မတီသည် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ဇ)အရ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဖြစ်သည်။

 

(က)

ဦးမောင်မောင်ဆွေ

နမ့်စန်မဲဆန္ဒနယ်

ဥက္ကဋ္ဌ

 

(ခ)

ဒေါက်တာဒေါ်အေးမြင့်

ရွှေတောင်မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဂ)

ဒေါ်လဲ့လဲ့ဝင်းဆွေ

တာမွေမဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဃ)

ဒေါ်ခင်သန်းမြင့်

ငပုတောမဲဆန္ဒနယ်

အဖွဲ့ဝင်

 

(င)

ဒေါ်ဇာတလဲမ်း

ထန်တလန်မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(စ)

ဒေါက်တာတင်မောင်ကြိုင်

ကြံခင်းမဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဆ)

ဦးစိုင်းမြင့်အေး

လားရှိုးမဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဇ)

ဦးဉာဏ်ဝင်း

လှိုင်သာယာမဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဈ)

ဦးအောင်ဇင်

ပုဇွန်တောင်မဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ည)

ဦးကျော်မြင့်

နောင်ချိုမဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဋ)

ဦးဇုန်းတိန့်

ချီဖွေမဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဌ)

ဒေါ်နန်းစေအွာ

ဘားအံမဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဍ)

ဦးဝင်းကြည်

ပင်းတယမဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဎ)

ဒေါက်တာဒေါ်မေဝင်းမြင့်

မရမ်းကုန်းမဲဆန္ဒနယ်

အဖွဲ့ဝင်

 

(ဏ)

ဦးမြင့်သူ (ဒဂုံအရှေ့)

ဒဂုံမြို့သစ် (အရှေ့ပိုင်း)

အတွင်းရေးမှူး

ကော်မတီသက်တမ်း

၃။       ကော်မတီ၏ သက်တမ်းကို စတင် ဖွဲ့စည်းသည့် နေ့မှစ၍ တစ်နှစ် သတ်မှတ်သည်။

ကော်မတီတာဝန်

၄။       ကော်မတီသည်-

 

(က)

အမျိုးသမီးများနှင့် ကလေးသူငယ်များ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်မှု ရရှိရေးအတွက် ကူညီဆောင်ရွက် ပေးရမည်။

 

(ခ)

အမျိုးသမီးများ လူကုန်ကူးခံရခြင်း၊ အရွယ် မရောက်သေးသူ ကလေးသူငယ်များ အလုပ်ခိုင်းစေခြင်း ကာကွယ် စောင့်ရှောက်သည့် ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက် နိုင်ရေး ထိန်းညှိကူညီနိုင်ရေး လွှတ်တော်ဥက္ကဋ္ဌ မှတစ်ဆင့် လွှတ်တော်သို့ တင်ပြအစီ ရင်ခံရမည်။

 

(ဂ)

သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျှက်ရှိသည့် ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန်များ တွေ့ရှိက လွှတ်တော်သို့တင်ပြရမည်။

 

(ဃ)

သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များသည် တည်ဆဲဥပဒေများနှင့် လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်း လိုက်သည့် ဥပဒေများနှင့်လည်းကောင်း ညီညွတ်ဆီလျော်အောင် ဆောင်ရွက်စေပြီး ညီညွတ် ဆီလျော်မှု ရှိပါက လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့်ထိန်းညှိ ကူညီရမည်။

 

(င)

သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့် ဆက်စပ်လျှက်ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော် ဥက္ကဋ္ဌမှ တစ်ဆင့် လွှတ်တော်သို့ တင်ပြအစီရင်ခံရမည်။

၅။       ကော်မတီသည် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတို့နှင့် ညှိနှိုင်းပြီး ဖြေကြားနိုင်သည့် တာဝန်ရှိ ပုဂ္ဂိုလ်များအား လည်းကောင်း၊ လုပ်ငန်းနှင့်ဆက်စပ်သော အကြောင်းအရာများကို သိရှိနားလည် သည်ဟု ယူဆသူများအား လည်းကောင်း ဖိတ်ကြား၍ မေးမြန်းဆွေးနွေးနိုင်သည်။

၆။       ကော်မတီ အစည်းအဝေးတွင် ကော်မတီဝင် တစ်ဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကို သော်လည်းကောင်း၊ ကော်မတီတွင် ဆွေးနွေးသော ဆွေးနွေးချက်များကို သော်လည်းကောင်း ပြင်ပသို့ ပေါက်ကြားခြင်း မရှိစေရ။ ကော်မတီ အစည်းအဝေး မှတ်တမ်းတွင် ဆွေးနွေးချက် အားလုံးကို အသေးစိတ် မှတ်တမ်းတင်၍ ကော်မတီက အတည်ပြုထားရမည်။ ယင်းအစည်းအဝေး မှတ်တမ်း များကို ဖြန့်ဝေခြင်း မပြုရ၊ လွှတ်တော်သို့ ပေးပို့သော အစီရင်ခံစာ မိတ္တူကို အစည်းအဝေး မှတ်တမ်း များနှင့် အတူပူးတွဲ၍ အမှုတွဲအဖြစ် တစ်ပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် လွှတ်တော်ရုံးသို့ ပေးပို့ရမည်။

ကော်မတီလုပ်ပိုင်ခွင့်

၇။       ကော်မတီ အစည်းအဝေးများကို ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ကျင်းပရမည်။

၈။       ကော်မတီက အစီရင်ခံစာ တင်ပြခြင်း နှင့်စပ်လျဉ်း၍ -

 

(က)

ကော်မတီ ဥက္ကဋ္ဌ သို့မဟုတ် အတွင်း‌ရေးမှူး ကသော်လည်းကောင်း၊ ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင် တစ်ဦးက သော်လည်းကောင်း ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ တင်ပြရမည်။

 

( ခ)

ယင်းသို့တင်ပြရာတွင် ကော်မတီဝင်များသည်လည်း အစီရင်ခံစာကို သဘော တူကြောင်း လက်မှတ် ရေးထိုးရမည်။ သို့ရာတွင် ခြွင်းချက်သို့မဟုတ် သဘော ကွဲလွဲချက်များရှိပါက ထိုခြွင်းချက် သို့မဟုတ် သဘော ကွဲလွဲချက်များကို ရေးသား ဖော်ပြ၍ လက်မှတ်ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲ ဖော်ပြနိုင်သည်။

 

( ဂ)

အစီရင်ခံစာကို တင်ပြပြီးနောက် လွှတ်တော် ဥက္ကဋ္ဌက သတ်မှတ်သည့်နေ့တွင် ကော်မတီ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးက သော်လည်းကောင်း၊ ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင် တစ်ဦးက သော်လည်းကောင်း အစီရင်ခံစာကို ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းရမည်။

 

(ဃ)

အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်များက ပြင်ဆင်ချက်များ ပြုလုပ်ခွင့်မရှိ။

 

( င)

အစီရင်ခံစာကို ဆွေးနွေး စဉ်းစားပြီးသောအခါ ကော်မတီ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးက သော်လည်းကောင်း၊ ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင် တစ်ဦးက သော်လည်းကောင်း အစီရင်ခံစာကို လွှတ်တော်က သဘောတူလက်ခံရန် အဆို တင်သွင်းရမည်။

၉။       ကော်မတီဝင်များသည် -

 

(က)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လွှတ်တော် ဆိုင်ရာဥပဒေများပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆို ဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့် ရှိသည်။

 

( ခ)

လွှတ်တော် ကော်မတီ အများဆုံး နှစ်ခုအထိသာ ပါဝင်ဆောင်ရွက်နိုင်ခွင့် ရှိသည်။

 

( ဂ)

ကော်မတီဝင်အဖြစ်မှ နှုတ်ထွက်ခွင့် ပြုရန်အတွက် ခိုင်လုံသော အကျိုးအကြောင်း ဖော်ပြလျက် လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။

ကော်မတီအခွင့်အရေး

၁၀။     ကော်မတီဝင်များသည် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည်‌့ အားလျော်စွာ ကော်မတီ လုပ်ငန်းအားလုံးကို  ဆောင်ရွက်ရန်ဖြစ်စေ၊ ကော်မတီ အစည်းအဝေး တက်ရောက်ရန်ဖြစ်စေ၊ ကော်မတီ ရုံးစိုက်ရာ ဒေသတွင် ရောက်ရှိနေစဉ်၌ လည်းကောင်း၊ တာဝန်အရ ခရီးသွားလာရာ၌ လည်းကောင်း ယင်းတို့နှင့် သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့် ရှိသည့်အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။

၁၁။     ကော်မတီဝင်များသည် -

 

(က)

ကော်မတီ အစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြားဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ရှိသည်။

 

( ခ)

ကော်မတီ အစည်းအဝေး တက်ရောက်နေစဉ်အတွင်း သက်ဆိုင်ရာ အဖွဲ့အစည်း၏ အကြီးအမှူး မှတစ်ဆင့် လွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက် မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့် ရှိသည်။

 

( ဂ)

ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်း ခံရပါက ပြစ်ဒဏ်စီရင်ခြင်း မခံရမီ လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီ အစည်းအဝေးများသို့ တက်ရောက်ခွင့် ရှိသည်။