လွှတ်တော်ရုံး အသီးသီး၏ ပဉ္စမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခြင်း အခမ်းအနား ကျင်းပ

လွှတ်တော်ရုံး အသီးသီး၏ ပဉ္စမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားကို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင် ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ ဈေးကုန်း ကျောင်းတိုက်ကြီး၏ ပဓာနနာယက၊ နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတ၊ ဘဒ္ဒန္တကဝိသာရ ဆရာတော်ကြီး အမှူးပြုသော သံဃာတော် အရှင်မြတ်တို့ ကြွရောက်ကြသည်။

ဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည် ကြသည်။

ယင်းနောက် ဆရာတော်၊ သံဃာတော် အရှင်မြတ်များထံ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ရုံး အသီးသီးမှ တာဝန် ရှိသူများက လှူဖွယ် ဝတ္ထုများ ဆက်ကပ် လှူဒါန်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင်‌့၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် လွှတ်တော်ရုံးများမှ ဝန်ထမ်း မိသားစုများ တက်ရောက်ခဲ့ကြသည်။ 

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၈ ရက်

 

 

 

Standard (Image)