(ဆ)-ဂွမြို့နယ်၊ တောင်ပေါက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ တိုင်ကြားခံကျောင်းအုပ်ကြီး အား ပညာရေးဌာနမှ မြို့နယ်နှင့် ခရိုင်အဆင့်တာဝန်ရှိသူများက လာရောက်စစ်ဆေးမေးမြန်းခဲ့ပြီး မည်ကဲ့သို့ အရေးယူထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိမေးလိုသည့်မေးခွန်းမှာ တိုင်ကြားစာအပေါ် မည်ကဲ့သို့အရေးယူထားကြောင်း သိလို၍ မေးမြန်း ခြင်းဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ တောင်ပေါက်ရွာ အခြေခံပညာ အထက်တန်းကျောင်း မှ ကျောင်းအုပ်ဆရာကြီးသည် နိုင်ငံတော်မှပေးအပ်သော ပညာသင်ထောက်ပံ့ကြေးငွေကို တစ်နှစ် လျှင်နှစ်ကြိမ်ခွဲ၍ ပေးအပ်ခဲ့ရာ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ ၄၈ ဦး အတွက် တစ်နှစ်စာနှစ်ကြိမ်အတွက် ၁၉၂၀၀၀ ကျပ်ကိုလည်းကောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် အတွက် ကျောင်းသား၊ ကျောင်းသူ ၅၁ ဦးအတွက် တစ်နှစ်စာ နှစ်ကြိမ်အတွက် ၂၀၄၀၀၀ ကျပ်ကို လည်းကောင်း၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူ ၄၄ ဦးအတွက် ပထမ အကြိမ် ၈၈၀၀၀ ကျပ်ကိုလည်းကောင်း၊ သုံးနှစ်အတွက် ငါးကြိမ်ပေးအပ်ခဲ့ပြီးဖြစ်ရာ စုစုပေါင်းငွေ ၄၈၄၀၀၀ ကျပ်ကိုလည်းကောင်း ဖြတ်ယူထားခဲ့ကြောင်း ဒေသခံဆရာ၊ ဆရာမ (၄)ဦးမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် တိုင်ကြားခဲ့ပါကြောင်း၊ ၎င်းတိုင်ကြားစာအရ နှစ်ပတ်အတွင်းတွင် တိုင်ကြားသူ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ မိဘများနှင့် တိုင်ကြားခံ ကျောင်းအုပ်ဆရာကြီးကို ပညာရေးဌာန၊ မြို့နယ်နှင့် ခရိုင်အဆင့် တာဝန်ရှိသူများမှ လာရောက် စစ်ဆေးမေးမြန်းခဲ့သော်လည်း ယခုအချိန်အထိ အရေးယူဆောင်ရွက်ထားသည်ကို မသိရှိရပါသဖြင့် မည်ကဲ့သို့ အရေးယူဆောင် ရွက်ထားကြောင်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ တောင်ပေါက်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်း အုပ်ကြီး ဦးမောင်မောင်လွင်ကို ကိုယ်စားလှယ်တော်ကြီးတင်ပြသည့်အတိုင်း ပညာသင်ထောက်ပံ့ ကြေး စုစုပေါင်း ၄၈၄၀၀၀ ကျပ် အလွဲသုံးစားပြုထားကြောင်း ဆရာမ(၄)ဦးက တိုင်ကြားခြင်းနှင့် စပ်လျဉ်းပြီး အခြေခံပညာဦးစီးဌာနအနေဖြင့် ထိုလမှာတင် ၂၆-၉-၂၀၁၉ ရက်စွဲပါစာအမှတ်၊ ဌာနခွဲ (၁)ခ ၃၇၂၇၃(စီမံ) တစ/၁၉ ဖြင့် ရှေးဦးစုံစမ်းမှုပြုစေရန် ရခိုင်ပြည်နယ် ပညာရေးမှူးရုံးသို့ ညွှန် ကြားပြီးဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် ပညာရေးမှူးမှ ရှေးဦးစုံစမ်းရေးအဖွဲ့ကို သံတွဲခရိုင် ပညာရေး မှူး ဒေါ်စန္ဒီဦးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင်သုံးဦးဖြင့် စစ်ဆေးခဲ့ပါကြောင်း၊ ဒီစစ်ဆေး ချက် အစီရင်ခံစာကို ၃၀-၁-၂၀၂၀ ရက်နေ့မှာ အခြေခံပညာဦးစီးဌာနသို့ တင်ပြခဲ့ပါကြောင်း၊ အခြေ ခံပညာ ဦးစီးဌာနရုံးချုပ်မှ ညွှန်ကြားရေးမှူး(ဘဏ္ဍာ) ဦးသန်းစိုးအောင်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေး ပြီး အဖွဲ့ဝင်သုံးဦးပါဝင်သည့် ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ဖြင့် ဌာနဆိုင်ရာစစ်ဆေး အရေးယူလျက် ရှိပါကြောင်းနှင့် စစ်ဆေးပြီးစီးပါက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
