ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့်၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များသည် MATA (Myanmar Alliance for Transparency and Accountability Ayarwaddy) အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့်၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များသည် MATA (Myanmar Alliance for Transparency and Accountability Ayarwaddy) အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီအချိန်တွင် လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-6) အောက်ထပ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ၂၀၁၂ လယ်ယာမြေဥပဒေနှင့် ၂၀၁၃ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေး၊ အကျိုးစီးပွား မြှင့်တင်ရေးဥပဒေများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ တောင်သူလယ်သများ၏ တွေ့ကြုံနေရသော အခက်အခဲများ၊ လိုအပ်နေသော စိုက်ပျိုးရေးနည်းပညာများနှင့် ပတ်သက်သည့် ကိစ္စရပ်များအား အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၅ ရက်

 

Standard (Image)