|
၁။ ပြည်သူ့လွှတ်တော်သည် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေနှင် ပြည်သူ့လွှတ်တော် အစည်းအဝေး ဆုံးဖြတ်ချက်တို့အရ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီကို အောက်ပါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၅) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်သည်- |
||||
|
၂။ ဤကော်မတီသည် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ)အရ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဖြစ်သည်။ |
||||
|
|
(က) |
ဒေါ်အောင်ဆန်းစုကြည် |
ကော့မှူးမဲဆန္ဒနယ် |
ဥက္ကဋ္ဌ |
|
|
(ခ) |
ဒေါ်တင်တင်ရီ |
ကျွန်းစုမဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဂ) |
ဦးအောင်မြင့်သိန်း |
ပေါင်းတည်မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဃ) |
ဦးမင်းဆွေ |
ဒိုက်ဦးမဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(င) |
ဒေါ်ဒွဲဘူ |
အင်ဂျန်းယန်မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(စ) |
ဦးစိုင်းထွန်းစိန် |
မိုင်းပြင်းမဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဆ) |
ဦးခင်မောင်မြင့် |
ဇီးကုန်းမဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဇ) |
ဒေါမိယဉ်ချမ်း |
ကျိုက်မရောမဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဈ) |
ဒေါ်လဲ့လဲ့ဝင်းဆွေ |
တာမွေမဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ည) |
ဦးစိုးရယ် |
ဒီမောဆိုမဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဋ) |
ဒေါ်ခင်စောဝေ |
ရသေ့တောင်မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဌ) |
ဦးစိုင်းဘိုးအောင် |
မူဆယ်မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဍ) |
ဒေါက်တာဇော်မြင့်မောင် |
ကျောက်ပန်းတောင်းမဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဎ) |
ဦးမောင်ဦး |
ဖောင်းပြင်မဲဆန္ဒနယ် |
အဖွဲ့ဝင် |
|
|
(ဏ) |
ဦးဝင်းမြင့် |
ပုသိမ်မဲဆန္ဒနယ် |
အတွင်းရေးမှူး |
|
ကော်မတီသက်တမ်း |
||||
|
၃။ ကော်မတီ၏ သက်တမ်းသည် စတင်ဖွဲ့စည်းသည့် နေ့မှစ၍ တစ်နှစ်ဖြစ်သည်။ သို့ရာတွင် ကော်မတီ၏ လုပ်ငန်း တာဝန်ဆောင်ရွက်မှု အခြေအနေအရ တစ်နှစ် ပြည့်မြောက်သည့်အခါ လိုအပ်ပါက သက်တမ်း တိုးနိုင်သည်။ |
||||
|
ကော်မတီတာဝန် ၄။ ကော်မတီသည် - |
||||
|
|
(က) |
ပြည်သူ့ကိုယ်စားလှယ်များ၊ ပြည်သူ့အစိုးရ၊ တရားရေးအဖွဲ့အစည်းများ၊ ပြည်သူ့ ဝန်ထမ်းများ၊ သတင်းမီဒီယာနှင့် သက်ဆိုင်သူ အားလုံးတို့သည် တရားဥပဒေ နှင့်အညီ နေထိုင်ပြုမူ လိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် နှိုးဆော်ခြင်း၊ တိုက်တွန်းခြင်း၊ ထိန်းညှိကူညီခြင်း ပြုရမည်။ အရေးယူ ဆောင်ရွက်ရန် ရှိပါက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြရမည်။ |
||
|
|
( ခ ) |
တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေသော အကြောင်းကိစ္စများ ဖြစ်ပေါ်ရန်အကြောင်း ပေါ်ပေါက်ပါက၊ ပေါ်ပေါက်သည်ဟု ယူဆပါက သက်ဆိုင်ဆက်စပ်သည့် အဖွဲ့အစည်း များ ကို ကူညီစောင့်ကြည့် ထိန်းညှိပေးရမည်။ |
||
|
|
( ဂ ) |
တရားဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှုမှ တစ်ဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အောင်မြင် လာရေးအတွက် လေ့လာသုံးသပ်ဆောင်ရွက်ရမည်။ |
||
|
|
(ဃ) |
သက်ဆိုင်ရာ နယ်ပယ် အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန်များ တွေ့ရှိက လွှတ်တော်သို့ တင်ပြရမည်။ |
||
|
|
( င ) |
သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများမှ အခါအားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့် ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များသည် တည်ဆဲဥပဒေများနှင့် လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်း လိုက်သည့် ဥပဒေများနှင့်လည်းကောင်း ညီညွတ်ဆီလျော်အောင် ဆောင်ရွက်စေပြီး ညီညွတ်ဆီလျော်မှုရှိပါက လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့်ထိန်းညှိကူညီရမည်။ |
||
|
|
( စ ) |
သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့တင်ပြ အစီရင်ခံရမည်။ |
||
|
၅။ ကော်မတီသည် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတို့နှင့် ညှိနှိုင်းပြီးဖြေကြားနိုင်သည့် တာဝန်ရှိ ပုဂ္ဂိုလ်များ အားလည်းကောင်း၊ လုပ်ငန်းနှင့်ဆက်စပ်သော အကြောင်းအရာများကို သိရှိနားလည် သည်ဟု ယူဆသူများ အားလည်းကောင်း ဖိတ်ကြား၍ မေးမြန်းဆွေးနွေးနိုင်သည်။ |
||||
|
၆။ ကော်မတီ အစည်းအဝေးတွင် ကော်မတီဝင်တစ်ဦး ပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကို သော်လည်းကောင်း၊ ကော်မတီတွင် ဆွေးနွေးသော ဆွေးနွေးချက်များကိုသော်လည်းကောင်း၊ ပြင်ပသို့ ပေါက်ကြားခြင်း မရှိစေရ။ ကော်မတီ အစည်းအဝေး မှတ်တမ်းတွင် ဆွေးနွေးချက် အားလုံးကို အသေးစိတ် မှတ်တမ်းတင်၍ ကော်မတီက အတည်ပြု ထားရမည်။ ယင်းအစည်းအဝေး မှတ်တမ်းများ ကို ဖြန့်ဝေခြင်းမပြုရ။ လွှတ်တော်သို့ ပေးပို့သော အစီရင်ခံစာ မိတ္တူကို အစည်းအဝေး မှတ်တမ်းများ နှင့်အတူ ပူးတွဲ၍ အမှုတွဲအဖြစ် တပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် လွှတ်တော်ရုံးသို့ ပေးပို့ရမည်။ |
||||
|
ကော်မတီလုပ်ပိုင်ခွင့် ၇။ ကော်မတီအစည်းအဝေးများကို ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများပါ ပြဋ္ဌာန်းချက် များနှင့်အညီ ကျင်းပရမည်။ |
||||
|
၈။ ကော်မတီက အစီရင်ခံစာတင်ပြခြင်းနှင့်စပ်လျဉ်း၍ - |
||||
|
|
(က) |
ကော်မတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးကသော်လည်းကောင်း၊ ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦးကသော်လည်းကောင်း ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့တင်ပြရမည်။ |
||
|
|
( ခ) |
ယင်းသို့တင်ပြရာတွင် ကော်မတီဝင်များသည်လည်း အစီရင်ခံစာကို သဘော တူကြောင်း လက်မှတ်ရေးထိုးရမည်။ သို့ရာတွင် ခြွင်းချက် သို့မဟုတ် သဘောကွဲလွဲ ချက်များရှိပါက ထိုခြွင်းချက် သို့မဟုတ် သဘောကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ်ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်။ |
||
|
|
( ဂ) |
အစီရင်ခံစာကို တင်ပြပြီးနောက် လွှတ်တော် ဥက္ကဋ္ဌက သတ်မှတ်သည့် နေ့တစ်နေ့တွင် ကော်မတီ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး ကသော်လည်းကောင်း၊ ကော်မတီက တာဝန် ပေးအပ်သော ကော်မတီဝင် တစ်ဦးကသော်လည်းကောင်း ကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းရမည်။ |
||
|
|
(ဃ) |
အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်များက ပြင်ဆင်ချက်များ ပြုလုပ်ခွင့် မရှိ။ |
||
|
|
( င) |
အစီရင်ခံစာကို ဆွေးနွေးစဉ်းစားပြီးသောအခါ ကော်မတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး ကသော်လည်းကောင်း၊ ကော်မတီက တာဝန်ပေးအပ်သော ကော်မတီဝင်တစ်ဦး ကသော်လည်းကောင်း ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်က သဘောတူလက်ခံရန် အဆို တင်သွင်းရမည်။ |
||
|
၉။ ကော်မတီဝင်များသည် - |
||||
|
|
(က) |
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေများပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆို ဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့် ရှိသည်။ |
||
|
|
( ခ) |
လွှတ်တော် ကော်မတီ အများဆုံး နှစ်ခုအထိသာ ပါဝင်ဆောင်ရွက်နိုင်ခွင့် ရှိသည်။ |
||
|
|
( ဂ) |
ကော်မတီဝင်အဖြစ်မှ နုတ်ထွက် ခွင့်ပြုရန်အတွက် ခိုင်လုံသော အကျိုးအကြောင်း ဖော်ပြလျက် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့် ရှိသည်။ |
||
|
ကော်မတီအခွင့်အရေး |
||||
|
၁၀။ ကော်မတီဝင်များသည် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့်အားလျော်စွာ ကော်မတီလုပ်ငန်း တာဝန်ကို ဆောင်ရွက်ရန်ဖြစ်စေ၊ ကော်မတီ အစည်းအဝေး တက်ရောက်ရန် ဖြစ်စေ၊ ကော်မတီရုံးစိုက်ရာ ဒေသတွင် ရောက်ရှိနေစဉ်၌ လည်းကောင်း တာဝန်အရခရီးသွားရာ၌ လည်းကောင်း ယင်းတို့နှင့် သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့်ရှိသည့်အပြင် လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့် များကိုလည်း ခံစားခွင့်ရှိသည်။ |
||||
|
၁၁။ ကော်မတီဝင်များသည် - |
||||
|
|
(က) |
ကော်မတီ အစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များ နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြားဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ရှိသည်။ |
||
|
|
( ခ) |
ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း သက်ဆိုင်ရာ အဖွဲ့အစည်း၏ အကြီးအမှူး မှတဆင့် လွှတ်တော် ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက် မရရှိပါက ဖမ်းဆီးခံ ရခြင်းမှ ကင်းလွတ်ခွင့် ရှိသည်။ |
||
|
|
( ဂ) |
ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခံရခြင်း ခံရပါက ပြစ်ဒဏ်စီရင်ခြင်း မခံရမီ လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီ အစည်းအဝေးများသို့ တက်ရောက်ခွင့် ရှိသည်။ |
||
